ငရဲ နဲ့ ဝဋ်က အမြဲလိုက်နေမယ် ဆိုတာ ကို မမေ့ကြ ဖို့မှာရင်း နဲ့ သူများ အပေါ်မှာ အနိုင်မကျင့်ဘဲ ကိုယ်ချင်းစာတတ်စေဖို့ အကြံပေးလိုက်တဲ့ ပိုပို

Posted on

အဆိုတော်မလေး ပိုပိုက တေးသီချင်းကောင်း များစွာနဲ့ ဂီတလောက မှာ အောင်မြင်ကျော်ကြားနေတဲ့ ပရိသတ်အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ် ။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာတော့ ပိုပိုက ပြည်သူတစ်ယောက်နေရာကနေ သူမရဲ့ရင်တွင်းဆန္ဒတွေကို ဖော်ပြ တောင်းဆိုနေတာပဲ ဖြစ်ပါတယ် ။ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင် အားဖြည့်ပေးနေတဲ့ ပိုပိုက ပြည်သူတွေ ဘက်ကနေ ရပ်တည်နေသလို အားပေးစကားတွေလည်း အမြဲတမ်းပြောပေးနေတာ ဖြစ်ပါတယ် ။

ဒီရက်ပိုင်းမှာ ပိုပိုက ဂီတလောကသားတွေ စုံစုံလင်လင်ပါဝင်တဲ့ ဂီတအနုပညာရှင်အဖွဲ့နဲ့ အတူ လူထု လှုပ်ရှားမှုတွေကို တက်ညီလက်ညီ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ် ။ လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ သူမတို့ရဲ့ဆန္ဒတွေကို ကြွေးကြော် အော်ဟစ်ကာ တောင်းဆိုနေတဲ့ ပိုပိုကတော့ နေ့တိုင်း အားအင်အပြည့်နဲ့ ရှေ့ဆက်နေတာ ဖြစ်ပါတယ် ။ အခုလည်း ပိုပိုက သူမခံယူထားတဲ့သဘောထားလေးကို ပြောပြပြီး ပြည်သူပရိသတ်တွေကို အကြံပေးထားတာ ဖြစ်ပါတယ် ။

ပိုပိုက “ကျွန်မဟာ ထေရဝါဒဗုဒ္ဓဘာသာ တစ်ဦးပါ မြတ်စွာဘုရားရဲ့မေတ္တာသည်သာ အောင်မြင်ခြင်း ဆိုတဲ့ တရားကို ယုံကြည်လက်ခံပါတယ် ကိုယ့်ကိုယုတ်မာတာ အနိုင်ကျင့်တာတို့ ကိုယ်မကြိုက်တာကို သူများက ကိုယ့်အပေါ်လုပ်ရင် မကြိုက်ရင် ကိုယ်မကြိုက်တဲ့ အရာကို သူများအပေါ်ကိုလည်း ဘယ်တော့မှ ပြန်မလုပ်ပါဘူး မိတ်ဆွေ တို့လည်း သူများကို ပြန်မလုပ်ပါနဲ့ စကားလုံးတွေနဲ့ အနိုင်မကျင့်ပါနဲ့ မေတ္တာထားပါ ကိုယ်ချင်းစာပါ 🙏🏽ငရဲ နဲ့ဝဋ်က နောက်က အမြဲလိုက်နေမှာမမေ့ပါနဲ့ ( ကျွန်မကို သဘောမကျရင်လည်း unfri & block လုပ်ပါ ကျွန်မကလည်း သဘောမကျရင် လုပ်မှာပါ) ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာ ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit -ဝတ်ရည်မိုး’s FB Acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *