စစ်ဘေး ဒုက္ခကို ခံစားနေရတဲ့ ပြည်သူတချို့ အတွက် ဖိနပ်လေးတွေ ကို သွားရောက် လှူဒါန်းပေး ခဲ့ကြတဲ့ အလှူရှင် တစ်စု

Posted on

ဒီကာလမှာ လူတိုင်းနီးပါး စီးပွါးရေးခက်ခဲနေကြတာ ကြောင့် စုဆောင် ထားတာလေးတွေကိုသာ ခြွေတာသုံးစွဲပြီးလိုအပ်တဲ့နေရာတွေကိုလည်း လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။စေတနာ၊သဒ္ဒါတရားထက်သန်ကြတဲ့ ပြည်သူတွေကတော့ ဒုက္ခရောက်နေတဲ့သူတွေကို တွေ့တိုင်း စာနာမှုအပြည့်နဲ့ ကူညီပေး ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ စစ်ဘေး ဒုက္ခကိုခံစားနေရတဲ့ ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ နေထိုင်ကြတဲ့တိုင်းရင်းသား ပြည်သူတချို့အတွက် ပြည်သူတွေကပဲ ကူညီထောက်ပံ့ပေးမှုတွေ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း စေတနာရှင်လူငယ်လေးတစ်စု ကတော့ ရခိုင်ပြည်နယ်က တချို့နေရာတွေမှာ စစ်ဘေးဒုက္ခကိုခံစားနေရတဲ့ပြည်သူတစ်စုအတွက် ဖိနပ်လေးတွေသွားရောက်လှူဒါန်းပေးကြတာ ဖြစ်ပါတယ်။လူကြီးတွေအတွက်ဖိနပ်တွေဆိုဒ်စုံအပြင် ကလေ းငယ်လေးတွေအတွက်ပါ ဖိနပ်လေးတွေလှူပေးကြတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကလည်း လာရောက်လှူဒါန်းပေးကြတဲ့ ဖိနပ်လေးတွေကို သေသေချာချာတန်းစီးပြီး ယူနေကြတာဖြစ်ပါတယ်။ အခုချိန်မှာ ပြည်သူတိုင်းက ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေကို မျှဝေခံစားပေးနေကြတာကြောင့်ကြည်နူး ပီတိဖြစ်စရာကောင်းလှပါတယ်။

ဒါ့ကြောင့်လည်း (၂)လကျော်ကြာသွားပြီဖြစ်တဲ့ ဒီ အခြေအနေ ကို ပြည်သူတွေကလည်း စည်းစည်းလုံးလုံးနဲ့ဆက်လက်တောင့်ခံနေကြဆဲဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေရဲ့နေရာတွေက သွားလာရခက်ခဲကြပေမယ့်လည်း စေတနာရှင်ပြည်သူတစ်စုကတော့ ရောက်အောင်သွားပြီး လှူဒါန်းပေးကြတာဖြစ်ပါတယ်။လိုအပ်နေတဲ့သူတွေကို ကူညီပေးခွင့်ရတဲ့ အလှူရှင်တွေရဲ့စေတနာကိုလည်း အသိအမှတ်ပြုရင်း ပီတီဖြစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:PAING SOE(ARAKAN)

Leave a Reply

Your email address will not be published. Required fields are marked *