“စိတ်ဓာတ်ကို အမြင့်ဆုံး ထိထားပြီး အနိုင်ယူကြ ရအောင်” လို့ ဒေါင်း ပြော

Posted on

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတွေ အပေါ် အကြမ်းဖက် ဖြိုခွင်းမှုများ ရှိတာကြောင့် ပြည်သူတွေ ရဲ့ ဝမ်းနည်းပူ ဆွေး သောကတွေကို အခုချိန်မှာ ခွန်းအားအဖြစ် ပြောင်းလဲကာ စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်လို့ သရုပ်ဆောင် ဒေါင်းက ဆိုပါတယ်။

“ကျနော်တို့ အားလုံးရဲ့ ဝမ်းနည်းပူဆွေး သောကတွေကို အခုချိန်မှာ ခွန်းအားအဖြစ် ပြန် အသုံးချဖို့ ပြောင်းလဲကြရအောင်ဗျာ။ ကျနော်တို့ တော်လှန်မယ့် နည်းလမ်းတွေ အများကြီး အသုံးပြုနေကြတယ်။ လမ်းတခုတည်းဆို တဖက်က ပိတ်ရလွယ်မယ်။ လမ်းတွေ အများကြီးနဲ့ ဝန်ထမ်းတွေ ပြည်သူတွေ အားလုံး ပူးပေါင်း လုပ်ဆောင်ကြမယ်ဗျာ။ ကျနော်တို့တွေ နိုင်တော့မှာပါ။ စိတ်ဓာတ်ကို အမြင့်ဆုံး ထိထားပြီး အနိုင် ယူကြရအောင်”လို့ ဒေါင်းက ပြောပါတယ်။

ကိုယ်တိုင်လည်း သတင်း အချက်အလက်တွေကို အမြဲ ဂရုစိုက်တင်တယ်လို့ ဒေါင်းက ဆိုပါတယ်။

“အခုချိန်မှာ ကျနော် ကိုယ်တိုင် လည်း သတင်း အချက်အလက်တွေကို အမြဲ ဂရုစိုက်ပြီး တော်ရုံနဲ့ မတင်ဘဲ နေပါတယ်။ အရေးကြီးတဲ့ သတ င်း တွေရှိလာရင် တင်မှာပါ။ ပြည်သူတွေကို စိတ်ဓာတ်ကျစေမယ့်၊ အားလျော့သွားစေမယ့် သတင်းအမှားတွေဟာ အခုချိန် ပြည်သူတွေအ တွက် အဆိပ် ဖြစ်သွားစေနိုင်ပါတယ်။ သတင်းအမှားဆိုတာ သိရင် အမှားအတိုင်း သတ်မှတ် ကြရအောင်ဗျာ”လို့ ဒေါင်းက ပြောပါတယ်။

အားလုံးစိတ်ပိုင်းဆိုင်ရာမှာ အနည်း အကျဉ်းမက အထိနာခဲ့တာကြောင့် အချင်းချင်း အားပေးကြ၊ တိုင်ပင်ကြရင်း ဒဏ်ရာတွေကို ခွန်အားအ ဖြစ် အသုံးချ ရှေ့ဆက်မယ်လို့ ဒေါင်းက ဆိုပါတယ်။

“ဒီလို အခြေအနေမှာ ကျနော်တို့ အားလုံး စိတ်ပိုင်းဆိုင်ရာမှာ အနည်း အကျဉ်းမက အထိနာ ခဲ့ကြတယ်။ နီးစပ်ရာ အစုအဖွဲ့များ ဖွဲ့စည်းပြီး အချ င်းချင်း အားပေးကြ၊ တိုင်ပင်ကြရင်း အဲ့ဒီ ဒဏ်ရာတွေကို ခွန်အားအဖြစ် အသုံးချ ရှေ့ဆက်ပြီး အဓမ္မ သူပုန်များကို တော်လှန်တဲ့ အ ရေး တော်ပုံအား ဆက်လက် အသက်သွင်းရင်း အောင်စိတ်နဲ့ အနိုင် ယူကြရအောင်။ အရေးတော်ပုံ အောင်တော့မည်”လို့ ဒေါင်းက ပြော ထားပါတယ်။

သရုပ်ဆောင် ဒေါင်းက ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ ပြောပြထားတာဖြစ်ပြီး၊ ဒေါင်းဟာ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေသူ ဖြစ်ပါတယ်။

ဒီလို လုပ်ရပ်တွေက ပါတီစွဲ တခုခုကြောင့် လုပ်နေခြင်း မဟုတ်ဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ ချစ်တဲ့ နိုင်ငံအပေါ်မှာထားတဲ့ ရပ်တည်ချက် တခုသာ ဖြစ်တယ်လည်း ဒေါင်းက ဆိုဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *