စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေ အတွက် မိတ်ဆွေတွေ နဲ့ စုပေါင်း ပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်တဲ့ ခန့်စည်သူ

Posted on

သရုပ်ဆောင် ခန့်စည်သူ ကတော့ ဗီဒီယို ဇာတ်ကားတွေ မှာ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းပိုက် ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာ ရင်လည်း လက်မနှေးတတ် တာကြောင့် လိုအပ်တဲ့ နေရာတွေ မှာ အမြဲလှူဒါန်းနေတာ ကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြ ရမှာပါ။

လက်ရှိမှာ ဆိုရင် အခြေခံလူတန်းစား ပြည်သူများဟာ စားဝတ် နေရေး အခက်အခဲ များစွာနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရတာပါ။ ဒီအခက်အခဲတွေကို ပြည်သူတွေ အချင်းချင်းက တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ အနုပညာရှင်များ ကလည်း အခုချိန်မှာ ရိုက်ကူးရေးတွေ မရှိပေမယ့် လည်း စုဆောင်းထားတာလေးတွေ နဲ့ ပြည်သူများအား ထောက်ပံ့ပေးနေကြ တာပါ။

ယနေ့ မေလ (၂၂) ရက်နေ့မှာလည်း စေတနာရှင် တွေနဲ့ စုပေါင်းပြီး အိမ်ထောင်စု (၁၀၀) စာအတွက် စားသောက်ကုန်များ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ပါတယ်။ အလှူလက်ခံရရှိတဲ့ ပုံရိပ်တွေနဲ့ အတူ ” မှော်ဘီ၊ချောင်းဘေးနား ကျူးကျော်(၄)ရပ်ကွက်၊ (၅၈၁)ကွင်းမှာ နေထိုင်ကြတဲ့ အိမ်ထောင်စု (၁၀၀)အတွက် ဆန်၊ဆီ၊ဆား၊ကုလားပဲ၊ကြက်ဥ၊ ငါးခြောက်၊အာလူး၊ကြက်သွန်နီ၊ငံပြာရည်၊Maggi စွယ်စုံသုံး ဟင်းခတ်မှုန့်နှင့်ဆပ်ပြာ များကို လှူဒါန်းခဲ့ကြပါတယ်။ ခက်ခဲ နေတဲ့ ယခုလိုအချိန်မှာ အားတက်သရော လှူဒါန်းပေးကြတဲ့ ကာလဒါန အလှူရှင်များ ကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါ တယ်။

Credit:Cele Zone
Photo – Kyaw Soe Win

zawgyi

သ႐ုပ္ေဆာင္ ခန႔္စည္သူ ကေတာ့ ဗီဒီယို ဇာတ္ကားေတြ မွာ ပါဝင္ သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ႕ အားေပးမႈကို သိမ္းပိုက္ ရရွိထားသူ တစ္ဦးပဲ ျဖစ္ပါတယ္။ အလႉအတန္းနဲ႔ ပတ္သက္လာ ရင္လည္း လက္မေႏွးတတ္ တာေၾကာင့္ လိုအပ္တဲ့ ေနရာေတြ မွာ အၿမဲလႉဒါန္းေနတာ ကိုလည္း ၾကည္ႏူးဖြယ္ ျမင္ေတြ႕ၾက ရမွာပါ။

လက္ရွိမွာ ဆိုရင္ အေျခခံလူတန္းစား ျပည္သူမ်ားဟာ စားဝတ္ ေနေရး အခက္အခဲ မ်ားစြာနဲ႔ ရင္ဆိုင္ ႀကဳံေတြ႕ေနၾကရတာပါ။ ဒီအခက္အခဲေတြကို ျပည္သူေတြ အခ်င္းခ်င္းက တတ္ႏိုင္တဲ့ဘက္ကေန ကူညီေဆာင္႐ြက္ေပးေနၾကတာလည္း ျဖစ္ပါတယ္။ အႏုပညာရွင္မ်ား ကလည္း အခုခ်ိန္မွာ ႐ိုက္ကူးေရးေတြ မရွိေပမယ့္ လည္း စုေဆာင္းထားတာေလးေတြ နဲ႔ ျပည္သူမ်ားအား ေထာက္ပံ့ေပးေနၾက တာပါ။

ယေန႔ ေမလ (၂၂) ရက္ေန႔မွာလည္း ေစတနာရွင္ ေတြနဲ႔ စုေပါင္းၿပီး အိမ္ေထာင္စု (၁၀၀) စာအတြက္ စားေသာက္ကုန္မ်ား ကိုယ္တိုင္ သြားေရာက္ လႉဒါန္းခဲ့ပါတယ္။ အလႉလက္ခံရရွိတဲ့ ပုံရိပ္ေတြနဲ႔ အတူ ” ေမွာ္ဘီ၊ေခ်ာင္းေဘးနား က်ဴးေက်ာ္(၄)ရပ္ကြက္၊ (၅၈၁)ကြင္းမွာ ေနထိုင္ၾကတဲ့ အိမ္ေထာင္စု (၁၀၀)အတြက္ ဆန္၊ဆီ၊ဆား၊ကုလားပဲ၊ၾကက္ဥ၊ ငါးေျခာက္၊အာလူး၊ၾကက္သြန္နီ၊ငံျပာရည္၊Maggi စြယ္စုံသုံး ဟင္းခတ္မႈန႔္ႏွင့္ဆပ္ျပာ မ်ားကို လႉဒါန္းခဲ့ၾကပါတယ္။ ခက္ခဲ ေနတဲ့ ယခုလိုအခ်ိန္မွာ အားတက္သေရာ လႉဒါန္းေပးၾကတဲ့ ကာလဒါန အလႉရွင္မ်ား ကိုလည္း ေက်းဇူးအထူးပဲ တင္ရွိပါတယ္။” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါ တယ္။

Credit:Cele Zone
Photo – Kyaw Soe Win

Leave a Reply

Your email address will not be published. Required fields are marked *