ရှာဖွေလေ အကျိုးရှိလေပါ ။
ညနေ ၆ နာရီလောက်ဆိုရင်ခြင်ကိုက်တယ်။
အဲ ၈ နာရီ ကျော်ရင် မကိုက်တော့ဘူး။
မကိုက်ပေမယ့်လဲခြင်ထောင်အပြင် မှာ ရိပ်ခနဲ ရိပ်ခနဲ ရန်သူ့ လေယာဉ်တွေက အလစ် ချောင်းနေကြတယ်။
ကိုရွှေသွေးလွန်တုတ်ကွေး ကြောက် ရတော့ စိတ်မညစ်ရအောင် ။
ဘေးထွက်ဆိုးကျိုးမှ မရှိတဲ့ သဘာဝ ခြင်ဆေး လေးဝေမျှပေးလိုက်မယ်
ဒီလိုလေး လုပ်ကြည့်ပါတဲ့ –
တစ်ရှူးလေးတရွက်ကို နှစ်ခေါက်ခေါက် ကတော့ ထိုးပြီး နနွင်းမှုန့်သိပ် ပြီးထိပ်ဖက်လေးကိုမီးညှိအပေါ် မှာထားထွန်း…။
ပြေးလိုက်တဲ့ခြင်တွေ ပါတဲ့ ။ ဖြစ်နိုင် ပါတယ်။ နနွင်းမှုံ့ ခြင်ဆေးခွေတောင်ရှိသေးတာပဲဥစ္စာ ။
ဒီနေ့ ညနေ ကျနော် စမ်းကြည့်မယ် ။ သူ့ကတော့က ကြီးတယ် ။ ( ဆနွင်းမှုံ့ ) နနွင်းမှုံ့ အများကြီး ကုန်မှာ ၊ သေးသေးလုပ် စမ်းရတယ် ။
ကိုကိုခြင် ကိုက်ဖို့မပြောနဲ့ အနားတောင် မသီရဲဖူး ။
ခရစ်ဒစ်