စစ်ဘေးရှောင် နဲ့ လိုအပ်တဲ့ နေရာတွေကို သူမရဲ့ အဝတ်အထည်တွေ လှူဖို့ အတွက် အခက် တွေ့နေသော အရာ တစ်ခုအား ပြောပြလာတဲ့ ခင်သဇင်

Posted on

မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော လူထူလှုပ် ရှားမှုများတွင် ပြည်သူတွေနဲ့အတူ အချို့သော အနုပညာရှင်များလည်း တက်ကြွစွာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုအနုပညာရှင်များထဲတွင် သရုပ်ဆောင် ခင်သဇင်လည်းတစ်ယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။ သူမကတော့ နေ့စဉ် ရက်ဆက် လမ်းပေါ် ထွက်ကာ ဆန္ဒထုတ်ဖော်ရုံသာမကဘဲ လိုအပ်တဲ့ နေရာများသို့ သွားရောက် လှူဒါန်းပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့သော ခင်သဇင်ကိုတော့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခင်သဇင်တစ်ယောက် ဘေးကင်းလုံခြုံရာနေရာသို့ တိမ်းရှောင်နေရတာဖြစ်ပါတယ်။ သို့သော်လည်း အမှန်တရား အတွက် ရောက်ရာနေရာကနေ တော်လှန်တိုက်ပွဲ ဝင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေပြီး အလှူလေးတွေလည်း လှူဒါန်းပေးနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်က ခင်သဇင်ရဲ့ လူမှုကွန်ယက်တွင် စစ်ဘေးရှောင်နဲ့ လိုအပ်တဲ့ နေရာတွေကို သူမရဲ့အဝတ်အထည်တွေ လှူဖို့အတွက် အခက်တွေ့နေသော အရာတစ်ခုအား ဖွင့်ဟ ပြောပြလာတာ ဖြစ်ပါတယ်။

ရိုက်ကူးရေးတွေ လုပ်နေရသူတစ်ဦး ဖြစ်တာကြောင့် သူမရဲ့ ဝတ်စုံတွေအားလုံးဟာ ဒီဇိုင်းရိုးရိုးတွေ ဟုတ်မနေတဲ့အတွက် လှူဒါန်းဖို့ အကြပ်ရိုက်နေကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ ” စစ်ဘေးရှောင်နဲ့ လိုအပ်တဲ့နေရာလေးတွေကို အဝတ်ထည် တွေ အားလုံး နီးပါး လှူပစ်ချင်ပါတယ်။ ခက်တာက ဒီဇိုင်းတွေက ရိုးရိုးကြီးတွေမဟုတ်တော့ တော်တော် လှူရမှာ အကျပ်ရိုက်နေပါတယ် 😰😰😰အကြံပေးကြည့်ပါဦး… ဘယ်လို လှူသင့်လဲ ဆိုတာ…” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း စစ်ဘေးရှောင်နေကြရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများဝတ်ဆင်ရန် သူတို့မှာ ရှိတဲ့ အဝတ်အထည်တွေကို တတ်နိုင်သလောက် လှူဒါန်းပေးနေကြတာ ကြည်နူးစရာကောင်းလှပါတယ်။ အခြားလိုအပ်နေတဲ့ နေရာများကိုလည်း ဆက်လက်ပြီး လှူဒါန်းပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။

Source and Photo Crd-Khin Thazin’s Facebook Account

zawgyi

ျမန္မာႏိုင္ငံတြင္ လက္ရွိ ျဖစ္ေပၚေနေသာ လူထူလႈပ္ ရွားမႈမ်ားတြင္ ျပည္သူေတြနဲ႔အတူ အခ်ိဳ႕ေသာ အႏုပညာရွင္မ်ားလည္း တက္ႂကြစြာ ပါဝင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ထိုအႏုပညာရွင္မ်ားထဲတြင္ သ႐ုပ္ေဆာင္ ခင္သဇင္လည္းတစ္ေယာက္ အပါအဝင္ပဲ ျဖစ္ပါတယ္။ သူမကေတာ့ ေန႔စဥ္ ရက္ဆက္ လမ္းေပၚ ထြက္ကာ ဆႏၵထုတ္ေဖာ္႐ုံသာမကဘဲ လိုအပ္တဲ့ ေနရာမ်ားသို႔ သြားေရာက္ လႉဒါန္းေပးခဲ့သူတစ္ဦး ျဖစ္ပါတယ္။

အမွန္တရားဘက္ကေန မားမားမတ္မတ္ ရပ္တည္ခဲ့ေသာ ခင္သဇင္ကိုေတာ့ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုအေရးယူထားတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခင္သဇင္တစ္ေယာက္ ေဘးကင္းလုံၿခဳံရာေနရာသို႔ တိမ္းေရွာင္ေနရတာျဖစ္ပါတယ္။ သို႔ေသာ္လည္း အမွန္တရား အတြက္ ေရာက္ရာေနရာကေန ေတာ္လွန္တိုက္ပြဲ ဝင္ေနဆဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ကိုယ္တတ္ႏိုင္တဲ့ အခန္းက႑ကေန ပါဝင္ေဆာင္႐ြက္ေနၿပီး အလႉေလးေတြလည္း လႉဒါန္းေပးေနဆဲ ျဖစ္ပါတယ္။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္က ခင္သဇင္ရဲ႕ လူမႈကြန္ယက္တြင္ စစ္ေဘးေရွာင္နဲ႔ လိုအပ္တဲ့ ေနရာေတြကို သူမရဲ႕အဝတ္အထည္ေတြ လႉဖို႔အတြက္ အခက္ေတြ႕ေနေသာ အရာတစ္ခုအား ဖြင့္ဟ ေျပာျပလာတာ ျဖစ္ပါတယ္။

႐ိုက္ကူးေရးေတြ လုပ္ေနရသူတစ္ဦး ျဖစ္တာေၾကာင့္ သူမရဲ႕ ဝတ္စုံေတြအားလုံးဟာ ဒီဇိုင္း႐ိုး႐ိုးေတြ ဟုတ္မေနတဲ့အတြက္ လႉဒါန္းဖို႔ အၾကပ္႐ိုက္ေနေၾကာင္းကိုလည္း အခုလို ေရးသားထားတာ ျဖစ္ပါတယ္။ ” စစ္ေဘးေရွာင္နဲ႔ လိုအပ္တဲ့ေနရာေလးေတြကို အဝတ္ထည္ ေတြ အားလုံး နီးပါး လႉပစ္ခ်င္ပါတယ္။ ခက္တာက ဒီဇိုင္းေတြက ႐ိုး႐ိုးႀကီးေတြမဟုတ္ေတာ့ ေတာ္ေတာ္ လႉရမွာ အက်ပ္႐ိုက္ေနပါတယ္ 😰😰😰အႀကံေပးၾကည့္ပါဦး… ဘယ္လို လႉသင့္လဲ ဆိုတာ…” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ျပည္သူေတြကလည္း စစ္ေဘးေရွာင္ေနၾကရတဲ့ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားဝတ္ဆင္ရန္ သူတို႔မွာ ရွိတဲ့ အဝတ္အထည္ေတြကို တတ္ႏိုင္သေလာက္ လႉဒါန္းေပးေနၾကတာ ၾကည္ႏူးစရာေကာင္းလွပါတယ္။ အျခားလိုအပ္ေနတဲ့ ေနရာမ်ားကိုလည္း ဆက္လက္ၿပီး လႉဒါန္းေပးၾကပါဦးလို႔ တိုက္တြန္းလိုက္ပါရေစ။

Source and Photo Crd-Khin Thazin’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *