စိုင်းစိုင်းခမ်းလှိုင် နဲ့ ပတ်သက်ပြီး ချီးကျူးစရာ ကောင်းတဲ့ အချက်တစ်ချက် ကို ထောက်ပြ လိုက်တဲ့ “ပန်ဆယ်လို”

Posted on

Boycott ထဲမှာ ဘစိုင်းဖန်တွေက စမတ်အဖြစ်ဆုံးပဲ။တခေတ်တခါက စိုင်းစိုင်းအာမီဆိုတာ အကဲဆုံး၊ အသဲဆုံး၊ အားအပေးဆုံး။ ဘစိုင်းကို ထိလို့က မီးပွင့်ရုံမက ဆွေစဉ်မျိုးဆက် ပြာပါကျသွားမယ်။ဘစိုင်းဟာ ပြည်သူနဲ့ မရပ်တည်ခဲ့ဘူး။ တစ်သက်လုံး ပြည်သူရဲ့ လက်ခုတ်သံနဲ့ ရပ်တည်ခဲ့ပြီး ပြည်သူဒုက္ခရောက်ချိန်မှာ ပြည်သူနဲ့ရပ်တည်ဖို့ သတ္တိမရှိခဲ့ဘူး။ ပျက်ကွက်ခဲ့တယ်။ နောက်ကျခဲ့တယ်။ ဘစိုင်းဖန်တွေဟာ Boycott ကို သွေးအေးအေးနဲ့ ဒီနေ့ထိ မဖြုတ်တမ်း ဆွဲကိုင်ပစ်ခဲ့တယ်။ ဘစိုင်းဖန်တွေလောက် ဘစိုင်းကို ချစ်တာ ရှိသေးလား။ ဘစိုင်းဖန်တွေလောက် အရွယ်စုံလူစုံအလွှာစုံတာ ရှိဦးမလား။ လူတစ်ယောက်ရဲ့မွေးနေ့ကို တစ်နိုင်ငံလုံးက သိနေတာမျိုးက ဗိုလ်ချုပ်အောင်ဆန်းရယ် အမေစုရယ် ဘစိုင်းရယ်ပဲ ရှိတယ်။

မွေးနေ့ရှိုးပွဲဆို ရန်ကုန်ဆိုလည်း ရန်ကုန်မို့၊ မန္တလေးဆိုလည်း မန္တလေးမို့။ ကြိုးဝိုင်းကြီး စင်လုပ်ပြီး ဆိုလည်း အောက်က အသံပြာအောင် အားပေးတာပဲ။ အိုးလေးလှုပ်ဆိုလည်း ခါတာ ကလေးရော လူကြီးရော။ စာအုပ်ထွက်လည်း အားပေးတယ်။ နှုတ်ခမ်းနီဆိုလည်း ပြေးဝယ်ကြတာပဲ။ ဒါတွေ ဘာလို့ပြောနေလဲဆိုတော့ အိုင်ကိုယ်တိုင်သည်လည်း ဘစိုင်းဖန်မို့ပဲ။ ဘဝမှာ ခွင့်တောင်းဓါတ်ပုံရိုက်ပါရစေ တောင်းဆိုဖူးတဲ့ တစ်ဦးတည်းသော ဆယ်လီပဲ။ ဘစိုင်း သီချင်းဆိုတာ ကြိုက်လားဆိုတော့ မကြိုက်ဘူး၊ စာရေးတာကြိုက်လားဆိုတော့ မကြိုက်ဘူး။ ကဗျာရေးတာ ကြိုက်လားဆိုတော့ မကြိုက်ဘူး။ သရုပ်ဆောင်တာ ကြိုက်လားဆိုတော့ မကြိုက်ဘူး။ ဘစိုင်းဖြစ်နေလို့ကို သဘောကျနေတာ။ ရှင်းရှင်းလေးပဲ။

ဘစိုင်းကို Boycott လုပ်ရတာ ရင်အနာဆုံးပဲ။ ပြီးတော့ အခုထိ စောက်ရှက်ရှိနေပေးတာ တကယ် ကျေးဇူးတင်ရတယ်။ ပြည်သူနဲ့ မရပ်တည်ခဲ့တဲ့အတွက် ပြည်သူစိတ်အနှောက်အယှက်ဖြစ်အောင် ကိုယ်ကျိုးအတွက် စောက်ခွက်ပြောင်ပြောင် ပြန်ထွက်မလာတာ ကျေးဇူးတင်တယ်။အာဏာသိမ်းစ ဆန္ဒပြပွဲတွေမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်နေပြီး ပရဟိတပြေးလုပ်ပြ၊ ဖင်ထဲခေါင်းစိုက်ပြီး ကလေးမွေးပေးနေသလို လက်ခုတ်သံချူပြီး တိုင်းပြည်က မီးတိုက်ခံနေရချိန် ကမ်းခြေမှာ ဂါဝန်တလွှားလွှားနဲ့ နှစ်ရက်တစ်ခါ သာယာပြနေတဲ့ဟာမမျိုးထက်စာရင် ဘစိုင်းဟာ စောက်ရှက်ရှိတယ်။

ဆန္ဒပြကြတုန်းက လက်သုံးချောင်းဝင်ထောင်၊ စိတ်ဓါတ်ပြင်းပြပြီး ခရိုနီပေါက်စနဲ့တွဲ၊ သိန်းနှစ်ရာပေး၊ ခံဝန်ထိုး၊ ပိုစ့်တွေဖျက်ပစ် Edit ပစ်ပြီး တိုင်းပြည်ဒုက္ခတွေ့နေချိန် အလှဓါတ်ပုံတွေနဲ့ Like လာချူတဲ့ ဖက်ခွက်စားမတွေထက်စာရင် ဘစိုင်းဟာ စောက်ရှက်ရှိတယ်။ ဆန္ဒပြတုန်းက ယောဂနဲ့ ဆန္ဒပြ၊ ရဲရဲတောက်ခဲ့ပြီး စစ်ဗိုလ်နဲ့ယူသွားပြီး နေမြဲ သက်သာလုပ်ပြနေတဲ့ အယ်မထက်စာရင် ဘစိုင်းဟာ စောက်ရှက်ရှိတယ်။

အာဏာသိမ်းစက ဘော်ဒီဂတ်အစုံအလင်နဲ့ လက်သုံးချောင်းထောင်ဖို့အရေး ဖေ့စ်ဘုတ်ပေါ်ကနေ ဖအေသူခိုးကို ဖေဖေ့ကိုချစ်ပါတယ်၊ ပြည်သူအတွက်ပါဆိုပြီး မျက်ရည်ချူ။ တိုင်းပြည်က စုတ်ပြတ်သတ်နေချိန် ဆိုးပြီးသားနှုတ်ခမ်းနီသုံးတောင့် Giveaway ပေးပြီး ပြန်ပေါ်လာတဲ့ ဟာမတွေထက်စာရင် ဘစိုင်းဟာ စောက်ရှက်ရှိတယ်။စင်ပေါ်တက်ရင် ရေသန့်ဘူး အများဆုံးရဖူးတဲ့ ဘစိုင်းလိုလူတစ်ယောက်ဟာ ဖေ့စ်ဘုတ်ပေါ် ပြန်ပေါ်လာလို့ အဆဲခံရမှာ ကြောက်နေတဲ့ လူစား မဟုတ်ဘူး။ ဘာလို့ ပြန်မပေါ်လာသေးတာလဲဆိုတော့ စောက်ရှက်ရှိလို့လို့ ထင်တာပဲ။ ဘစိုင်းဖန်တွေကတော့ ချစ်တုန်းကလည်း ဘစိုင်းသည်သာ တစ်မျက်နှာပဲ။ Boycott လုပ်ရအောင်လည်း ဘစိုင်းသည် ပြည်သူနဲ့မရပ်တည်ခဲ့တာပဲ ရှိတယ်။ ဘောမတွေ ဘက်မှာ ရပ်တည်ခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် ပြည်သူက အားပေးခဲ့သလောက် ပြည်သူနဲ့ မရပ်တည်ပေးရဲဘဲ သရဲဘောကြောင်တာကို ရင်နာတာ။

crd

Leave a Reply

Your email address will not be published.