စာနာစိတ် နဲ့ ကိုယ်ချင်း စာမှု မရှိတဲ့ ပတ်ဝန်းကျင် ကို ရှောင်တယ် ဆိုတဲ့အကြောင်း ပြောပြ လာ တဲ့ အဆိုတော် ထူးအယ်လင်း…..

Posted on

ပရိသတ်ကြီးရေ.. ဂီတလောကမှာ အသံပါဝါ ကောင်းကောင်း နဲ့ သီချင်းကောင်းတွေ များစွာသီဆိုထွက်ရှိထားပြီး အောင်မြင်မှုတွေများ စွာရရှိ ထားတဲ့ အဆိုတော်အနုပညာရှင်တွေထဲမှာ ထူးအယ်လင်းကလည်း အပါအဝင်ပါပဲ..။ထူးအယ်လင်းကတော့ လက်ရှိ မှာ အနုပညာ အလုပ်တွေနည်းပါးနေပေမယ့် ပရဟိတ အလုပ်တွေလုပ်ဆောင်ကာ လိုအပ်နေတဲ့ပြည်သူ တွေအတွက် ဖေးမကူညီမှုတွေ နဲ့အတူ လှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်..

ထူးအယ်လင်းကတော့ ကိုဗစ် ပထမလှိုင်း နဲ့ ဒုတိယလှိုင်းတွေမှာလည်း ဆေးဝါးနဲ့ လိုအပ်တာတွေ လှူဒါန်းသလို ဝေးလံခေါင်သီတဲ့ ဒေသ တွေ ကိုလည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ချို့တဲ့သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေ တာလည်း တွေ့ရပါတယ်..။ ( ၇ ) သားသမီးတွေနဲ့အတူ ပြုလုပ်ခဲ့တဲ့ အလှူ ပုံရိပ်တွေကို အမြဲမျှဝေလေ့ရှိတဲ့ ထူးအယ်လင်း ကတော့ ကိုယ်ချင်းစာတရားတွေကို လှိုင်လှိုင်ပြော ပြီး စာနာစိတ်မရှိတဲ့ ပတ်ဝန်းရှင် ကို ရှောင်တယ် ဆိုပြီးတော့လည်း ရေးသားပြောပြလာပါတယ်..။

“ကိုယ်ချင်းစာတရားတွေ လှိုင်လှိုင် ပြောပြီးကိုယ်ချင်းစာ စိတ်မရှိတဲ့ ပတ်ဝန်းကျင်ကို ရှောင်တယ်….လှသိန်း 😅..” ဆိုပြီး ထူးအယ်လင်းက ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။ပရိသတ်တွေ ကလည်း ထူးအယ်လင်းကို အားပေးနေကြတဲ့အကြောင်းတွေအပြင် စနောက်ထားကြသလို အစစအရာရာ ဂရုစိုက်ဖို့ကိုလည်း မှတ်ချက်တွေပေး ရေးသားထားကြလည်း တွေ့ရပါတယ်..။ယခုလိုဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေ အားလုံးကို အထူပင်ကျေးဇူးတင်ရှိပါတယ်။

Credit…..

zawgyi




Credit…..

Leave a Reply

Your email address will not be published. Required fields are marked *