စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင် နေကြရတဲ့ တောင်ဒဂုံက ပြည်သူတွေ အတွက် စားသောက်ကု န်တွေ လှူဒါန်း ခဲ့တဲ့ ရေဗက္ကာဝင်း

Posted on

ပရိသတ်ကြီးရေ.. အဆိုတော်ရေဗက္ကာဝင်း ကတော့ ဂီတလောကမှာ သီချင်းကောင်းလေးတွေ နဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး လက်ရှိအချိန်တွေမှာလည်း ပရိသတ်တွေတစ်ခဲနက်အားပေးချစ်ခင်နေသူလည်း ဖြစ်ပါတယ်..။ ရေဗက္ကာဝင်းကတော့ လက်ရှိအခြေအနေတွေမှာ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေပြီး လိုအပ်ပြီးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေပြီး တတ်နိုင်သလောက်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။ ကိုယ်တိုင်အပင်ပန်းခံပြီးလှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ရေဗက္ကာဝင်းကတော့ ဒီကနေ့ မှာလည်း တောင်ဒဂုံမြို့နယ်က စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက် ကုန်တွေ ပေးဝေလှူဒါန်းခဲ့ပါတယ်..။

ပြည်သူတွေအတွက် ဆန်၊ ဆီနဲ့ အခြားစားသောက် ကုန်တွေကို အိမ်ခြေ (၁၀၀)စာအတွက် ပေးဝေလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အလှူရှင်တွေနဲ့ စုပေါင်းလှူဒါန်းခဲ့တဲ့အကြောင်းကိုလည်း သူမက ဝေမျှပြောပြထားတာ ဖြစ်ပါတယ်..။ “ဒီနေ့ တောင်ဒဂုံက လိုအပ်တဲ့ ပြည်သူများအတွက် စေတနာရှင်များဖြစ်ကြတဲ့ Shingni Nbat အနုပညာပိုးသဘက်(မြစ်ကြီးနား) ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရန်စ္စကို) တို့နဲ့အတူ အိမ်ထောင်စု တစ်စုအတွက်

ပေါ်ဆန်းမွှေး ၃ပြည် နေကြာဆီ ၁လီတာ ခေါက်ဆွဲခြောက် ၁ပုံး ကြက်သွန်ဖြူ ၁ပိဿ ကြက်သွန်နီ ၅၀သား ကုလားပဲ ၅၀သား ငါးခြောက် ၅၀သား တို့ကို အိမ်ထောင်စု ၁၀၀စာ ဝေမျှလှူဒါန်းခဲ့ပါတယ်ရှင် 💜 မAngeli Nihoitial မှလည်း မီးသတ်ဆေးဗူး ၂၀ ပါဝင်လှူဒါန်းပါတယ် 💜 ပေးလှူပါဝင်ကြတဲ့ အယောက်စီတိုင်းအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေရှင် 🙏🙏🙏..” ဆိုပြီး အလှူအကြောင်းနဲ့အတူ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေကိုလည်း ဖော်ပြ ထားပြီး ဆုတောင်းစကားလည်း ဆိုထားပါသေးတယ်..။ အမြဲတမ်းလိုလို ပြည်သူတွေ အတွက် လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ရေဗက္ကာဝင်းတို့ရဲ့ အလှူပုံရိပ်တွေကိုတော့ ပရိသတ်တွေကလည်း သာဓုခေါ်ကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Rebecca Win’s Fb Acc

zawgyi

ပရိသတ္ႀကီးေရ.. အဆိုေတာ္ေရဗကၠာဝင္း ကေတာ့ ဂီတေလာကမွာ သီခ်င္းေကာင္းေလးေတြ နဲ႔ ေအာင္ျမင္မႈေတြအခိုင္အမာရရွိထားၿပီး လက္ရွိအခ်ိန္ေတြမွာလည္း ပရိသတ္ေတြတစ္ခဲနက္အားေပးခ်စ္ခင္ေနသူလည္း ျဖစ္ပါတယ္..။ ေရဗကၠာဝင္းကေတာ့ လက္ရွိအေျခအေနေတြမွာ လူထုလႈပ္ရွားမႈေတြကို ျပဳလုပ္ေနၿပီး လိုအပ္ၿပီးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္လည္း လႉဒါန္းမႈေတြကို ဆက္တိုက္ျပဳလုပ္ေနၿပီး တတ္ႏိုင္သေလာက္ပါဝင္ေနတာလည္း ျဖစ္ပါတယ္..။ ကိုယ္တိုင္အပင္ပန္းခံၿပီးလႉဒါန္းမႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတဲ့ ေရဗကၠာဝင္းကေတာ့ ဒီကေန႔ မွာလည္း ေတာင္ဒဂုံၿမိဳ႕နယ္က စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ စားေသာက္ ကုန္ေတြ ေပးေဝလႉဒါန္းခဲ့ပါတယ္..။

ျပည္သူေတြအတြက္ ဆန္၊ ဆီနဲ႔ အျခားစားေသာက္ ကုန္ေတြကို အိမ္ေျခ (၁၀၀)စာအတြက္ ေပးေဝလႉဒါန္းမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အလႉရွင္ေတြနဲ႔ စုေပါင္းလႉဒါန္းခဲ့တဲ့အေၾကာင္းကိုလည္း သူမက ေဝမွ်ေျပာျပထားတာ ျဖစ္ပါတယ္..။ “ဒီေန႔ ေတာင္ဒဂုံက လိုအပ္တဲ့ ျပည္သူမ်ားအတြက္ ေစတနာရွင္မ်ားျဖစ္ၾကတဲ့ Shingni Nbat အႏုပညာပိုးသဘက္(ျမစ္ႀကီးနား) ပထမျမန္မာႏွစ္ျခင္းအသင္းေတာ္ (ဆန္ဖရန္စၥကို) တို႔နဲ႔အတူ အိမ္ေထာင္စု တစ္စုအတြက္

ေပၚဆန္းေမႊး ၃ျပည္ ေနၾကာဆီ ၁လီတာ ေခါက္ဆြဲေျခာက္ ၁ပုံး ၾကက္သြန္ျဖဴ ၁ပိႆ ၾကက္သြန္နီ ၅၀သား ကုလားပဲ ၅၀သား ငါးေျခာက္ ၅၀သား တို႔ကို အိမ္ေထာင္စု ၁၀၀စာ ေဝမွ်လႉဒါန္းခဲ့ပါတယ္ရွင္ 💜 မAngeli Nihoitial မွလည္း မီးသတ္ေဆးဗူး ၂၀ ပါဝင္လႉဒါန္းပါတယ္ 💜 ေပးလႉပါဝင္ၾကတဲ့ အေယာက္စီတိုင္းအေပၚ ဘုရားသခင္ ေကာင္းခ်ီးေပးပါေစရွင္ 🙏🙏🙏..” ဆိုၿပီး အလႉအေၾကာင္းနဲ႔အတူ အလႉရွင္ေတြရဲ႕ လႉဒါန္းမႈေတြကိုလည္း ေဖာ္ျပ ထားၿပီး ဆုေတာင္းစကားလည္း ဆိုထားပါေသးတယ္..။ အၿမဲတမ္းလိုလို ျပည္သူေတြ အတြက္ လႉဒါန္းမႈေတြ ဆက္တိုက္ျပဳလုပ္ေနတဲ့ ေရဗကၠာဝင္းတို႔ရဲ႕ အလႉပုံရိပ္ေတြကိုေတာ့ ပရိသတ္ေတြကလည္း သာဓုေခၚကာ အားေပးစကားေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။

Photo Credit – Rebecca Win’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *