စားဝတ်နေရေး ခက်ခဲနေတဲ့ လှိုင်သာယာက ပြည်သူတွေ အတွက် အလှူငွေတွေ အပြင် စားနပ်ရိက္ခာတွေ ထောက်ပံ့ လှူဒါန်းခဲ့တဲ့ ခင်ဝင့်ဝါ

Posted on

ပရိသတ်တွေရဲ့အားပေး ချစ်ခင်မှုတွေကိုအများဆုံးရရှိထားပြီး အနုပညာလောက မှာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ သရုပ်ဆောင်မင်းသမီးခင်ဝင့်ဝါကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထု လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်နေသူလေးပါ..။ နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း ပြည်သူတွေနဲ့တန်းတူအပင်ပန်းခံကာ လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေသလို လှူဒါန်းမှုတွေမှာလည်း တတ်နိုင်သလောက် လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်..။ ပြည်သူတွေအတွက် လိုအပ်နေတဲ့နေရာလေးတွေမှာ ပါဝင်အားဖြည့်လှူဒါန်းနေတဲ့ ခင်ဝင့်ဝါကတော့ ဒီကနေ့မတ်လ(၁၆)ရက်နေ့မှာလည်း သူငယ်ချင်းတွေနဲ့အတူ လှိုင်သာယာမြို့နယ်က ပြည်သူတွေအတွက် ထောက်ပံမှုတွေပြုလုပ်ကာ ပံ့ပိုးကူညီခဲ့ပါတယ်..။

လက်ရှိအခြေအနေတွေကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ လှိုင်သာယာကပြည်သူတွေအတွက် စေတနာရှင် သူငယ်ချင်းတွေနဲ့အတူ အလှူငွေတွေပေးအပ်လှူဒါန်းခဲ့တဲ့အပြင် စားနပ်ရိက္ခာတွေကိုလည်းထောက်ပံ့လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ “၁၆/၃/၂၁ ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေများ ၊ စေတနာရှင်ပြည်သူများ နှင့် ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများ ထဲ မှ လှိုင်သာယာ မြို့နယ်ဘက်ခြမ်း ရှိ စားစရာရိက္ခာအခက်အခဲ ဖြစ်နေတဲ့ပြည်သူများအတွက် လှူဒါန်း ငွေ များ / စားနပ်ရိက္ခာ များ ဆက်သွယ် ပေးအပ်ခဲ့ပါတယ်။

ကိုယ်တိုင် သွားရောက်ပေးတဲ့ မိတ်ဆွေ၏ လုံခြုံရေး အတွက် ဓာတ်ပုံမရိုက်/ မတင် တာကို နားလည်ပေးစေလိုပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပြည်သူနဲ့ တသားထဲ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး လိုအပ်သည်များကို ဆက်လက် ကူညီပံ့ပိုးသွားပါမည်။ ယခုအချိန် မှာ သွား/ လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးပါရှင့် 🙏🏻 ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် 🙏🏻..” ဆိုပြီး အလှူအကြောင်း ခင်ဝင့်ဝါက မျှဝေပြောပြထားတာပါ..။

Photo Credit – Khin Wint Wah’s Fb Acc

zawgyi

ပရိသတ္ေတြရဲ႕အားေပး ခ်စ္ခင္မႈေတြကိုအမ်ားဆုံးရရွိထားၿပီး အႏုပညာေလာက မွာ ေအာင္ျမင္စြာေလွ်ာက္လွမ္းေနတဲ့ သ႐ုပ္ေဆာင္မင္းသမီးခင္ဝင့္ဝါကေတာ့ ျပည္သူေတြနဲ႔အတူ ရပ္တည္ကာ လူထု လႈပ္ရွားမႈေတြ ဆက္တိုက္ ျပဳလုပ္ေနသူေလးပါ..။ နာမည္ေက်ာ္မင္းသမီးတစ္ေယာက္ျဖစ္ေပမယ့္လည္း ျပည္သူေတြနဲ႔တန္းတူအပင္ပန္းခံကာ လႈပ္ရွားမႈေတြမွာ အင္တိုက္အားတိုက္ပါဝင္ေနသလို လႉဒါန္းမႈေတြမွာလည္း တတ္ႏိုင္သေလာက္ လုပ္ေဆာင္ေနတာကိုလည္း ေတြ႕ရပါတယ္..။ ျပည္သူေတြအတြက္ လိုအပ္ေနတဲ့ေနရာေလးေတြမွာ ပါဝင္အားျဖည့္လႉဒါန္းေနတဲ့ ခင္ဝင့္ဝါကေတာ့ ဒီကေန႔မတ္လ(၁၆)ရက္ေန႔မွာလည္း သူငယ္ခ်င္းေတြနဲ႔အတူ လႈိင္သာယာၿမိဳ႕နယ္က ျပည္သူေတြအတြက္ ေထာက္ပံမႈေတြျပဳလုပ္ကာ ပံ့ပိုးကူညီခဲ့ပါတယ္..။

လက္ရွိအေျခအေနေတြေၾကာင့္ စားဝတ္ေနေရး ခက္ခဲေနတဲ့ လႈိင္သာယာကျပည္သူေတြအတြက္ ေစတနာရွင္ သူငယ္ခ်င္းေတြနဲ႔အတူ အလႉေငြေတြေပးအပ္လႉဒါန္းခဲ့တဲ့အျပင္ စားနပ္ရိကၡာေတြကိုလည္းေထာက္ပံ့လႉဒါန္းခဲ့တာ ျဖစ္ပါတယ္..။ “၁၆/၃/၂၁ ကြၽန္မတို႔ သူငယ္ခ်င္းမိတ္ေဆြမ်ား ၊ ေစတနာရွင္ျပည္သူမ်ား ႏွင့္ ပရိသတ္မ်ား ရဲ႕ စုေပါင္း လႉဒါန္းေငြမ်ား ထဲ မွ လႈိင္သာယာ ၿမိဳ႕နယ္ဘက္ျခမ္း ရွိ စားစရာရိကၡာအခက္အခဲ ျဖစ္ေနတဲ့ျပည္သူမ်ားအတြက္ လႉဒါန္း ေငြ မ်ား / စားနပ္ရိကၡာ မ်ား ဆက္သြယ္ ေပးအပ္ခဲ့ပါတယ္။

ကိုယ္တိုင္ သြားေရာက္ေပးတဲ့ မိတ္ေဆြ၏ လုံၿခဳံေရး အတြက္ ဓာတ္ပုံမ႐ိုက္/ မတင္ တာကို နားလည္ေပးေစလိုပါတယ္။ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ျပည္သူနဲ႔ တသားထဲ ဆက္လက္ တိုက္ပြဲဝင္သြားမွာျဖစ္ၿပီး လိုအပ္သည္မ်ားကို ဆက္လက္ ကူညီပံ့ပိုးသြားပါမည္။ ယခုအခ်ိန္ မွာ သြား/ လာေရး အခက္အခဲ နဲ႔ ဆက္သြယ္ေရးအခက္အခဲမ်ားေၾကာင့္ အနည္းငယ္ၾကန႔္ၾကာေနရျခင္းကိုလည္း နားလည္ခြင့္လႊတ္ေပးပါရွင့္ 🙏🏻 ပါဝင္လႉဒါန္းၾကသူ အားလုံးကိုလည္း ေက်းဇူးအထူးတင္ရွိပါတယ္ 🙏🏻..” ဆိုၿပီး အလႉအေၾကာင္း ခင္ဝင့္ဝါက မွ်ေဝေျပာျပထားတာပါ..။

Photo Credit – Khin Wint Wah’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *