သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ရဲ့ သမီးချောလေး ပေါ်ရှာကတော့ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်ပဲ ဖြစ်ပြီး မိခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သူမဟာ နိုင်ငံခြားသူလေးတစ်ယောက်လို ထူးခြားတဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင် ထားတာလည်း ဖြစ်ပါတယ်။ လူငယ်ဆန်ဆန် ဖက်ရှင်လေးတွေကို ရွေးချယ် ဝတ်ဆင်တတ်တာကြောင့်လည်း ယောကျာ်းလေး ပရိသတ်တွေသာမကဘဲ မိန်းကလေးပရိသတ်များကပါ ချစ်ခင် အားပေးနေကြတာပဲ ဖြစ်ပါတယ်။
ပေါ်ရှာဟာ ပညာရေးဘက်မှာလည်း ပြောစရာမလိုအောင်ကို ထူးချွန် လွန်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မိဘတွေရဲ့ သွန်သင်ဆုံးမမှုတွေကြောင့် ဘုရားစာတွေလည်း အလွတ်ရွတ်ဖတ်ပူဇော်တတ်ပြီး အဓိဌာန်တွေလည်း ဝင်လေ့ရှိသူ တစ်ယောက်ပါ။ ပေါ်ရှာတစ်ယောက် လတ်တလော ကျောင်းတွေ ပိတ်ထား တာကြောင့် အိမ်မှာဘဲ အနားယူအပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ပါးပါး ညစာစားရင်း ခရစ္စမတ်နေ့လေး ကို ဖြတ်သန်းကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ဝေမျှပေးလေ့ရှိပြီး မကြာသေးခင် နာရီပိုင်းလောက် ကလည်း ပေါ်ရှာရဲ့Instagram တွင် ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နှစ်ယောက်သားကြင်နာယုယတဲ့အကြည့်တွေနဲ့ရိုနေတဲ့စုံတွဲပုံရိပ်လေးတွေကို ပရိသတ်တွေ အံ့အားသင့်သွားအောင်ချပြလိုက်တဲ့ စမိုင်းလ်ရဲ့သမီးကြီး ပေါ်ရှာရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူမကလည်း ” Got What I wanted this Christmas “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက်ရပါတယ်နော်။
Source -Potiamaung’s IG Account
zawgyi