စစ်သား မိန်းမ တစ်ယောက် ပြောပြ တဲ့ တပ်တွင်း ကြုံတွေ့နေရ တဲ့ အခြေအနေ

Posted on

စစ်သား မိန်းမတစ်ယောက်ပြောပြတဲ့ တပ်တွင်း ကြုံတွေ့ နေရတဲ့ အခြေအနေယောက်ျားရှေ့တန်းထွက်သွားတာ နှစ်လပြည့်တော့မယ် ဘာအဆက်သွယ်မှမရဘူး။တပ်တွင်းမှာလည်းလူမှုကွန်ရက်သုံးခွင့်ပိတ်ထားတယ် MWD နဲ့MRTV ပဲကြည့်ခွင့်ပေးတယ်။ကျန်ခဲ့တဲ့ မိန်းမတွေညဘက်ဆို တပ်တွင်းမှာ ယူနီဖောင်းဝတ်ပီး ကင်းစောင့်ရတယ်။အခုဆိုရင်မြို့တွေထဲပါခေါ်သွားတယ်ပါးစပ်ပိတ်

Mask ကိုလုံးဝလုံးဝမချွတ်ဖို့သတိပေးထားတယ်။ ယူနီဖောင်း အပြည့်စုံ လက်နက်တွေနဲ့ တစ်နေကုန်ကားပေါ်မှပဲထိုင်နေရတယ်။အင်အားပြပေါ့ လိုင်းခန်းမှာကျန်ခဲ့တဲ့၂ နှစ်အရွယ်ကလေးလေးကိုပဲသနားတယ် ။ကျန်ခဲ့တဲ့သမီးလေးအတွက် တပ်ရင်းဗိုလ်ကြီးကဘာမှမပူနဲ့ နင့်သမီး ကို ငါတို့သမီးလိုစောင့်ရှောက်ပေးမယ် လို့ပြောတယ်။

မနက်တည်းကတပ်ရင်းကထွက်တာ ညမိုးချုပ်မှ အိမ်ပြန်ရောက်တယ်။ အထက်လူကြီးတွေကဘာရည်ရွယ်ချက်နဲ့လုပ်တာလည်းတော့မသိဘူး။မလိုက်တဲ့သူကိုလိုင်းခန်းမှာမနေဖို့ပြောတယ်။အခုနေများလက်နက်ကိုင်အဖွဲ့တွေသူတို့ တပ်ရင်းတွေကိုဝင်စီးရင်တော့ ညီမတို့အသေဆိုးနဲ့သေရမှာ။ မိဘတွေဆီပြန်ဖို့ကလည်းမဖြစ်ဘူး မရှိတော့ဘူး။သူတို့ဘဝတွေကဆုပ်လည်းစူး စားလည်းရူးရမဲ့ဘဝတွေပါလား။မအလ မင်းပေးဆပ်ရမှာကများနေပြီနော်ပြည်သူ့အရေးတော်ပုံကြီးမုချအောင်ရမည်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *