ဂြိုလ်တု ကနေ အင်တာနက် ပေး လို့ရလား? နှင့် မြန်မာ နိုင်ငံ က ကိုယ်ပိုင် ဂြိုလ်တု ရှိလား?

Posted on

ပထမမေးခွန်းကို ဖြေရရင် ဂြိုလ်တုကနေ အင်တာနက် ပေး လို့ရပါတယ်။

ဒါပေမယ့် အဲ့လိုပေးနိုင်ဖို့အတွက် ကြားခံဆက်ကြောင်းတွေ များစွာ လိုပါတယ်။

Internet ကို communication satellites တွေကနေ ထောက်ပံပေး လို့ရပါတယ်။

Communication satellites အများစုဟာ geosynchronous satellite တွေဖြစ်ပြီး

geosynchronous satellite ဆိုတာကတော့ geostationary orbit မှာ ကမ္ဘာ လည်ပတ်သလို လိုက်လံ လည်ပတ်နေတဲ့ Satellite တွေဖြစ်ပါတယ်။

Geostationary orbit ဟာ Equator ရဲ့ အပေါ် 22,236 miles (35,785 km) အမြင့်မှာ တည်ရှိတာဖြစ်ပါတယ်။

Geostationary Orbit မှာ တည်ရှိတဲ့ Satellite တွေဟာ ကမ္ဘာကိုဗဟိုပြုပြီး ကမ္ဘာကြီးက သူ့ ဝင်ရိုးပေါ်မှာ တည်ပြီး လည်ပတ်သလို လိုက်လံ လည်ပတ်နေတဲ့အတွက်

တူညီတဲ့နေရာတစ်ခုကို one sidereal day (23 hours, 56 minutes, and 4 seconds) တိုင်းမှာ ပြန်ရောက်ပါတယ်။

ဒါကြောင့် မြေပြင်က သတင်းအချက်အလက်ဖမ်းယူတဲ့ antenna တွေ ဟာ သူရဲ့ လမ်းကြောင်းကိုလိုက်စရာမလိုပဲ တစ်နေရာထဲကို ဦးတည်ပြီး ဖမ်းယူလို့ရပါတယ်။

ဒီလို Satellites ကနေ Internet အသုံးပြုဖို့အတွက် ပထမဦးစွာ Geostationary orbit မှာ လည်ပတ်နေတဲ့ Satellites တစ်လုံးလိုပါမယ်။

နောက် နေရာအနှံကို ဖြန့်ဝေပေးနိုင်ဖို့အတွက်နဲ့ Internet Data တွေကို Satellites ထံမှ radio waves (microwave) ကနေတဆင့် ဖမ်းယူနိုင်ဖို့အတွက် Gateway လို့ခေါ်တဲ့ Ground Station (မြေပြင်အခြေဆိုက်စခန်း) တွေလိုအပ်ပါတယ်။

နောက် အသုံးပြုသူက ဖမ်းယူအသုံးပြုနိုင်ရန်အတွက် Transceiver (သတင်း အချက်အလက်တွေ ထုတ်လွှင့်ခြင်း ပြန်လည်ဖမ်းယူခြင်း ပြုလုပ်နိုင်သော ပစ္စည်း) ပါဝင်တဲ့ VSAT (very-small-aperture terminal) dish antenna တွေ နောက် Transceiver ကနေ ဖမ်းယူရရှိတဲ့ digital format တွေကို Data အဖြစ်ပြောင်းလဲဖို့အတွက် modem (modulator-demodulator) တွေ လိုအပ်ပါမယ်။

ဒုတိယမေးခွန်းက မြန်မာမှာကိုယ်ပိုင် Geosynchronous Satellites ရှိလားဆိုတော့ မရှိပါဘူး

2021 ခုနှစ်မှာ ကိုယ်ပိုင် Satellites လွှတ်တင်ဖို့အတွက် ဂျပန်အကူအညီနဲ့ ကြိုးစားနေခဲ့တာ ရှိပါတယ်။

ဒီစီမံကိန်းမှာ ငါးနှစ်အတွင်း microsatellite နှစ်ခု လွှတ်တင်နိုင်ဖို့အတွက် ဂျပန်က Hokkaido University နဲ့ Tohoku University ရယ် မြန်မာက Myanmar Aerospace Engineering University ရယ် ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပြီး US$ 16 million ခန့်ကုန်ကျမယ့် စီမံကိန်းဖြစ်ပါတယ်။

အဲ့ဒီနှစ်ခုထဲက တစ်ခုကို နာဆာက ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ ကမ္ဘာ့အထက် မိုင် ၂၅၀ ရှိ နိုင်ငံတကာ အာကာသစခန်းကို လွှတ်တင်တဲ့ များပြားလှသော ထောက်ပံ့ရေး ပစ္စည်းများထဲမှ အစိတ်အပိုင်းတခုအဖြစ် လွှတ်တင်ပေးခဲ့ပါတယ်။

