စားဝတ်နေရေး ခက်ခဲ နေကြသော အိမ်ခြေ (၁၈၀) နေ ပြည်သူများ အတွက် ဆန်အိတ်တွေ လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ နေဒွေး

Posted on

သရုပ်ဆောင် နေဒွေးကတော့ ဗီဒီယိုနဲ့ ရုပ်ရှင် ဇာတ်ကား များမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာပဲ ဖြစ်ပါတယ်။ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခံ့တာကြောင့်လည်း အားလုံးက လေးစား နေကြတာ ဖြစ်ပါတယ်။ နေဒွေး ကတော့ အနုပညာ လှုပ်ရှားမှုတွေကိုသာမကဘဲ စီးပွားရေးလုပ်ငန်းတွေကိုလည်း အောင်မြင်မှုတွေ ရရှိအောင်ဦးစီးလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

လတ်တလောမှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တတ် နိုင်တဲ့ ဘက်ကနေ ထောက်ပံ့ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ လှူဒါန်းခဲ့တဲ့ ပုံရိပ်များကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်း လောက်ကလည်း နေဒွေးရဲ့Facebook Story တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ စားဝတ်နေရေး ခက်ခဲနေကြသော အိမ်ခြေ(၁၈၀)နေ ပြည်သူများ အတွက် ဆန်အိတ်တွေလှူဒါန်းဖို့ပြင်ဆင်နေတဲ့ နေဒွေးရဲ့ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သာကေတမြို့နယ်မှာရှိတဲ့ ပြည်သူများအတွက်သူကိုယ်တိုင် ဖြန့်ဖြူးရောင်းချနေတဲ့ ဆန်အိတ်တွေ ကို သွားရောက်လှူဒါန်းမှာ ဖြစ်တာကြောင့် ပရိသတ်တွေလည်း ထပ်တူ ကုသိုလ်ရရှိနိုင်စေရန်အတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nay Dway’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *