ခြေထောက်ကို ကျည်ထိသွားတဲ့အပြင် သူ့ကို ဆို င်ကယ် မှာကြိုး နဲ့ ချည်ပြီး ဒရွတ်တိုက်ဆွဲ ခံခဲ့ရတာကြောင့် ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်း ကိုကပ္ပလီ

Posted on

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် ပြည်သူတွေကလည်း လူထုလှုပ်ရှားမှုတွေ ကို နည်းလမ်းမျိုးစုံနဲ့ပြုလုပ်နေကြပြီး ကျဆုံးသွားတဲ့သူရဲကောင်းတွေလည်း အယောက်(၅၀၀)ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။အခုကာလမှာတစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေရတာဖြစ်လို့ ကျန်ရစ်သူ မိသားစုဝင်တွေကလည်း ယူကြုံးမရဖြစ်နေကြတာဖြစ်ပါတယ်

။အခုဆိုရင်လည်း သူရဲကောင်း ကိုသီဟ(ခ)ကိုသက်ဦး(ခ)ကပ္ပလီကတော့ (9.4.2021)ရက်နေ့မှာ ကျဆုံးသွား ခဲ့တာဖြစ်ပါတယ်။ကိုကပ္ပလီက လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ခြေထောက်ကိုကျည်ထိသွားလို့ မပြေးနိုင်တဲ့အချိန်မှာ သူ့ကို ဆိုင်ကယ်မှာကြိုးနဲ့ချည်ပြီး ဒရွတ်တိုက်ဆွဲခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် အသက်ပေးသွား ခဲ့ရတာဖြစ်ပါတယ်။

ကိုကပ္ပလီကတော့ မိခင်မုဆိုးမကြီးနဲ့ကျောင်းနေအရွယ်ညီမလေး နှစ်ယောက် ကိုလုပ်ကျွေးပြုစုနေတာကြောင့်မိသားစုအတွက်အားကိုးရတဲ့သားအကြီးဆုံးတစ်ယောက်ဖြစ်ပါတယ်။ကိုကပ္ပလီက မိသားစုစီးပွါးရေးအဆင်မပြေလို့ ကျူးကျော်မှာနေထိုင်နေရပေမယ့်လည်း အများအကျိုးအတွက်ဆိုရင် ရှေ့ဆုံးကနေပါဝင်တတ်တဲ့သူဖြစ်ပါတယ်။

ကိုဗစ်ကာလတစ်လျှောက်လုံးမှာဆိုရင်လည်း သူရဲကောင်းကိုကပ္ပလီက သူငယ်ချင်းတွေ နဲ့အတူ Positive လူနာနဲ့ထိစပ်လူနာများကို အဟာရဒါနလှူဒါန်းမှုတွင် ကိုယ်တိုင်ကားမောင်းပေးပြီး ကုသိုလ်ပြုခဲ့တာဖြစ်ပါတယ်။

ကိုကပ္ပလီက စိတ်ရင်းစေတနာအရမ်းကောင်းတာကြောင့် ရပ်ကွက်ထဲမှာ ဆိုရင် လူချစ် လူချင်ပေါများတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ကိုကပ္ပလီကတော့ “COVID မဖြစ်ရင်အိမ်လေးပြင်နေရပြီ အခုတော့ နိုင်ငံရေးအခြေအနေမကောင်းလို့ အိမ်ပြင်မယ့်ပိုက်ဆံလေးနဲ့စားနေရတယ်”ဆိုပြီး မိတ်ဆွေတစ်ဦးကို ရင်ဖွင့်ခဲ့ ဖူးတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း သူရဲကောင်းကိုကပ္ပလီရဲ့ဆန္ဒလေး ကို ဝိုင်းဝန်း ဖြည့်ဆည့်ပေးကြဖို့အတွက် ပြည်သူတစ်ဦးက မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။သူရဲကောင်းကိုကပ္ပလီရဲ့ကျန်ရစ်သူမိသားစုကို ကူညီလှူဒါန်းချင်သူများအတွက်(ပဲခူးမြို့၊ကျွန်းသာယာရပ်ကွက်၊ တပင်ရွှေထီး(၁)လမ်း)ကိုသွားရောက်ပြီး လှူဒါန်းလို့ရကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *