စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ ဒလမြို့နယ်က အိမ်ထောင်စု (၁၀၀)စာ အတွက် စားသောက်ကုန် တွေလှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

Posted on

ပရဟိတဆိုတာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုး ကို ဆောင်ရွက်ရတဲ့ အလုပ်မို့ တော်ရုံလူ မလုပ်နိုင်ပါဘူး။ ပရဟိတ လုပ်ငန်းတွေကို နှစ်ရှည် လများ လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင်ဝေဠုကျော်ရဲ့ စေတနာကတော့ တကယ့်ကိုအံ့မခန်းပါပဲနော်။ လိုအပ်တဲ့နေရာတွေ ဆီကို ဘယ်လောက်ဝေးဝေး ကိုယ်တိုင် အရောက်သွားပြီး အကူအညီ လိုတဲ့လက်တွေကို အနွေးထွေးဆုံး ဖေးမပေးခဲ့ သူ တစ်ယောက်ပါ။

ဒီလိုကာလမှာဆိုရင် အကူအညီ လိုအပ်နေသူ တွေ လည်း အများအပြားရှိနေပြီး ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း အလှူရှင်တွေကိုယ်စား ဒလမြို့နယ်က အမှန်တကယ်ခက်ခဲနေ တဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် အခြေခံ စားသောက်ကုန်များကို ကိုယ်တိုင် သွားရောက်လှူဒါန်းပေးခဲ့ကြောင်းဖော်ပြထား ပါတယ်။

နေ့ရက်တိုင်း ကိုယ်တိုင် နေရာအစုံ ကို သွားရောက်ကာ ကူညီလှူဒါန်းပေး နေတဲ့ စိတ်ဓာတ်လေး ကို လေးစားမိတာ အမှန်ပါ ပဲနော်။ သူရဲ့အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” ဝေဠုကျော်ဖောင်ဒေးရှင်းမှ အလှူရှင်များ ကိုယ်စား ဒလမြို့နယ်၊ ဆာဖာရီ ချောင်ကျူး အိမ်များထဲမှ အမှန်တကယ် ခက်ခဲလိုအပ်နေသော အိမ်ထောင်စု ၁ဝဝစု သို့ တစ်အိမ်ထောင်လျှင် ဆန် ၃ပြည် ငါးခြောက် ကုလားပဲ ကြက်သွန်နီ ငါးပြာရည် အချိုမှုန့် တို့ကို သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။”ဆိုတဲ့စာလေးကို ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက် ပါတယ်။

Credit:Cele Zone
Photo – Wai Lu Kyaw

zawgyi

ပရဟိတဆိုတာ ကိုယ္က်ိဳးစြန႔္ၿပီး အမ်ားအက်ိဳး ကို ေဆာင္႐ြက္ရတဲ့ အလုပ္မို႔ ေတာ္႐ုံလူ မလုပ္ႏိုင္ပါဘူး။ ပရဟိတ လုပ္ငန္းေတြကို ႏွစ္ရွည္ လမ်ား လုပ္ကိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ရဲ႕ ေစတနာကေတာ့ တကယ့္ကိုအံ့မခန္းပါပဲေနာ္။ လိုအပ္တဲ့ေနရာေတြ ဆီကို ဘယ္ေလာက္ေဝးေဝး ကိုယ္တိုင္ အေရာက္သြားၿပီး အကူအညီ လိုတဲ့လက္ေတြကို အေႏြးေထြးဆုံး ေဖးမေပးခဲ့ သူ တစ္ေယာက္ပါ။

ဒီလိုကာလမွာဆိုရင္ အကူအညီ လိုအပ္ေနသူ ေတြ လည္း အမ်ားအျပားရွိေနၿပီး ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကလည္း လက္လွမ္းမွီသေလာက္ လိုက္လံကူညီေပးခဲ့တာလည္းျဖစ္ပါတယ္။ ဒီေန႔မွာလည္း အလႉရွင္ေတြကိုယ္စား ဒလၿမိဳ႕နယ္က အမွန္တကယ္ခက္ခဲေန တဲ့ အိမ္ေထာင္စု (၁၀၀) စာအတြက္ အေျခခံ စားေသာက္ကုန္မ်ားကို ကိုယ္တိုင္ သြားေရာက္လႉဒါန္းေပးခဲ့ေၾကာင္းေဖာ္ျပထား ပါတယ္။

ေန႔ရက္တိုင္း ကိုယ္တိုင္ ေနရာအစုံ ကို သြားေရာက္ကာ ကူညီလႉဒါန္းေပး ေနတဲ့ စိတ္ဓာတ္ေလး ကို ေလးစားမိတာ အမွန္ပါ ပဲေနာ္။ သူရဲ႕အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ အလႉရွင္မ်ား ကိုယ္စား ဒလၿမိဳ႕နယ္၊ ဆာဖာရီ ေခ်ာင္က်ဴး အိမ္မ်ားထဲမွ အမွန္တကယ္ ခက္ခဲလိုအပ္ေနေသာ အိမ္ေထာင္စု ၁ဝဝစု သို႔ တစ္အိမ္ေထာင္လွ်င္ ဆန္ ၃ျပည္ ငါးေျခာက္ ကုလားပဲ ၾကက္သြန္နီ ငါးျပာရည္ အခ်ိဳမႈန႔္ တို႔ကို သြားေရာက္ ေထာက္ပံ့လႉဒါန္းေပးခဲ့ပါသည္။”ဆိုတဲ့စာေလးကို ေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ ပါတယ္။

Credit:Cele Zone
Photo – Wai Lu Kyaw

Leave a Reply

Your email address will not be published. Required fields are marked *