ဂျာကာတာ မှာ လုပ်မယ့် အာဆီယံ ညီလာခံ ကို စစ်ကောင်စီ ခေါင်းဆောင် တက်မည်

Posted on

ဧပြီလ ၂၄ ရက်၊ အင်ဒိုနီးရှား၊ ဂျာကာတာ မှာ ကျင်းပမယ့် အာဆီယံနိုင်ငံ များ ညီလာခံကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုကြောင်း Nikkei Asia သတင်းမှာ ဖော်ပြ ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ Global Centre of R2P ညွှန်ကြားရေးမှူး Dr. Simon Adams က “”နိုင်ငံတကာတရားစီရင်ရေးအရ စစ်ကောင်စီခေါင်းဆောင်ကို မြန်မာနိုင်ငံထဲက ထွက်လာပြီဆိုတာနဲ့ ဖမ်းဆီးသင့်တယ်” လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အာဆီယံ ညီလာခံကို အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် သွားဝံ့၊ မသွားဝံ့ နဲ့ ပတ်သက်ပြီး အခုရက်ပိုင်း အင်တာနက် လူမှုကွန်ရက်တွေမှာ ဆွေးနွေးငြင်းခုံမှုတွေ မြင့်တက်နေပါတယ်။

စစ်ကောင်စီအတွင်းမှ ထိပ်သီးအရာရှိ ၁၁ ဦး နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံ ထားရတဲ့ သတင်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပယ်ချသွားခဲ့ပြီး သူတို့တွေဟာ နေပြည်တော်မှာ တာဝန်ထမ်းဆောင်လျက် ရှိတယ်လို့ Nikkei Asia ကို ပြောပါတယ်။

Crd:Orginal Uploader

zawgyi

ဧၿပီလ ၂၄ ရက္၊ အင္ဒိုနီးရွား၊ ဂ်ာကာတာ မွာ က်င္းပမယ့္ အာဆီယံႏိုင္ငံ မ်ား ညီလာခံကို စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္မယ္လို႔ စစ္တပ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုေၾကာင္း Nikkei Asia သတင္းမွာ ေဖာ္ျပ ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ Global Centre of R2P ၫႊန္ၾကားေရးမႉး Dr. Simon Adams က “”ႏိုင္ငံတကာတရားစီရင္ေရးအရ စစ္ေကာင္စီေခါင္းေဆာင္ကို ျမန္မာႏိုင္ငံထဲက ထြက္လာၿပီဆိုတာနဲ႔ ဖမ္းဆီးသင့္တယ္” လို႔ သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ အာဆီယံ ညီလာခံကို အၾကမ္းဖက္စစ္ေကာင္စီ ေခါင္းေဆာင္ သြားဝံ့၊ မသြားဝံ့ နဲ႔ ပတ္သက္ၿပီး အခုရက္ပိုင္း အင္တာနက္ လူမႈကြန္ရက္ေတြမွာ ေဆြးေႏြးျငင္းခုံမႈေတြ ျမင့္တက္ေနပါတယ္။

စစ္ေကာင္စီအတြင္းမွ ထိပ္သီးအရာရွိ ၁၁ ဦး ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးခံ ထားရတဲ့ သတင္းကိုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ ပယ္ခ်သြားခဲ့ၿပီး သူတို႔ေတြဟာ ေနျပည္ေတာ္မွာ တာဝန္ထမ္းေဆာင္လ်က္ ရွိတယ္လို႔ Nikkei Asia ကို ေျပာပါတယ္။

Crd:Orginal Uploader

Leave a Reply

Your email address will not be published. Required fields are marked *