“ဂွတ်ဘိုင်” သီချင်းလေး နဲ့ နှုတ်ဆက် သွားတဲ့ အင်ဒို ရေငုပ် သင်္ဘောသားတွေ

Posted on

ပျောက်ဆုံးအင်ဒိုရေငုပ်သင်္ဘောသားတွေ ရေငုပ်သင်္ဘော ထဲမှာ စုပြီး “ဂွတ်ဘိုင်” သီချင်း ဆိုနေခဲ့တဲ့ ဗီဒီယိုပေါ်ထွက်လာခဲ့ပါတယ်။

အခုရေအောက်နစ်မြှုပ်သွားတဲ့ အင်ဒိုနီးရှား ရေငုပ် သင်္ဘော KRI 402 မှ ရေတပ်သားတွေဟာ “Sampai Jumpa” “ဂွတ်ဘိုင်” လို့ အဓိပ္ပာယ်ရတဲ့သီချင်းကို လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က ပျော်ရွှင်စွာစုပေါင်းသီဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီလိုဂစ်တာတစ်လက်နဲ့ ပျော်ရွှင်စွာစုပေါင်းသီဆိုခဲ့ကြတဲ့ အထဲမှာ ရေငုပ်သင်္ဘောရေယာဉ်မှူးဖြစ်သူ Heri Oktavian ပါပါဝင်နေတာကိုတွေ့ရပါတယ်။”Even though I’m not ready to be missing you, I’m not ready to live without you,” “I wish all the best for you.”

“မင်းကိုမေ့နိုင်ဖို့ အဆင်သင့်မဖြစ်သေးသော်လည်း၊ မင်းမရှိပဲ နေဖို့ အဆင်သင့်မဖြစ်သေးသော်လည်း၊ ငါမင်းကိုအကောင်းဆုံးဆန္ဒပြုပါတယ်” စတဲ့သီချင်းစာသားတွေ သီဆိုနေတာကို အောက်ကဗီဒီယိုထဲမှာတွေ့ရပါတယ်။

အင်ဒိုနီးရှားစစ်တပ်ကတော့ ဒါဟာ ရေတပ်ရေငုပ်သင်္ဘော ရေယာဉ်မှူးနေရာလဲလို့ နှုတ်ဆက်သီချင်းဆိုနေတာလို့ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် အယူစွဲကြီးတဲ့အင်ဒိုနီးရှားမှာ ဒီလို “ဂွတ်ဘိုင်”ဆိုတဲ့ သီချင်းမျိုးကို နမိတ်မရှိနမာမရှိ ရေငုပ်သင်္ဘောထဲမဆိုကောင်းဘူးဆိုပြီး ပြောဆိုနေကြပါကြောင်း။

crd

zawgyi

ေပ်ာက္ဆုံးအင္ဒိုေရငုပ္သေဘၤာသားေတြ ေရငုပ္သေဘၤာ ထဲမွာ စုၿပီး “ဂြတ္ဘိုင္” သီခ်င္း ဆိုေနခဲ့တဲ့ ဗီဒီယိုေပၚထြက္လာခဲ့ပါတယ္။

အခုေရေအာက္နစ္ျမႇဳပ္သြားတဲ့ အင္ဒိုနီးရွား ေရငုပ္ သေဘၤာ KRI 402 မွ ေရတပ္သားေတြဟာ “Sampai Jumpa” “ဂြတ္ဘိုင္” လို႔ အဓိပၸာယ္ရတဲ့သီခ်င္းကို လြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္က ေပ်ာ္႐ႊင္စြာစုေပါင္းသီဆိုခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီလိုဂစ္တာတစ္လက္နဲ႔ ေပ်ာ္႐ႊင္စြာစုေပါင္းသီဆိုခဲ့ၾကတဲ့ အထဲမွာ ေရငုပ္သေဘၤာေရယာဥ္မႉးျဖစ္သူ Heri Oktavian ပါပါဝင္ေနတာကိုေတြ႕ရပါတယ္။”Even though I’m not ready to be missing you, I’m not ready to live without you,” “I wish all the best for you.”

“မင္းကိုေမ့ႏိုင္ဖို႔ အဆင္သင့္မျဖစ္ေသးေသာ္လည္း၊ မင္းမရွိပဲ ေနဖို႔ အဆင္သင့္မျဖစ္ေသးေသာ္လည္း၊ ငါမင္းကိုအေကာင္းဆုံးဆႏၵျပဳပါတယ္” စတဲ့သီခ်င္းစာသားေတြ သီဆိုေနတာကို ေအာက္ကဗီဒီယိုထဲမွာေတြ႕ရပါတယ္။

အင္ဒိုနီးရွားစစ္တပ္ကေတာ့ ဒါဟာ ေရတပ္ေရငုပ္သေဘၤာ ေရယာဥ္မႉးေနရာလဲလို႔ ႏႈတ္ဆက္သီခ်င္းဆိုေနတာလို႔ဆိုပါတယ္။

ဘာပဲျဖစ္ျဖစ္ အယူစြဲႀကီးတဲ့အင္ဒိုနီးရွားမွာ ဒီလို “ဂြတ္ဘိုင္”ဆိုတဲ့ သီခ်င္းမ်ိဳးကို နမိတ္မရွိနမာမရွိ ေရငုပ္သေဘၤာထဲမဆိုေကာင္းဘူးဆိုၿပီး ေျပာဆိုေနၾကပါေၾကာင္း။

crd

Leave a Reply

Your email address will not be published. Required fields are marked *