ငါ့မြေး တို့နဲ့အတူ ရှိမယ် ဆိုပြီး လူထုလှုပ်ရှားမှု ပြုလုပ်နေတဲ့ လူငယ်လေးတွေ အတွက် စိတ်ခွန်အားတွေ ပေးခဲ့ကြတဲ့ အဘိုးအဘွားများ

Posted on

မြန်မာတစ်နိုင်ငံလုံးမှာ ပြုလုပ်နေတဲ့ လူထုလှုပ်ရှားမှု ပွဲတွေမှာတော့ လူကြီးလူငယ်၊ ကျားမ မရွေး ပါဝင်နေကြတာ ဖြစ်ပါတယ် ။ သွက်လက်တက်ကြွကြတဲ့ လူငယ်တွေက ရှေ့ဆုံးကနေ ပြည်သူတွေကိုကာကွယ်ပေးဖို့အတွက် အမြဲဦးဆောင်နေကြသလို လူကြီးတွေကလည်း အနောက် ကနေ ဖေးမကူညီပေးနေတာ ဖြစ်ပါတယ် ။ လူငယ်တွေ နဲ့ လူကြီးတွေကြားမှာလည်း နားလည်မှုတွေယူပြီး ညှိနှိုင်းဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း ရန်ကုန်မြို့မှာရှိတဲ့ လူငယ် တစ်ချို့က သူတို့ကိုအားပေးကူညီဖို့နဲ့ မှားတာရှိရင် သွန်သင်ဆုံးမပြီး လမ်းပြပေးဖို့အတွက် လူကြီးတွေဆီမှာ ဒူးထောက်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အခုလည်း မွန်ပြည်နယ်က အဘိုးအဘွားတွေက ဆန္ဒ ထုတ်ဖော်နေတဲ့ လူငယ်တွေကို အားပေးထားတာ ဖြစ်ပါတယ် ။

အဘိုးအဘွားတွေက လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေနိုင်မယ့် အားပေး စကားတွေ ကို ရေးသားပြီး သူတို့ရဲ့မေတ္တာကို ဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဘိုးအဘွားတွေက “ငါ့မြေးတို့နဲ့အတူရှိနေမယ်၊ အခုအချိန်အထိ ကြိုးစားပေးလို့ ကျေးဇူး တင်ပါတယ်၊ အားတင်းထားပါ” ဆိုတဲ့ အားပေးစကားတွေကို ရေးသားပြောပြခဲ့ကြတာ ဖြစ်ပါတယ် ။ လူငယ်တွေကို တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပေးနေကြတဲ့ အဘိုးအဘွားတွေ ကတော့ တကယ့်ကို လေးစားချစ်ခင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ မွန်ပြည်နယ်က အဘိုးအဘွားတွေရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *