စားဝတ် နေရေး ခက်ခဲနေတဲ့ ပြည်သူတွေဆီ အရောက် သွားပြီး လိုအပ်တာ တွေ ကူညီလှူဒါန်းခဲ့တဲ့ ခင်သဇင်

Posted on

သရုပ်ဆောင် မင်းသမီးချော ခင်သဇင်ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေ နဲ့အတူ တစ်သွေး တစ်သားတည်း ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ အခုလိုကာလဆိုးကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတွေနဲ့ လိုအပ်နေတဲ့ ပြည်သူတွေ ကို တက်နိုင်သလောက် ဖေးမကူညီမှုတွေ နဲ့ လှူဒါန်းကာ အရေးတော်ပုံကြီးမှာ တစ်ဖက်တစ်လမ်းက ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

ခင်သဇင်ကတော့ ဇူလိုင်လ(၄)ရက်နေ့ကလည်း စားဝတ် နေရေး ခက်ခဲနေတဲ့ ပြည်သူတွေဆီ ကိုယ်တိုင် အရောက်သွားပြီး လိုအပ်တာတွေ ကူညီ လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်..။ ဆန်နဲ့ ငွေကြေးတွေအပြင် ကျန်းမာရေးအတွက် လိုအပ်တာတွေကို ပေးဝေလှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကိုဝေမျှရင်း နောက်ပိုင်းတွေ မှာလည်း ပြည်သူတွေနဲ့အတူ လှူဒါန်းနိုင်ဖို့ တိုက်တွန်းထားပါသေးတယ်..။

“လိုအပ်နေ တဲ့ ပြည်သူတွေဆီ ကိုယ်တိုင် အရောက်သွား လှူနိုင်ခဲ့ပါတယ်… နောက်တခါ ခင်နဲ့ အတူတူ သွားလှူနိုင်အောင် အလုပ်တွေပိုကြိုးစားပေးပါနော် 💪🏻💪🏻💪🏻🙏🏼🙏🏼🙏🏼..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အမှတ်တရပုံရိပ်တွေကို အသိပေး ဝေမျှထားတာပါ..။ လိုအပ်နေတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေ ကို ဖေးမကူညီနေတဲ့ ခင်သဇင် နဲ့ စေတနာရှင်တွေရဲ့ အလှူလေးတွေကိုတော့ မြင်သူတိုင်းက ဝမ်းသာစွာနဲ့ သာဓုခေါ် ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit – Khin Thazin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *