ငေးမောစရာ ကောင်းလောက်အောင် Gym ဆော့ကစား ရင်း ဆွဲဆောင်မှု ရှိ တဲ့ နောက်ကျော အလှတရား တွေ နဲ့ ဖမ်းစားထားတဲ့ အေးမြတ်သူ

Posted on

မင်းသမီးချော အေးမြတ်သူကတော့ အနုပညာလောကကို မော်လ်ဒယ် တစ်ယောက် အနေနဲ့ စတင်ခဲ့ပြီး အခက်အခဲကြားထဲကနေ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားလုပ်ကိုင်လာတာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင် ပိုမိုပါဝင် ရိုက်ကူးလာရတာကို တွေ့ရပါတယ်။ ဒါ့အပြင် အေးမြတ်သူရဲ့ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့်လည်း အကယ်ဒမီဆုကို ထိုက်ထိုက် တန်တန် ရရှိခဲ့ပါတယ်။

အေးမြတ်သူက သွယ်လျကျစ်လျစ်တဲ့ ကိုယ်လုံးလေးအပြင် ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေ ကို ပိုင်ဆိုင်ထားပြီး နုပျိုလှပနေတာ တွေ့ရပါတယ်။ ဒါ့အပြင် အေးမြတ်သူက လတ်တလောမှာလည်း အပြင်းအထန် Gym ဆော့ကစားလေ့ကျင့်နေတာတွေကို နေ့စဥ်ပြုလုပ်နေပြီး ပရိသတ်တွေ ကိုလည်း ပြန်လည် မျှဝေပေးပါတယ်။ ယခုမှာဆိုရင်လည်း အေးမြတ်သူ က ပရိသတ်တွေငေးမောသွားရလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ အေးမြတ်သူက ကိုယ်ကျပ်ဝတ်စုံလေးနဲ့ Gym ဆော့ ကစားရင်း ဆွဲဆောင် မှုရှိတဲ့ သူမရဲ့နောက်ကျောအလှတွေကို ဖော်ပြပေးကာ အထာကျကျ ပို့စ်ပေးနေတာ ဖြစ်ပါတယ်။ဒီပုံလေးတွေနဲ့လည်း အေးမြတ်သူက ” လှပခြင်းထက် ကျန်းမာခြင်း က ….. မင်း ကို ပိုပြီးပျော်ရွှင်စေတယ်….ဘာမှဟုတ်ဖူး… ပုံတင်ချင်တာ အဆူခံရမှာစိုးလို့ ….ချစ်ရသူတွေ အားလုံး ကျန်းမာရေးဂရုစိုက်ကြပါရှင့်..” ဆိုပြီ ရေးသားထားပါသေးတယ်။ ကဲ..ပရိသတ်တွေလည်း ကြွေရက်စရာအလှတရားတွေပေါ်လွင်နေတဲ့ အေးမြတ်သူရဲ့ အလန်းစား ပုံရိပ်လေးတွေကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit- Aye Myat Thu fb account

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *