ပရိသတ်ကြီးရေ.. သရုပ်ဆောင်အကယ်ဒမီ မင်းမော်ကွန်းကတော့ ဖေဖော်ဝါရီလ ကတည်းက ယနေ့အချိန်ထိ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေ အင်တိုက်အားတိုက် ပြုလုပ်ဆောင်ရွက်နေတာကို တော်တော်များများတွေ့မြင်ကြမှာပါ..။ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ ကျောင်းသားပြည်သူတွေအပြင် အနုပညာရှင်တွေ များစွာကလည်း အားကြိုးမာန်တက်ပါဝင်နေကြတာဖြစ်ပြီး အချင်းချင်းဖေးမကူညီမှုတွေနဲ့ လှူဒါန်းမှုတွေကိုလည်း အဆက်မပြတ်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်..။ အခုလိုအချိန်မှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ အဖက်ဖက် ကနေ ပေးဆပ်သွားကြသူတွေအပြင် ပေးဆပ်နေကြဆဲဖြစ်တဲ့ သူရဲကောင်းတွေ အတွက် တတ်နိုင်သလောက် ဝိုင်းဝန်းပြီး ပြန်လည်ဂုဏ်ပြုစေဖို့အတွက် မင်းမော်ကွန်းက တိုက်တွန်းလိုက်ပြန်ပါတယ်..။
အသက်ပေးကျဆုံးသွားကြတဲ့သူရဲကောင်းတွေရဲ့ မိသားစုတွေအပြင် မီးရထား ဝန်ထမ်းတွေနဲ့ အခြားပြည်သူ့ဝန်ထမ်းတွေကို အမြဲတမ်းသတိတရနဲ့ အမြဲအမှတ်တရရှိနေစေဖို့ကို အလှူငွေတွေ မတည်လှူဒါန်းကြဖို့ တိုက်တွန်းထားတာပါ..။ “မီးရထားဝန်ထမ်းများနှင့် ကျန်သော CDM သူရဲကောင်း များကို အမြဲတမ်းသတိတရရှိနေဖို့ တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံခဲ့သော အာဇာနည်များ ရဲ့မိသားစုများကို အမြဲအမှတ်တရရှိနေဖို့
အမြဲတမ်းအတွက် အလှူငွေ ပဒေသာပင်များ မတည်ဆောင်ရွက်ပေးကြဖို့ တစ်နိုင်ငံလုံး အား တိုက်တွန်းလိုက်ရပါသည်..” ဆိုပြီး ရေးသားတိုက်တွန်းထားတာဖြစ်ပါတယ်..။ အခြားပနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း အခြေအနေတွေ အေးချမ်းတည်ငြိမ်သွားရင် စတင်လုပ်ဆောင်ကြမယ့်အကြောင်းလေးတွေကို Comment လေးတွေမှာ ပြန်လည်ရေးသားပြောပြထားကြတာ တွေ့ရပါတယ်..။
Credit – Kyaw Kyaw Htay Lwin’s Fb Acc
zawgyi
ပရိသတ္ႀကီးေရ.. သ႐ုပ္ေဆာင္အကယ္ဒမီ မင္းေမာ္ကြန္းကေတာ့ ေဖေဖာ္ဝါရီလ ကတည္းက ယေန႔အခ်ိန္ထိ ျပည္သူေတြနဲ႔အတူ လူထုလႈပ္ရွားမႈေတြ အင္တိုက္အားတိုက္ ျပဳလုပ္ေဆာင္႐ြက္ေနတာကို ေတာ္ေတာ္မ်ားမ်ားေတြ႕ျမင္ၾကမွာပါ..။ လမ္းေပၚထြက္ လႈပ္ရွားမႈေတြမွာ ေက်ာင္းသားျပည္သူေတြအျပင္ အႏုပညာရွင္ေတြ မ်ားစြာကလည္း အားႀကိဳးမာန္တက္ပါဝင္ေနၾကတာျဖစ္ၿပီး အခ်င္းခ်င္းေဖးမကူညီမႈေတြနဲ႔ လႉဒါန္းမႈေတြကိုလည္း အဆက္မျပတ္လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္..။ အခုလိုအခ်ိန္မွာ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ၿပီး ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ အဖက္ဖက္ ကေန ေပးဆပ္သြားၾကသူေတြအျပင္ ေပးဆပ္ေနၾကဆဲျဖစ္တဲ့ သူရဲေကာင္းေတြ အတြက္ တတ္ႏိုင္သေလာက္ ဝိုင္းဝန္းၿပီး ျပန္လည္ဂုဏ္ျပဳေစဖို႔အတြက္ မင္းေမာ္ကြန္းက တိုက္တြန္းလိုက္ျပန္ပါတယ္..။
အသက္ေပးက်ဆုံးသြားၾကတဲ့သူရဲေကာင္းေတြရဲ႕ မိသားစုေတြအျပင္ မီးရထား ဝန္ထမ္းေတြနဲ႔ အျခားျပည္သူ႔ဝန္ထမ္းေတြကို အၿမဲတမ္းသတိတရနဲ႔ အၿမဲအမွတ္တရရွိေနေစဖို႔ကို အလႉေငြေတြ မတည္လႉဒါန္းၾကဖို႔ တိုက္တြန္းထားတာပါ..။ “မီးရထားဝန္ထမ္းမ်ားႏွင့္ က်န္ေသာ CDM သူရဲေကာင္း မ်ားကို အၿမဲတမ္းသတိတရရွိေနဖို႔ တိုင္းျပည္အတြက္စြန္႔လႊတ္အနစ္နာခံခဲ့ေသာ အာဇာနည္မ်ား ရဲ႕မိသားစုမ်ားကို အၿမဲအမွတ္တရရွိေနဖို႔
အၿမဲတမ္းအတြက္ အလႉေငြ ပေဒသာပင္မ်ား မတည္ေဆာင္႐ြက္ေပးၾကဖို႔ တစ္ႏိုင္ငံလုံး အား တိုက္တြန္းလိုက္ရပါသည္..” ဆိုၿပီး ေရးသားတိုက္တြန္းထားတာျဖစ္ပါတယ္..။ အျခားပႏုပညာရွင္မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ပရိသတ္ေတြကလည္း အေျခအေနေတြ ေအးခ်မ္းတည္ၿငိမ္သြားရင္ စတင္လုပ္ေဆာင္ၾကမယ့္အေၾကာင္းေလးေတြကို Comment ေလးေတြမွာ ျပန္လည္ေရးသားေျပာျပထားၾကတာ ေတြ႕ရပါတယ္..။
Credit – Kyaw Kyaw Htay Lwin’s Fb Acc