စင်္ကြာတွေ ချိတ်တာ နဲ့ ပတ်သက်ပြီး နားလည်မှု လွဲနေကြတဲ့ ပြည်သူတွေ ကို သေသေချာချာ ရှင်းလင်း ပြောပြလာတဲ့ ဖြိုးမြတ်အောင်

Posted on

ပရိသတ်ကြီးရေ ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေ မှာ နိုင်ငံအတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ဖြိုးမြတ်အောင်ကလည်း တစ်ယောက်အပါအဝင်ပါ။ ပြည်သူတွေနဲ့အတူ လူထု လှုပ်ရှားမှုကြီး မှာ တက်ကြွစွာ ပါဝင်နေတဲ့ ဖြိုးမြတ်အောင် က လိုအပ်တဲ့နေရာတွေ မှာလည်း သူရဲ့ ချွေးနည်းစာ ထဲကနေ အလှူပြုလေ့ရှိတာကို တွေ့ရပါတယ်။

ဒါ့အပြင်လည်း အားပေးသူ Follower များတဲ့ သူရဲ့ Facebook Account ထက်မှာ လည်း လက်ရှိ အခြေအနေနဲ့ သက်ဆိုင် တဲ့ post တွေကို အများပြည်သူသိရအောင် ဝေမျှလေ့ရှိတာပါ။ ဒီကနေ့မှာတော့ ဖြိုးမြတ်အောင် က သူရဲ့ အိမ်ရှေ့မှာ စင်္ကြာလေးတွေချိတ်တာနဲ့ ပတ်သတ်ပြီး အထင်အမြင် လွဲနေတဲ့ လူတစ်ချို့ကို ပြန်လည် ရှင်းပြလာခဲ့ပါတယ်။

ဒါကတော့ ဖြိုးမြတ်အောင်က လွန်ခဲ့တဲ့ ၂နှစ်ကတည်းက သူရဲ့ အိမ်ရှေ့မှာ စင်္ကြာ ချိတ်ခဲ့တာဖြစ်ပြီး အပြင်သွားရင် အန္တရယ်ကင်းအောင် စင်္ကြာပန်းဆောင်လေ့ရှိတာကိုလည်း ပြောပြလာခဲ့ပါတယ်။ အခုလို အခြေအနေမျိုးမှာ သေချာမစုံစမ်းပဲ ထင်မြင်ရာပြောနေကြတဲ့ လူတစ်ချို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့ ဖြိုးမြတ်အောင်က ” စင်္ကြာချိတ်ထား တိုင်း ဒလန်မဟုတ်ဘူး ဆိုတာပြောချင်တာပါ သေချာ တိတိကျကျ စုံစမ်းပြီးမှ အဖြေ ထုတ်ကြပါ ခင်ဗျာ အရေး တော်ပုံ အောင်ရမည် ” ဆိုပြီး သူရဲ့ ဖြေရှင်းချက်အဆုံးမှာ ရေးသား ဝေမျှလာတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo credit – Phyo Myat Aung’s FB account

zawgyi

ပရိသတ္ႀကီးေရ ေဖေဖာ္ဝါရီလ အစကတည္းက ေျပာင္းလဲခဲ့တဲ့ အေျခအေနေတြ မွာ ႏိုင္ငံအတြက္ တစ္ေထာင့္ တစ္ေနရာကေန ပါဝင္အားျဖည့္ေနတဲ့ အႏုပညာရွင္ေတြထဲမွာ အဆိုေတာ္ ၿဖိဳးျမတ္ေအာင္ကလည္း တစ္ေယာက္အပါအဝင္ပါ။ ျပည္သူေတြနဲ႔အတူ လူထု လႈပ္ရွားမႈႀကီး မွာ တက္ႂကြစြာ ပါဝင္ေနတဲ့ ၿဖိဳးျမတ္ေအာင္ က လိုအပ္တဲ့ေနရာေတြ မွာလည္း သူရဲ႕ ေခြၽးနည္းစာ ထဲကေန အလႉျပဳေလ့ရွိတာကို ေတြ႕ရပါတယ္။

ဒါ့အျပင္လည္း အားေပးသူ Follower မ်ားတဲ့ သူရဲ႕ Facebook Account ထက္မွာ လည္း လက္ရွိ အေျခအေနနဲ႔ သက္ဆိုင္ တဲ့ post ေတြကို အမ်ားျပည္သူသိရေအာင္ ေဝမွ်ေလ့ရွိတာပါ။ ဒီကေန႔မွာေတာ့ ၿဖိဳးျမတ္ေအာင္ က သူရဲ႕ အိမ္ေရွ႕မွာ စၾကၤာေလးေတြခ်ိတ္တာနဲ႔ ပတ္သတ္ၿပီး အထင္အျမင္ လြဲေနတဲ့ လူတစ္ခ်ိဳ႕ကို ျပန္လည္ ရွင္းျပလာခဲ့ပါတယ္။

ဒါကေတာ့ ၿဖိဳးျမတ္ေအာင္က လြန္ခဲ့တဲ့ ၂ႏွစ္ကတည္းက သူရဲ႕ အိမ္ေရွ႕မွာ စၾကၤာ ခ်ိတ္ခဲ့တာျဖစ္ၿပီး အျပင္သြားရင္ အႏၲရယ္ကင္းေအာင္ စၾကၤာပန္းေဆာင္ေလ့ရွိတာကိုလည္း ေျပာျပလာခဲ့ပါတယ္။ အခုလို အေျခအေနမ်ိဳးမွာ ေသခ်ာမစုံစမ္းပဲ ထင္ျမင္ရာေျပာေနၾကတဲ့ လူတစ္ခ်ိဳ႕ေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္ခဲ့ရတဲ့ ၿဖိဳးျမတ္ေအာင္က ” စၾကၤာခ်ိတ္ထား တိုင္း ဒလန္မဟုတ္ဘူး ဆိုတာေျပာခ်င္တာပါ ေသခ်ာ တိတိက်က် စုံစမ္းၿပီးမွ အေျဖ ထုတ္ၾကပါ ခင္ဗ်ာ အေရး ေတာ္ပုံ ေအာင္ရမည္ ” ဆိုၿပီး သူရဲ႕ ေျဖရွင္းခ်က္အဆုံးမွာ ေရးသား ေဝမွ်လာတာျဖစ္လို႔ ပရိသတ္ေတြထံ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

Photo credit – Phyo Myat Aung’s FB account

Leave a Reply

Your email address will not be published.