ချောင်းဆိုး၊ အကြောဆွဲ၊ဆီးရောဂါ အတွက်

Posted on

ဖုံးမသိမ်အရွက်ဟာ အနံ့အရမ်းပြင်းတယ်လူတိုင်းမသောက်နိုင်တဲ့အနံ့ဆိုးကိုပိုင်ဆိုင်ထားပါတယ်။

အနံ့ဆိုးသလောက် ဆေးစွမ်းလည်းထက်တယ်ကျွန်တော်သိရလောက်လေးတွေကိုပြန်လည်မျှဝေပေးမယ်နော်။

ချောင်းဆိုးခြင်းအတွက်

ချောင်းဆိုး ပန်းနာ ရင်ကြပ် ၊သလိပ်ပါခြင်း၊သွေးပါခြင်း၊ ချောင်းခြောက်ဆိုးခြင်း

ချောင်ဆိုးတာနဲ့ပတ်သတ်လာရင်ဖုံးမသိမ်အရွက်ကိုခူးရေစင်အောင်ဆေး အရည်ထွက်အောင်ညှစ်/ထောင်းပါ။

ပြီးလျှင်ရရှိလာတဲ့အရည်ကို ဆားနဲနဲခတ်ပြီးမနက်တစ်ကြိမ် ညတစ်ကြိမ်သောက်ပေးပါအနံ့ကတော့တော်တော်ဆိုးပါတယ်။

အနံ့ဆိုးသလောက် ဆေးစွမ်းလည်းတကယ်ထက်ပါတယ် သောက်ပြီးတာနဲ့ချက်ချင်းသိသာပါတယ်။ မယုံမရှိပါနဲ့လက်တွေ့သောက်လက်တွေ့ပျောက်လို့မျှဝေပေးလိုက်တာပါ။

အကြောရောဂါအတွက်

အကြောဆွဲ၊ ခြေသေ၊ လက်သေ၊ လေမလျှောက်၊ ကိုယ်တစ်ခြမ်းလေး၊ အခိုးမပွင့်သည့်ရောဂါ၊

လေငန်းဖြတ်ရောဂါ၊ ကိုယ်လက်ကိုက်ခဲခြင်းများကိုဖုံးမသိမ်ရွက်အရည်+အရက်+နှမ်းဆီ+သံပုရာရည်တို့ကိုရောစပ်၍လိမ်းပေးခြင်းဖြင့် သက်သာစေပါသည်။

ဆီးရောဂါအတွက်

ဆီးရောဂါအတွက်လည်းကောင်းတဲ့ဖုံးမသိမ် လက်ဆတ်တဲ့ ဖုံးမသိမ်ရွက်ကိုခူး နုတ်နုတ်စင်းရေစင်အောင်ဆေး

ရေ၁လီတာကိုဆူပွက်အောင်တည်ပြီး ဖုံးမသိမ်အရွက်ကိုထည့်ပြီး ရေနွေးအဖြစ်သောက်သုံးမယ်ဆိုရင် ဆီးရွှင်စေပါတယ်

ဆီးကျောက်တည်ခြင်းကိုလည်းဆီးသွားရင်း ဆီးနဲ့အတူဆီးကျောက်ပါပါသွားနိုင်ပါတယ်။

မသိသူကျော်သွားသိသူဖော်စား

Leave a Reply

Your email address will not be published. Required fields are marked *