စိုးရိမ်နေကြတဲ့ ပြည်သူတွေ အတွက် သူဘေးကင်း လုံခြုံမှု ရှိကြောင်း ဗီဒီယိုဖိုင် တင်ပေးကာ သက်သေ ပြလိုက်တဲ့ ပိုင်တံခွန်

Posted on

သရုပ်ဆောင် မင်းသား ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေ သာမကဘဲ ပြည်ပနိုင်ငံများက ပရိသတ်တွေပါ တစ်ခဲနက် ချစ်ခင်အားပေးနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေ နဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ပိုင်တံခွန် ကတော့ လူငယ်တွေနဲ့အတူ ရှေ့ဆုံးကနေ ဒိုင်းကာအဖြစ် ပြည်သူတွေကို ကာကွယ်ပေးနေတာကြောင့်လည်း အားလုံးရဲ့ ချီးကျူးမှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ ပိုင်တံခွန်တစ်ယောက် social media ထက် တွင် ပျောက်ကွယ်နေတဲ့အတွက် အားလုံးက စိုးရိမ်ပူပန်နေကြတာလည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီလို့တောင် ကောလဟာလတွေ ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကောလဟာလတွေ အကုန် ကင်းရှင်းသွားအောင် မကြာသေးခင် နာရီပိုင်းလောက်က သူ့ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ စိုးရိမ်နေကြတဲ့ပြည်သူတွေအတွက် သူဘေး ကင်းလုံခြုံမှုရှိကြောင်းအား ဗီဒီယိုဖိုင်တင်ပေးကာသက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ သူကလည်း ” ဘယ်လောက်ကြီးမား ခိုင်ခံ့ပြီး မာကြောတဲ့ ကျောက်ဆောင်ကြီး ဖြစ်နေပါစေ ကျောက်တူးသမားတစ်ယောက်ရဲ့ လက်အောက်မှာ ပြိုလဲရစမြဲပါ အချိန်တော့ ယူရမှာပေါ့” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ခြေထောက်ခိုက်မိထားတာကြောင့် ဆေးကုသမှုခံယူနေရကြောင်းနဲ့ ကျွန်တော် အပြင်မှာပြည်သူတွေကို ကူညီပေးဖို့ အမြဲရှိနေပါတယ် အရင် လို ပျော်စရာအချိန်တွေ မရှိတော့တဲ့ အတွက်လဲ ဝမ်းနည်း ရပါတယ် မြန်မာပြည်ကြီး သောကတွေ ကင်းဝေးပါစေ ” လို့ ပရိသတ်တွေစိတ်မပူစေဖို့ပြောထားတာတွေအား တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Paing Takhon’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *