ဂေဟာသို့ အကူညီ လာတောင်း တာကြောင့် ကလေးတွေ အတွက် လိုအပ်တဲ့ နို့မှုန့်ဘူးတွေ ကို တတ်နိုင် သလောက် လှူဒါန်းပေး ခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ် ကားများတွင် ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် တတ်နိုင်သလောက်လှူဒါန်းမှုတွေ ပြုလုပ်ပေးရန် အမြဲအသင့်ရှိနေသူ ဖြစ်ပါတယ်။ အခုလို ကူညီပေးနေ တဲ့ ခိုင်နှင်းဝေ ရဲ့ စိတ်ထား ကတော့ ချီးကျူးစရာပါပဲနော်။

ဂေဟာသို့ လှူဒါန်းပေးကြတဲ့ ကလေးအသုံးအဆောင် ပစ္စည်းများ ကိုလည်း အကူအညီ လာတောင်းသူများအား အမြဲလိုလို လှူဒါန်းပေးနေသူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်နိုင်အောင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် တင်ပေး နေတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခိုင်နှင်းဝေရဲ့ Facebook Page တွင် ဒီနေ့အတွက် အလှူတစ်ခုပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်။

သူမကလည်း ” နို့မှုန့် အကူအညီလေးပါရှင်…ဂေဟာမှာ အကူအညီ လာတောင်းတဲ့ အတွက် ကျွန်မ တတ်နိုင်သလောက်လေး လှူဒါန်းပေးဖြစ်ခဲ့ပါတယ်..ခဏတာလေးပဲ ဖြစ်ဖြစ် အဆင်ပြေကြပါစေရှင်..🙏🙏🙏…” ဆိုပြီးရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေး ကို ဖတ်ရှုပြီး ကြည်နူး ဝမ်းမြောက်စေရန် တစ်ဆင့်ပြန်လည် ကူး ယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khine Hnin Wai’s Facebook Page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *