စနေ နှစ်ခိုင် ကြီးအောင် အသား အစားထိုး ထား တယ် ဆို တဲ့ ဖူးပွင့်ခိုင်

Posted on

အခုနောက်ပိုင်းမှာ လူမှုကွန်ယက်တွေမှာ ချဲလန့်တွေ ခေါ်ရင်းနဲ့ နာမည်ကြီး လာတဲ့ ဆက်ဆီမော်ဒယ်ဖူးပွင့်ခိုင်ဟာဆိုရင် ပုရိသတွေရဲ့ အသည်းစွဲ အနုပညာရှင် တစ်ဦးဖြစ်သလို မိန်းကလေးချင်းတောင်အားကျရတဲ့မော်ဒယ်မလေးလည်းဖြစ်ပါတယ်။ ဖူးပွင့်ခိုင်က မကြာသေးမီက အကုန်သိသတင်းဌာနနဲ့ အင်တာဗျူးမှာ ကိတ်အောင် တင်သားက အသား ကို ရင်သားထဲထည့်ထားတဲ့အကြောင်းနဲ့ အနုပညာလှုပ်ရှားမှုလေးတွေအကြောင်းကို ပြောပြသွားပါတယ်။ ဖူးပွင့်ခိုင်က ဆက်ဆီမော်ဒယ်လောက ထဲ ဝင်ရောက်လာဖြစ်ပုံကို “ဆက်ဆီမော်ဒယ်လုပ်တာကကျတော့ အရင်က ညီမက ဓာတ်ပုံရိုက်တာ။ သူများတွေက ညီမရဲ့ မျက်နှာနဲ့ ညီမရဲ့ ခန္ဓာကိုယ်နဲ့ဆိုကြိုက်တယ်ဆိုပြီးလာငှားကြတာ။ ထိုင်းမှာက ဆက်ဆီမော်ဒယ်တွေအများကြီးရှိတယ်။ ကိုယ့်ထက်ချောတဲ့သူတွေသာတဲ့သူတွေ ၊ခွဲစိတ်ထားတာတွေ၊ ညီမလိုပုံစံမျိုးနဲ့ဖြစ်နိုင်တယ်ဆိုပြီး လာငှားတာ။ ကိုယ့်ထက်သုံးဆလောက်ယူတဲ့အချိန်မှာ ညီမက နှစ်ဆလောက်ပဲယူတယ်။ အဲ့တော့ ညီမကိုလာငှားကြတယ်။ ဆက်ဆီမော်ဒယ် က 2016 လောက်ကတည်းကလုပ်တာ။ ဒါပေမယ့် ညီမက တင်လည်းမတင်ဘူး။ရှက်လို့”လို့ဖြေကြား ထားပါတယ်။

ဆက်ဆီမော်ဒယ် လုပ်တဲ့ အပေါ်မိသားစုရဲ့ သဘောထားကိုလည်း ဖူးပွင့်ခိုင်က “အရင်တုန်းက အမေက မလုပ်ပါနဲ့သမီးရယ် မျက်နှာပူစရာကြီးရှက်စရာကြီးဆိုပြီးပြောတယ်။အခုတော့ လက်ခံတယ်။ ပိုက်ဆံရှာတာလေ။ ရိုးရိုးသားသားပိုက်ဆံရှာတာ။ သူများဆီက ကလိမ်ကကျစ်ကျပြီးရယူထားတဲ့ ပိုက်ဆံ လည်းမဟုတ်ဘူး။ ဒီလိုပဲအလုပ်တွေနဲ့ပိုက်ဆံရှာတယ်။ အဖေ့ကိုလည်းထောက်ပံ့တယ်။ အမေ့ကိုလည်းထောက်ပံ့တယ်”လိုပ ပြောပြထားပါတယ်။ ဖူးပွင့်ခိုင်က တင်ပါးကအသားကိုရင်သားထဲ ထည့်ထားတာပဲရှိပြီးအခြားခွဲစိတ်ထားတာမရှိကြောင်းကိုလည်း “မရှိဘူး။ နှာခေါင်းကလည်း အမေပေးထားတာပဲ။ အကုန်လုံးကအမေပေးထားတာတွေချည်းပဲ။ အချို့ကျတော့လည်း ရင်သားကြီးလာတယ်ပေါ့ပြောကြတယ်။ အမှန်တော့ Gym ဆော့တယ်။ Gym အရမ်းဆော့တယ်။ ညီမက အမှန်အတိုင်း ပြောရရင် တင်တွေ ဘာတွေရှိတော့ တင်ရဲ့အသားကိုရင်သားထဲထည့်လိုက်တာ။ သိတယ်မလား ဆီလီကွန် မဟုတ်ဘူး။ ကိုယ့်အသားကိုပဲ ပြန်ထည့်တာ။ခွဲစိတ်ထားတာ ဆီလီကွန်ထည့်တာတော့မရှိဘူး။ကြောက်လည်းကြောက်တယ်”လို့ ပြောထားပါတယ်

လက်ရှိအနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဖူးပွင့်ခိုင်က “ညီမအခု ရန်ကုန် ကို အလည်လာတာဆိုပေမယ့် ဓာတ်ပုံ ရိုက်တယ်။ video ရိုက်တယ်။ MTV အသေးစားလေးတွေရိုက်တယ်။ ဟာသလိုပုံစံလေးတွေပေါ့။ သိပ်ပြီးအချိန်မရလို့ ဒီမှာဆိုကင်မရာမန်းမရှိဘူး။ ဟိုမှာဆို ညီမလေးတွေရှိတယ်လေ။ အဲ့လိုမျိုးပေါ့။ ဒီမှာကျ ကိုယ့်ဟာကိုယ်ဖုန်းကိုထောင်ပြီး ရိုက်လည်း ကင်မရာက လှဲလှဲသွားတော့လေ။ သိပ်ပြီး အဆင်မပြေဘူး”လို့ပြောပြထားပါတယ်။

crd

zawgyi

အခုေနာက္ပိုင္းမွာ လူမႈကြန္ယက္ေတြမွာ ခ်ဲလန႔္ေတြ ေခၚရင္းနဲ႔ နာမည္ႀကီး လာတဲ့ ဆက္ဆီေမာ္ဒယ္ဖူးပြင့္ခိုင္ဟာဆိုရင္ ပုရိသေတြရဲ႕ အသည္းစြဲ အႏုပညာရွင္ တစ္ဦးျဖစ္သလို မိန္းကေလးခ်င္းေတာင္အားက်ရတဲ့ေမာ္ဒယ္မေလးလည္းျဖစ္ပါတယ္။ ဖူးပြင့္ခိုင္က မၾကာေသးမီက အကုန္သိသတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ကိတ္ေအာင္ တင္သားက အသား ကို ရင္သားထဲထည့္ထားတဲ့အေၾကာင္းနဲ႔ အႏုပညာလႈပ္ရွားမႈေလးေတြအေၾကာင္းကို ေျပာျပသြားပါတယ္။ ဖူးပြင့္ခိုင္က ဆက္ဆီေမာ္ဒယ္ေလာက ထဲ ဝင္ေရာက္လာျဖစ္ပုံကို “ဆက္ဆီေမာ္ဒယ္လုပ္တာကက်ေတာ့ အရင္က ညီမက ဓာတ္ပုံ႐ိုက္တာ။ သူမ်ားေတြက ညီမရဲ႕ မ်က္ႏွာနဲ႔ ညီမရဲ႕ ခႏၶာကိုယ္နဲ႔ဆိုႀကိဳက္တယ္ဆိုၿပီးလာငွားၾကတာ။ ထိုင္းမွာက ဆက္ဆီေမာ္ဒယ္ေတြအမ်ားႀကီးရွိတယ္။ ကိုယ့္ထက္ေခ်ာတဲ့သူေတြသာတဲ့သူေတြ ၊ခြဲစိတ္ထားတာေတြ၊ ညီမလိုပုံစံမ်ိဳးနဲ႔ျဖစ္ႏိုင္တယ္ဆိုၿပီး လာငွားတာ။ ကိုယ့္ထက္သုံးဆေလာက္ယူတဲ့အခ်ိန္မွာ ညီမက ႏွစ္ဆေလာက္ပဲယူတယ္။ အဲ့ေတာ့ ညီမကိုလာငွားၾကတယ္။ ဆက္ဆီေမာ္ဒယ္ က 2016 ေလာက္ကတည္းကလုပ္တာ။ ဒါေပမယ့္ ညီမက တင္လည္းမတင္ဘူး။ရွက္လို႔”လို႔ေျဖၾကား ထားပါတယ္။

ဆက္ဆီေမာ္ဒယ္ လုပ္တဲ့ အေပၚမိသားစုရဲ႕ သေဘာထားကိုလည္း ဖူးပြင့္ခိုင္က “အရင္တုန္းက အေမက မလုပ္ပါနဲ႔သမီးရယ္ မ်က္ႏွာပူစရာႀကီးရွက္စရာႀကီးဆိုၿပီးေျပာတယ္။အခုေတာ့ လက္ခံတယ္။ ပိုက္ဆံရွာတာေလ။ ႐ိုး႐ိုးသားသားပိုက္ဆံရွာတာ။ သူမ်ားဆီက ကလိမ္ကက်စ္က်ၿပီးရယူထားတဲ့ ပိုက္ဆံ လည္းမဟုတ္ဘူး။ ဒီလိုပဲအလုပ္ေတြနဲ႔ပိုက္ဆံရွာတယ္။ အေဖ့ကိုလည္းေထာက္ပံ့တယ္။ အေမ့ကိုလည္းေထာက္ပံ့တယ္”လိုပ ေျပာျပထားပါတယ္။ ဖူးပြင့္ခိုင္က တင္ပါးကအသားကိုရင္သားထဲ ထည့္ထားတာပဲရွိၿပီးအျခားခြဲစိတ္ထားတာမရွိေၾကာင္းကိုလည္း “မရွိဘူး။ ႏွာေခါင္းကလည္း အေမေပးထားတာပဲ။ အကုန္လုံးကအေမေပးထားတာေတြခ်ည္းပဲ။ အခ်ိဳ႕က်ေတာ့လည္း ရင္သားႀကီးလာတယ္ေပါ့ေျပာၾကတယ္။ အမွန္ေတာ့ Gym ေဆာ့တယ္။ Gym အရမ္းေဆာ့တယ္။ ညီမက အမွန္အတိုင္း ေျပာရရင္ တင္ေတြ ဘာေတြရွိေတာ့ တင္ရဲ႕အသားကိုရင္သားထဲထည့္လိုက္တာ။ သိတယ္မလား ဆီလီကြန္ မဟုတ္ဘူး။ ကိုယ့္အသားကိုပဲ ျပန္ထည့္တာ။ခြဲစိတ္ထားတာ ဆီလီကြန္ထည့္တာေတာ့မရွိဘူး။ေၾကာက္လည္းေၾကာက္တယ္”လို႔ ေျပာထားပါတယ္

လက္ရွိအႏုပညာ လႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဖူးပြင့္ခိုင္က “ညီမအခု ရန္ကုန္ ကို အလည္လာတာဆိုေပမယ့္ ဓာတ္ပုံ ႐ိုက္တယ္။ video ႐ိုက္တယ္။ MTV အေသးစားေလးေတြ႐ိုက္တယ္။ ဟာသလိုပုံစံေလးေတြေပါ့။ သိပ္ၿပီးအခ်ိန္မရလို႔ ဒီမွာဆိုကင္မရာမန္းမရွိဘူး။ ဟိုမွာဆို ညီမေလးေတြရွိတယ္ေလ။ အဲ့လိုမ်ိဳးေပါ့။ ဒီမွာက် ကိုယ့္ဟာကိုယ္ဖုန္းကိုေထာင္ၿပီး ႐ိုက္လည္း ကင္မရာက လွဲလွဲသြားေတာ့ေလ။ သိပ္ၿပီး အဆင္မေျပဘူး”လို႔ေျပာျပထားပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *