စီးပွားရေး ဆိုတာ ကို နားမလည် သေးတဲ့ မြန်မာ တွေ နဲ့ ခေါင်းပုံ ဖြတ် ဖဲသမား ကြီးများ

Posted on

စီးပွားရေးဆိုတာကို ကျွန်တော်တို့မြန်မာတွေ ဘယ်လို နားလည် ကြလည်း ကျွန်တော်မသိဘူး ဒါပေမဲ့ ကျွန်တော်တို့မြန်မာတွေထဲမှာ သူဌေးသူကြွယ်ကြီးတွေကအစ စီးပွားရေးလုပ်တတ်တဲ့သူကို ကျွန်တော်မတွေ့ဖူးသေးဘူး။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင် မိသားစုတစ်စုမှာ စီးပွားရှာတယ်ဆိုတာ အပြင်က ပိုက်ဆံတွေကို မိသားစုထဲကို ရောက်အောင်လုပ်တာမဟုတ်လား အပြင်က အင်္ကျီတွေဝယ်လာတယ် မိသားစုဝင်တွေဆီကို အမြတ်တင်ပြီး ပြန်ရောင်းတယ် အဲဒီလိုလူကို မိသားစုအတွက် စီးပွားရှာပေးတဲ့သူလို့ ခေါ်လို့ရလား ဒါလေးပဲ မေးမယ် ဖြေကြဗျာ။

ခင်ဗျားတို့ သိပ်လေးစားနေကြတဲ့ မြန်မာသူဌေးကြီးတွေထဲက တိုင်းပြည်အတွက် စီးပွားရှာပေးနေတဲ့သူ ဘယ်သူရှိသလဲ ကျုပ်ရှင်းရှင်းပဲပြောမယ် တကယ်တမ်းတော့ ခင်ဗျားတို့ မြန်မာပြည်သူလူထုမွဲနေတာ အဲဒီလိုမျိုး ဖဲရိုက်ကောင်းတဲ့သူတွေကို စီးပွားရေးသမားကြီးတွေလို့ ထင်နေကြလို့ နိုင်ငံနဲ့ချီပြီး မွဲနေကြတာဖြစ်တယ်။ စီးပွားအရှာကောင်းတဲ့သူဆိုတာ ကိုယ့်အိမ်ရဲ့ ထုတ်ကုန် ထွက်ကုန်တွေကို ဈေးကွက်ရှိအောင် ဈေးရအောင် ရောင်းနိုင်တဲ့သူကိုမှ စီးပွားအရှာကောင်းတဲ့သူလို့ ခေါ်ဆိုကြတာ မဟုတ်လား အဲတော့ အိမ်တစ်အိမ် နိုင်ငံ တစ်နိုင်ငံ စီးပွားရေးကောင်းမွန်ဖို့ဆိုတာ အဲဒီအိမ်ရဲ့ နိုင်ငံရဲ့ ထုတ်ကုန် ထွက်ကုန်တွေက ဘာတွေလဲ။ ဒါတွေကို ဈေးကွက်ရှိအောင် ဈေးရအောင် တင်ပို့ရောင်းချနိုင်မှသာ စီးပွားရေးကောင်းမွန်တယ်လို့ ဆိုနိုင်မှာ မဟုတ်လား

အဲတော့ မြန်မာ့ စီးပွားရေးလို့ဆိုလိုက်ရင် မြန်မာနိုင်ငံက ဘာတွေထွက်လဲ ဘာတွေ ထုတ်လုပ်ရောင်းချကြမလဲ။ ဒါကို အခြေခံကျကျ စဉ်းစားကြရမယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီလို ထုတ်ကုန် ထွက်ကုန်တွေကို လုပ်ကိုင်နေကြတဲ့ Production သမားတွေကို ဦးစားပေးရမယ် အခု အဲဒီ နိုင်ငံတော်ကို လုပ်ကြွေးနေတဲ့ ထွက်ကုန် ထုတ်ကုန်လုပ်ငန်းလေးတွေ လုပ်ကိုင်နေကြတဲ့ SME လုပ်ငန်းသမားတွေဟာ နိုင်ငံတော်အစိုးရက အထင်ကြီးနေတဲ့ ဖဲသမားဘဏ်သူဌေးကြီးတွေရဲ့ ငွေကြေးပေါ်လစီနဲ့ နှိပ်ကွပ်ထားတာကို ခံနေရတယ် ဒါကို အစိုးရသိအောင် ပြောပြတာ။

၂၀၂၁ – ၂၀၂၅ မှာ နိုင်ငံတော်ကို မောင်းနှင်မယ့် ကျွန်တော်တို့ ပြည်သူ့အစိုးရအနေနဲ့ ကျွန်တော်ပြောပြတဲ့ စီးပွားရေးဆိုတဲ့ ရိုးရိုးရှင်းရှင်း အခြေခံအချက်ကလေးကိုပဲ အခြေခံစဉ်းစားပြီး စီးပွားကူးသန်းဝန်ကြီးသစ်အနေနဲ့ Banker ဖဲသမားကြီးတွေရဲ့ လောင်းရိပ်အောက်ကို မဝင်မိစေဖို့ သတိပေး စကား ပါးလိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာကျပ်ငွေဈေးက သူတို့ချင်းညှိပြီး ကစားနေကြတာကိုးဗျ သူတို့က အဲလိုသလို ညစ်လိုက်ရင် ထုတ်ကုန်သမားတွေက လုပ်လာရသမျှ ဘာမှ အဖတ်မတင်တော့ဘူး။ ထုတ်ကုန် လုပ်ငန်းသမားတွေ စီးပွားဖြစ်မှ တိုင်းပြည်စီးပွားရေးကောင်းတယ်လို့ အမှန်ကို သိကြပါစို့။ အကယ်၍ မြန်မာ့ပြည်တွင်း ထုတ်ကုန်တစ်ခုခုသာ ကမ္ဘာ့ဈေးကွက်မှာ ပေါက်သွားခဲ့ရင် အဲဒီလုပ်ငန်းရှင်ကို ဝိုင်းဝန်းချီးမြှောက်ကြပြီး အများပိုင်ကုမ္ပဏီကြီးဖြစ်အောင်အထိ ကြီးထွားသွားအောင် သိုင်းကြဝိုင်းကြရလိမ့်မယ်။ နောက်ရက်မှာ အများပိုင် ကုမ္ပဏီကြီးတွေအကြောင်း ဆက်ပါမယ်

source : ဦးကျော်သူ၊ အရပ်သားကြီး၊ သာခွာ

zagyi

စီးပြားေရးဆိုတာကို ကြၽန္ေတာ္တို႔ျမန္မာေတြ ဘယ္လို နားလည္ ၾကလည္း ကြၽန္ေတာ္မသိဘူး ဒါေပမဲ့ ကြၽန္ေတာ္တို႔ျမန္မာေတြထဲမွာ သူေဌးသူႂကြယ္ႀကီးေတြကအစ စီးပြားေရးလုပ္တတ္တဲ့သူကို ကြၽန္ေတာ္မေတြ႕ဖူးေသးဘူး။ ႐ိုး႐ိုးေလးပဲ စဥ္းစားၾကည့္ရေအာင္ မိသားစုတစ္စုမွာ စီးပြားရွာတယ္ဆိုတာ အျပင္က ပိုက္ဆံေတြကို မိသားစုထဲကို ေရာက္ေအာင္လုပ္တာမဟုတ္လား အျပင္က အက်ႌေတြဝယ္လာတယ္ မိသားစုဝင္ေတြဆီကို အျမတ္တင္ၿပီး ျပန္ေရာင္းတယ္ အဲဒီလိုလူကို မိသားစုအတြက္ စီးပြားရွာေပးတဲ့သူလို႔ ေခၚလို႔ရလား ဒါေလးပဲ ေမးမယ္ ေျဖၾကဗ်ာ။

ခင္ဗ်ားတို႔ သိပ္ေလးစားေနၾကတဲ့ ျမန္မာသူေဌးႀကီးေတြထဲက တိုင္းျပည္အတြက္ စီးပြားရွာေပးေနတဲ့သူ ဘယ္သူရွိသလဲ က်ဳပ္ရွင္းရွင္းပဲေျပာမယ္ တကယ္တမ္းေတာ့ ခင္ဗ်ားတို႔ ျမန္မာျပည္သူလူထုမြဲေနတာ အဲဒီလိုမ်ိဳး ဖဲ႐ိုက္ေကာင္းတဲ့သူေတြကို စီးပြားေရးသမားႀကီးေတြလို႔ ထင္ေနၾကလို႔ ႏိုင္ငံနဲ႔ခ်ီၿပီး မြဲေနၾကတာျဖစ္တယ္။ စီးပြားအရွာေကာင္းတဲ့သူဆိုတာ ကိုယ့္အိမ္ရဲ႕ ထုတ္ကုန္ ထြက္ကုန္ေတြကို ေဈးကြက္ရွိေအာင္ ေဈးရေအာင္ ေရာင္းႏိုင္တဲ့သူကိုမွ စီးပြားအရွာေကာင္းတဲ့သူလို႔ ေခၚဆိုၾကတာ မဟုတ္လား အဲေတာ့ အိမ္တစ္အိမ္ ႏိုင္ငံ တစ္ႏိုင္ငံ စီးပြားေရးေကာင္းမြန္ဖို႔ဆိုတာ အဲဒီအိမ္ရဲ႕ ႏိုင္ငံရဲ႕ ထုတ္ကုန္ ထြက္ကုန္ေတြက ဘာေတြလဲ။ ဒါေတြကို ေဈးကြက္ရွိေအာင္ ေဈးရေအာင္ တင္ပို႔ေရာင္းခ်ႏိုင္မွသာ စီးပြားေရးေကာင္းမြန္တယ္လို႔ ဆိုႏိုင္မွာ မဟုတ္လား

အဲေတာ့ ျမန္မာ့ စီးပြားေရးလို႔ဆိုလိုက္ရင္ ျမန္မာႏိုင္ငံက ဘာေတြထြက္လဲ ဘာေတြ ထုတ္လုပ္ေရာင္းခ်ၾကမလဲ။ ဒါကို အေျခခံက်က် စဥ္းစားၾကရမယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ အဲဒီလို ထုတ္ကုန္ ထြက္ကုန္ေတြကို လုပ္ကိုင္ေနၾကတဲ့ Production သမားေတြကို ဦးစားေပးရမယ္ အခု အဲဒီ ႏိုင္ငံေတာ္ကို လုပ္ေႂကြးေနတဲ့ ထြက္ကုန္ ထုတ္ကုန္လုပ္ငန္းေလးေတြ လုပ္ကိုင္ေနၾကတဲ့ SME လုပ္ငန္းသမားေတြဟာ ႏိုင္ငံေတာ္အစိုးရက အထင္ႀကီးေနတဲ့ ဖဲသမားဘဏ္သူေဌးႀကီးေတြရဲ႕ ေငြေၾကးေပၚလစီနဲ႔ ႏွိပ္ကြပ္ထားတာကို ခံေနရတယ္ ဒါကို အစိုးရသိေအာင္ ေျပာျပတာ။

၂၀၂၁ – ၂၀၂၅ မွာ ႏိုင္ငံေတာ္ကို ေမာင္းႏွင္မယ့္ ကြၽန္ေတာ္တို႔ ျပည္သူ႔အစိုးရအေနနဲ႔ ကြၽန္ေတာ္ေျပာျပတဲ့ စီးပြားေရးဆိုတဲ့ ႐ိုး႐ိုးရွင္းရွင္း အေျခခံအခ်က္ကေလးကိုပဲ အေျခခံစဥ္းစားၿပီး စီးပြားကူးသန္းဝန္ႀကီးသစ္အေနနဲ႔ Banker ဖဲသမားႀကီးေတြရဲ႕ ေလာင္းရိပ္ေအာက္ကို မဝင္မိေစဖို႔ သတိေပး စကား ပါးလိုက္ရပါတယ္။ ဘာလို႔လဲဆိုေတာ့ ျမန္မာက်ပ္ေငြေဈးက သူတို႔ခ်င္းညႇိၿပီး ကစားေနၾကတာကိုးဗ် သူတို႔က အဲလိုသလို ညစ္လိုက္ရင္ ထုတ္ကုန္သမားေတြက လုပ္လာရသမွ် ဘာမွ အဖတ္မတင္ေတာ့ဘူး။ ထုတ္ကုန္ လုပ္ငန္းသမားေတြ စီးပြားျဖစ္မွ တိုင္းျပည္စီးပြားေရးေကာင္းတယ္လို႔ အမွန္ကို သိၾကပါစို႔။ အကယ္၍ ျမန္မာ့ျပည္တြင္း ထုတ္ကုန္တစ္ခုခုသာ ကမာၻ႔ေဈးကြက္မွာ ေပါက္သြားခဲ့ရင္ အဲဒီလုပ္ငန္းရွင္ကို ဝိုင္းဝန္းခ်ီးေျမႇာက္ၾကၿပီး အမ်ားပိုင္ကုမၸဏီႀကီးျဖစ္ေအာင္အထိ ႀကီးထြားသြားေအာင္ သိုင္းၾကဝိုင္းၾကရလိမ့္မယ္။ ေနာက္ရက္မွာ အမ်ားပိုင္ ကုမၸဏီႀကီးေတြအေၾကာင္း ဆက္ပါမယ္

source : ဦးေက်ာ္သူ၊ အရပ္သားႀကီး၊ သာခြာ

Leave a Reply

Your email address will not be published. Required fields are marked *