စစ်ဘေးရှောင် ပြည်သူများကို သွားရောက်အားပေးရင်း လိုအပ် နေတာ လေးတွေ ကို ဝိုင်းဝန်း ကူညီ လှူဒါန်း ပေးဖို့ တိုက်တွန်း လာတဲ့ MMA ကစားသမား ANTONIYAR

Posted on

အာဏာရှင်စနစ် ဆန့်ကျင် ဆန္ဒပြလူထု လှုပ်ရှားမှုတွေ မှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေ နဲ့အတူ ဘက်ပေါင်းစုံက အနုပညာများ အပြင် မြန်မာနိုင်ငံကိုယ်စားပြု နာမည်ကြီး အားကစားသမားတွေလည်း တစ်သားတည်းရပ်တည်ပေးတာ တွေ့ရပါတယ်။

ဒီလို ပြည်သူတွေ နဲ့ အပြည့်အဝရပ်တည်ပေးခဲ့တဲ့ အားကစား သမား တွေ ထဲမှာ MMA ဖိုက်တာ ကစားသမား ကယန်း တိုင်းရင်းသူလေး Bozhena Antoniyar လည်း အပါအဝင်ပဲဖြစ်ပါတယ်။

Bozhena Antoniyar ဟာ ယခုဆိုရင် အာဏာရှင်စနစ် ကျရှုံးရေးအတွက် ကယားပြည်နယ်က ပြည်သူ့ ကာကွယ်ရေး PDFတပ်ဖွဲ့ရဲ့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် တွေ မှာ စစ်ကောင်စီတပ်တွေ နဲ့ မြို့ခံ စုပေါင်း PDF တပ်တွေ အကြား ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ယင်း စစ်ရှောင်နေရတဲ့ နေရာသို့ Bozhena Antoniyar ဟာ ဇွန်လ (၃) ရက်ညက သွားရောက်ပြီး ထွက်ပြေးလာတဲ့ ဒေသခံပြည်သူတွေကို အားပေးစကားခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

ဒါ့ အပြင် စစ်ရှောင်ပြည်သူများ လိုအပ်နေတဲ့ ဆန်၊ဆီ၊ဆား၊ ဆေးဝါး၊ မိုးကာအကြီး(တလပတ်)၊အိပ်သာခွက်၊ ကလေးများအတွက် မုန့်အနည်းငယ်၊သောက်ရေသန့်၊ အမျိုးသမီးလစဉ်သုံး၊ ရေချိုးခန်းသုံး အသုံးအဆောင်ပစ္စည်း၊ စောင် ၊ ခြင်ထောင်၊ မိုးတွင်း သုံး ခြုံမိုးကာ စတဲ့ လို့အပ်တဲ့ ပစ္စည်းတွေကို စေတနာရှင်များက ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြဖို့ကိုလည်း တိုက်တွန်းလာခဲ့ပါတယ်။

သတင်းအရင်းမြစ်: Source – Bozhena Antoniyar

Leave a Reply

Your email address will not be published. Required fields are marked *