မန္တလေးဆေးရုံကြီးမှ ပျောက်သွားသည့် ကိုဗစ်လူနာ ဆိုက်ကား စီး၍ အိမ်ပြန်လာစဉ် ပြန်လည်တွေ့ရှိ ဒီဇင်ဘာ၉ရက်နေ့ နေ့လည်ပိုင်းတွင်အနံ့ပျောက် အမျိုးသမီး(၁)ဦးကို မန္တလေးအထွေထွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ညပိုင်းတွင် ၎င်း၏ အဖြေမှာ Positive ဖြစ်ပြီး လူပျောက် သွားကြောင်း ဆေးရုံကြီးမှ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့သို့ အကြောင်းကြားလာသဖြင့်
၎င်းနေထိုင်သော (၄၁လမ်း/ကမ်းနားလမ်းဈေး) အနီးရှိ ရပ်ကွက်နေ ပြည်သူများ နှင့် သံလျှက်မှော်အနောက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ တို့မှ လိုက်လံရှာဖွေ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ယနေ့ဒီဇင်ဘာ၁၀ရက်၊ နံနက် (၈:၁၅)အချိန်တွင် (၄၁လမ်း၊ ၈၉လမ်း+လမ်း၉၀)ကြား၌ ၎င်းလူနာ မှာ ဆိုက္ကားငှါး၍ ပြန်လာသည်ကို တွေ့ရှိရပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ
အကြောင်းကြားလာသဖြင့် မဟာ – လူမှုကယ်ဆယ်ရေးယာဉ် No(၇) ဖြင့် ဆေးရုံကြီး စောင့်ကြည့်အဆောင်သို့ ပို့ဆောင်ခဲ့ပါသည်။ ကိုဗစ်လူနာနှင့် တိုက်ရိုက်ထိစပ်သူ ဆိုက္ကားဆရာကိုလည်း ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးသတင်းကွန်ရက်/ The Mandalay Post News Agency
ဓာတ်ပုံ ကိုသက်ကြီး မဟာ
zawgyi
မႏၲေလးေဆး႐ုံႀကီးမွ ေပ်ာက္သြားသည့္ ကိုဗစ္လူနာ ဆိုက္ကား စီး၍ အိမ္ျပန္လာစဥ္ ျပန္လည္ေတြ႕ရွိ ဒီဇင္ဘာ၉ရက္ေန႔ ေန႔လည္ပိုင္းတြင္အနံ႔ေပ်ာက္ အမ်ိဳးသမီး(၁)ဦးကို မႏၲေလးအေထြေထြေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ရာ ညပိုင္းတြင္ ၎၏ အေျဖမွာ Positive ျဖစ္ၿပီး လူေပ်ာက္ သြားေၾကာင္း ေဆး႐ုံႀကီးမွ မဟာလူမႈကယ္ဆယ္ေရးအဖြဲ႕သို႔ အေၾကာင္းၾကားလာသျဖင့္
၎ေနထိုင္ေသာ (၄၁လမ္း/ကမ္းနားလမ္းေဈး) အနီးရွိ ရပ္ကြက္ေန ျပည္သူမ်ား ႏွင့္ သံလွ်က္ေမွာ္အေနာက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးအဖြဲ႕ တို႔မွ လိုက္လံရွာေဖြ ေစာင့္ၾကည့္ျခင္းမ်ား ေဆာင္႐ြက္ခဲ့သည္။ ယေန႔ဒီဇင္ဘာ၁၀ရက္၊ နံနက္ (၈:၁၅)အခ်ိန္တြင္ (၄၁လမ္း၊ ၈၉လမ္း+လမ္း၉၀)ၾကား၌ ၎လူနာ မွာ ဆိုကၠားငွါး၍ ျပန္လာသည္ကို ေတြ႕ရွိရၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕တို႔မွ
အေၾကာင္းၾကားလာသျဖင့္ မဟာ – လူမႈကယ္ဆယ္ေရးယာဥ္ No(၇) ျဖင့္ ေဆး႐ုံႀကီး ေစာင့္ၾကည့္အေဆာင္သို႔ ပို႔ေဆာင္ခဲ့ပါသည္။ ကိုဗစ္လူနာႏွင့္ တိုက္႐ိုက္ထိစပ္သူ ဆိုကၠားဆရာကိုလည္း ေရာဂါပိုး ရွိ/မရွိ ဆက္လက္စစ္ေဆး သြားမည္ျဖစ္ေၾကာင္း သိရသည္။
မႏၲေလးသတင္းကြန္ရက္/ The Mandalay Post News Agency
ဓာတ္ပုံ ကိုသက္ႀကီး မဟာ