အဆိုပါ Satellites ဟာ Microsatellite ဖြစ်တဲ့အတွက် (50 Kg သာလေးပါတယ်) (ဆက်သွယ်ရေး ဂြိုလ်တု မဟုတ်ပါဘူး) Internet Service ကို ထောက်ပံပေးနိုင်ခြင်းမရှိပါဘူး။

ဒီဂြိုလ်တုဟာ ကမ္ဘာမြေလေ့လာရေး ဂြိုလ်တုအမျိုးအစားဖြစ်တဲ့ အတွက် ပုံရိပ်(ဓါတ်ပုံ) တွေထောက်ပံပေးနိုင်မှုရှိပါတယ်။

နဂို ရည်ရွယ်ချက်က စိုက်ပျိုးရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပါ။

လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်က သူတို့အကျိုးအတွက် အသုံးပြုမှာ စိုးရိမ်တာကြောင့် ဂျပန်ဟာ အဆိုပါ ဂြိုလ်တုကို ထိမ်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ အာကာသစခန်းအတွင်းမှာပဲ ဒီဂြိုလ်တုက ရှိနေသေးတာပါ

ကမ္ဘာပတ်လမ်းထဲကို လွှတ်တင်ခြင်း မပြုလုပ်ရသေးပါဘူး။

နောက်တစ်ခုက မြန်မာမှာ လက်ရှိအသုံးပြုနေတဲ့ Myanmar Sat 2 ဆိုတာ ရှိပါတယ်။

ဒီ Myanmar Sat 2 ဆိုတာက ၂၀၁၉ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ တုန်းက ပြင်သစ်နိုင်ငံကတော့ လွှတ်တင်တဲ့ Intelsat 39 ဆိုတဲ့ Satellite မှာ Myanmar Sat 2 ဆိုပြီးတော့ ဆက်သွယ်ရေးအစိတ်အပိုင်း တစ်ခုပါဝင်ပြီး မြန်မာနိုင်ငံကအသုံးပြုခွင့် ရမှာ ဖြစ်ပါတယ်။

C-Band နဲ့ KU-Band ဆက်သွယ်ရေး ဂြိုလ်တုလိုင်းတွေကို အသုံး ပြုနိုင်တာဖြစ်ပြီး 3G နဲ့ 4G internet လိုင်းတွေကို ထောက်ပံပေးနိုင်ပါတယ်။

ဒီစီမံကိန်းကို 2017 ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ကုန်ကျ စရိတ်အနေနဲ့ US$ 155.7 Million ကျသင့်ခဲ့ပါတယ်။

စီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ 2022 မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ 95% ကို Internet အထောက်အပံပေးနိုင်အောင် ဖြစ်ပါတယ်။

ဒီ Intelsat 39 ဟာတော့ Geosynchronous Satellites ဖြစ်တဲ့အတွက် အထက်မှာပြောခဲ့သလို Internet လိုင်းတွေကို ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။

ကိုယ်ပိုင်မဟုတ်ပါဘူး တစ်စိတ်တစ်ပိုင်းသာ ပိုင်ဆိုင်တာဖြစ်ပါတယ်။

Mytel အပါအဝင် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများဟာ Myanmar Sat 2 မှ အရည်အသွေးမြင့်မားသည့် Bandwidth များကို ရယူသုံးစွဲနေခဲ့ပြီး ဖြစ်ပါတယ်။

Myanmar Sat 2 ကို ၂၀၁၉ အောက်တိုဘာကစ၍ ဂြိုဟ်တုသက်တမ်း ကုန်သည်အထိ ၁၅ နှစ် အသုံးပြု ခွင့်ရမှာဖြစ်ပါတယ်။

နောက် Myanmar Sat 1 ဆိုတာ ရှိပါသေးတယ်

အဲ့ဒါကို ၂၀၁၆ မေလ ၂၇ ရက်ကစပြီး ငါးနှစ်စာချုပ် နဲ့ IntelSat ကုမ္ပဏီထံက ငှားရမ်းပြီး အသုံးပြုခဲ့တာပါ

Myanmar Sat 1 မှာတော့ ချန်နယ် 350MHz အထိသာ အသုံ းပြုခွင့်ရခဲ့ပြီး Myanmar Sat 2 မှာတော့ Transponder ၂ ခု၊ ချန်နယ် 864MHz အထိ အသုံးပြုခွင့်ရခဲ့လို့ ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများထိပါ ဆက်သွယ်ရေးကွန်ရက်များ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

ဒီနောက် Myanmar Sat 3 ဆိုတဲ့ စီမံကိန်းလဲ ရှိပါသေးတယ်။

နည်းပညာဆိုင်ရာ အသုံးအနှုန်းများ အချက်အလက်များ မှားယွင်းမှုရှိပါက တတ်သိ ပညာရှင်များအနေနဲ့ ထောက်ပြပေးပါခင်ဗျာ

ဒီစာကို အချို့သော ကောလာဟာလများကို ရှင်းလင်း လိုတဲ့အတွက် ရေးခြင်းဖြစ်ပါတယ်။

အရေးတော်ပုံ အောင်ရမည်

Credit

Leave a Reply

Your email address will not be published. Required fields are marked *