ငြိမ်းငြိမ်း ချမ်းချမ်း နဲ့ စည်းကမ်း ရှိစွာ ဆန္ဒပြ သူများ ကို ကျေးဇူး တင် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် သတင်း စကားပါး

Posted on

ယခုလက်ရှိအချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိစွာ ဆန္ဒပြသည့်ပြည်သူများ ကို ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ သတင်းစကားပါးလိုက်တယ်လို့ မရမ်းကုန်းမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်ရဲ့ ပြောပြချက် အရ သိရပါတယ်။

ယနေ့ ရန်ကုန်မြို့ရှိ လှည်းတန်းလမ်းဆုံမှာ ဆန္ဒ ထုတ်ဖော်ပြသနေသည့် ပြည်သူများကို လာရောက်ဝန်းရံအားပေးစကားပြောခဲ့စဉ်မှာ ဒေါက်တာမေဝင်းမြင့်က NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားကို ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း စည်းကမ်း ရှိစွာနဲ့ ဆန္ဒပြတာကို သိကြောင်းနဲ့ ကျေးဇူးလည်းတင်ကြောင်း ပြောပါတယ်”လို့ ဒေါက်တာမေဝင်းမြင့်က ပြောပါတယ်။ ယခုကဲ့သို့ ဆန္ဒပြရာမှာ ကျောင်းသားပြည်သူများနဲ့ ပြည်သူများ အားလုံး ပူးပေါင်းပါဝင်သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ခေါင်းဆောင်များသည် လူငယ်များရဲ့နောက်မှာ အမြဲတမ်းရှိနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ယခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်နဲ့ ဦးဝင်းထိန်တို့သည် နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်နေရပြီး ကျန်းမာစွာရှိနေတယ်လို့ NLD က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

zawgyi

ယခုလက္ရွိအခ်ိန္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ စည္းကမ္းရွိစြာ ဆႏၵျပသည့္ျပည္သူမ်ား ကို ေက်းဇူးတင္ရွိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္မွ သတင္းစကားပါးလိုက္တယ္လို႔ မရမ္းကုန္းၿမိဳ႕နယ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေမဝင္းျမင့္ရဲ႕ ေျပာျပခ်က္ အရ သိရပါတယ္။

ယေန႔ ရန္ကုန္ၿမိဳ႕ရွိ လွည္းတန္းလမ္းဆုံမွာ ဆႏၵ ထုတ္ေဖာ္ျပသေနသည့္ ျပည္သူမ်ားကို လာေရာက္ဝန္းရံအားေပးစကားေျပာခဲ့စဥ္မွာ ေဒါက္တာေမဝင္းျမင့္က NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သတင္းစကားကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း စည္းကမ္း ရွိစြာနဲ႔ ဆႏၵျပတာကို သိေၾကာင္းနဲ႔ ေက်းဇူးလည္းတင္ေၾကာင္း ေျပာပါတယ္”လို႔ ေဒါက္တာေမဝင္းျမင့္က ေျပာပါတယ္။

ယခုကဲ့သို႔ ဆႏၵျပရာမွာ ေက်ာင္းသားျပည္သူမ်ားနဲ႔ ျပည္သူမ်ား အားလုံး ပူးေပါင္းပါဝင္သည့္အတြက္ ေက်းဇူးတင္ရွိေၾကာင္းနဲ႔ ေခါင္းေဆာင္မ်ားသည္ လူငယ္မ်ားရဲ႕ေနာက္မွာ အၿမဲတမ္းရွိေနတယ္လို႔ ထည့္သြင္းေျပာဆိုခဲ့ပါတယ္။ယခုအခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဦးဝင္းျမင့္၊ ေဒါက္တာမ်ိဳးေအာင္နဲ႔ ဦးဝင္းထိန္တို႔သည္ ေနျပည္ေတာ္မွာ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ေနထိုင္ေနရၿပီး က်န္းမာစြာရွိေနတယ္လို႔ NLD က ထုတ္ျပန္ထားတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *