စူပါမွန်း ဖြစ်မည့် ကဆုန် လပြည့် နဲ့ သတိထား ရ မယ့် ဆိုင် ကလုံး မုန်တိုင်း

Posted on

လာမည့် ၂၀၂၁ မေလ ၂၅ ရက်နေ့ဟာ ကဆုန်လပြည့်အချိန် အခါသမယဖြစ်သလို စူပါမွန်းဖြစ်မည့် အချိန့်နှင့် လည်း တိုက်ဆိုင်လို့နေ ပါတယ်

“ကဆုန်” ကို ပုဂံခေတ်မှာ “ကုဆုန်” ၊ “ခုဆုန်” စသည်ဖြင့် ရေးသား ကြပါတယ်။ “ကု” ဆိုတာ ရေကို ခေါ်ပါတယ်“ဆုန်” ဆိုတာကတော့ သွန်း လောင်းခြင်း၊ စီးဆင်းစေခြင်း လို့ အဓိပ္ပာယ်ရပါတယ်။အဲ့ဒါကြောင့် ကဆုန်ရဲ့ အဓိပ္ပာယ်ဟာ “ရေသွန်းလောင်းခြင်း” လို့ ဆိုနိုင်ပါတယ် ။ ပုဂံခေတ်ဦး ယဉ်ကျေးမှု မှာတော့ ပူပြင်းတဲ့ကဆုန်လမှာ သစ်ပင်ပန်းမန်များကို ရေသွန်းလောင်းခဲ့ကြပါတယ်။

ရှင်အရဟံ သာသနာပြုပြီးသည့်နောက် မှာတော့ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားတဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသော ဓ လေ့ ဖြစ်လာခဲ့ပါတယ်။ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဘုရားအဖြစ် သိူ့ရောက်ရှိခြင်း နဲ့ ပရိ နိဗ္ဗာန်ပြုခြင်း အစရှိသော နေ့ရက်များနဲ့ တိုက်ဆိုင် လို့နေပါတယ်။

အနောက်တိုင်းနက္ခတ်မှာတော့ ဒီလမင်းကြီးကို ပန်းမြိုင်လယ်က လမင်းကြီး (Full Flower Moon) လို့ ခေါ်ဆိုကြပါတယ်။နွေဦးပန်းတွေ ဝေ ဝေဆာဆာ ပွင့်ဖူးချိန်မှာ တွေ့ရတဲ့ လမင်းကြီးလို့ ဆိုပါတယ်။ဒီနှစ် လပြည့်ချိန်ဟာ လ ရဲ့ ပတ်လမ်းမှာ ကမ္ဘာနဲ့ အနီးဆုံး နေရာသို့ ရောက် ရှိ နေချိန် (Perigee ) နှင့်လည်း တိုက်ဆိုင် လို့နေပါတယ်။

အဲ့ဒါကြောင့် ပုံမှန်မြင်တွေ့နေကျ အရွယ်အစားထက် အနည်းငယ်ပိုကြီးသော လ ကို စူပါမွန်းလအဖြစ် ကျနော်တို့ မြင်တွေ့ကြရမှာဖြစ်ပါတ လ မင်း တည်ရှိနေမည့် ကြယ်စုဟာ Scorpius လို့ခေါ်တဲ့ ဗြိစ္ဆာရာသီ ကြယ်စုများပဲဖြစ်ပါတယ်။

လ ပြည့်ညမှာ လ နှင့် ကမ္ဘာအကွာအဝေးဟာ မိုင်ပေါင်း ၂၂၂၀၀၀ မိုင်ခန့် ရှိနေမှာ ဖြစ်ပါတယ်။လဟာ ညနေ ၅:၂၀ လောက်မှာ အရှေ့အ ရပ် မှ စတင်ပေါ်ထွက်လာမှာဖြစ်ပြီး နောက်တနေ့ နံနက် ၅:၃၀ လောက်မှာ အနောက်အရပ်သို့ ပြန်ဝင်မှာဖြစ်ပါတယ်။မေလ ၂၆ ရက်နေ့ ည ဦး ပိုင်းမှာတော့ လအပြည့်ကြတ်ခြင်းဖြစ်စဉ်ကို ကျနော်တို့ မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။

စူပါမွန်းလပြည့် နဲ့ ရာစ် (Yaas) ဆိုင်ကလုံး မုန်တိုင်းမှ မိုးရွာသွန်းခြင်းများကြောင့် ကမ်းရိုးတန်း နှင့် မြစ်ဝကျွန်းပေါ် ဒေသများမှာဒီရေအ တက်- အကျ ကရုပြုသင့်ပါတယ်။

Credit – သန့်ဦး (အာကာသနှင့် စကြဝဠာ)

Leave a Reply

Your email address will not be published. Required fields are marked *