ပရိသတ်တွေချစ်ခင် အားပေးနေရတဲ့ မင်းသမီးလေး တစ်လက်ကတော့ သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိထားတဲ့ မင်းသမီးလေးတစ်လက် ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ သူမရဲ့ရုပ်ရှင် ဇာတ်ကားတွေ ဟာလည်း တစ်ကားဆို ဆိုသလောက် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ရရှိထားတာပါ။
သင်ဇာတစ်ယောက် လတ်တလော မှာလည်း ကိုဗစ် ကပ်ရောဂါတွေကြောင့် ရိုက်ကူးရေးတွေရပ်နားထားရပြီး ကြော်ငြာလေးတွေနဲ့ Photo shooting တွေကိုသာ လက်ခံရိုက်ကူးနေရတာပါ။ အခုမှာလည်း သင်ဇာက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အလှ ပုံရိပ်လေးတွေ တင်ထားတာပါ။ ဒါကတော့ အားလပ်ရက်မှာ ရန်ကုန်မြို့ရဲ့ လမ်းမထက်မှာ အထာကျကျပိုစ့်ပေးထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။
သင်ဇာက ဂေါ်လွန်းနေတဲ့ အမိုက်စားဖက်ရှင် နဲ့ လိုက်ဖက် နေပြီး Maskတပ်ကာ အထာကျနေခဲ့တာပါ။ ချစ်ပရိသတ်တွေလည်း မသင်ဇာရဲ့ ပုံရိပ်အလန်းတွေကို ကြည့်ပြီး အရင်ကထက် ပိုချစ်မိမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေး လိုက်ပါတယ် ။ ဒါ့အပြင် သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အားပေးလိုက်ကြပါဦးနော်…… ။
Photo credit – Thin Zar Wint Kyaw’s Facebook Account