ချုပ်ရက် ရမန် စေ့ရင် ခေါင်းဆောင် တွေ လွတ် လာနို င်လား

Posted on

အဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် တို့နဲ့ တွေ့ခွင့် မရသေးဘူးလို့ သူတို့ရဲ့ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်မယ့် တရားလွှတ်တော် ရှေ့နေကြီး ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။ ရှေ့နေကိုယ်စားလှယ် လွှဲစာ ယူဖို့ တွေ့ခွင့် တောင်းပေမယ့် ကြန့်ကြာနေတာ ဖြစ်ပါတယ်။

တွေ့ခွင့်ပေးနိုင်တဲ့ ခရိုင်အဆင့် ရဲမှူးကြီး အလုပ်ရှုပ်နေလို့ ဆိုတဲ့ အကြောင်းပြချက် ပေးတယ် ဆိုပြီး ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ကို ချုပ်ရက် ရမန် ယူထားတာ လာမယ့် တနင်္လာနေ့ဆိုရင် ၁၄ရက် စေ့တော့မှာ ဖြစ်ပါတယ်။

အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စွဲထား တဲ့ သွင်းကုန် ပို့ကုန် ဥပဒေ ပုဒ်မ ၈၊ တခါ သမ္မတကြီး ဦးဝင်းမြင့်ကို စွဲထားတဲ့ သဘာ၀ ဘေးအန္တရာယ် ကာကွယ် ထိန်းချုပ်ရေး ပုဒ်မ ၂၅ တို့ဟာ ထောင်ဒဏ် ၃ နှစ် အများဆုံး ချနိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရာဇဝတ်ကျင့်ထုံး အရ ဆိုရင် ထောင် ၇ နှစ် အောက် စီရင်ရမယ့် ပုဒ်မမျိုးတွေ တပ်ခံထားရသူတွေကို ရမန် ၁၄ ရက် ထက် ကျော်ပြီး ယူလို့ မရဘူးလို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ဆိုပါတယ်။

ဒီတော့ တနင်္လာနေ့ ၁၅ ရက်နေ့ကျရင် စွပ်စွဲထားတဲ့ ပုဒ်မတွေ အတိုင်း အမှု မတင်နိုင်ရင် ပြန်လွှတ်ရမှာ ဖြစ်ပါတယ်။

ဒီ ပုဒ်မတွေဟာ နိုင်ငံရေး ပုဒ်မတွေလို့ မပြောနိုင်ပေမယ့် နိုင်ငံရေး ရည်ရွယ်ချက်၊ နိုင်ငံရေး အကြောင်းခံပြီး အစိုးရ ခေါင်းဆောင်တွေကို တပ်ကဖမ်း အာဏာသိမ်းထားတာ ဖြစ်တယ်လို့ ပြည်တွင်း ပြည်ပက အကဲခတ်တွေက တညီတညွတ်တည်း ပြောကြပါတယ်။
နိုင်ငံရေး ကိစ္စတွေမှာ လက်ရှိ စွပ်စွဲထားတဲ့ ပုဒ်မတွေ တင်မက ရုံးတင်တဲ့ နေ့မှာ ရမန်ထပ်ယူ နိုင်တဲ့ နောက် ဥပဒေ နောက်ပုဒ်မတွေ ထပ်တိုးတာမျိုး ကြုံရလေ့ ရှိတယ် ဆိုပြီး အရင် စစ်အစိုးရတွေ လက်ထက် ကိုယ်တိုင် ဖမ်းဆီး ခံခဲ့ရဖူးတဲ့ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒီအကြောင်း အပါအဝင် ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆုံးရ သတင်းတွေကို ဘီဘီစီရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု …..

ဓာတ်ပုံ – AFP/Getty Images
BBC

အဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္ တို႔နဲ႔ ေတြ႕ခြင့္ မရေသးဘူးလို႔ သူတို႔ရဲ႕ ေရွ႕ေနအျဖစ္ လိုက္ပါ ေဆာင္႐ြက္မယ့္ တရားလႊတ္ေတာ္ ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဘီဘီစီကို ေျပာပါတယ္။ ေရွ႕ေနကိုယ္စားလွယ္ လႊဲစာ ယူဖို႔ ေတြ႕ခြင့္ ေတာင္းေပမယ့္ ၾကန႔္ၾကာေနတာ ျဖစ္ပါတယ္။

ေတြ႕ခြင့္ေပးႏိုင္တဲ့ ခ႐ိုင္အဆင့္ ရဲမႉးႀကီး အလုပ္ရႈပ္ေနလို႔ ဆိုတဲ့ အေၾကာင္းျပခ်က္ ေပးတယ္ ဆိုၿပီး ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။
အတိုင္ပင္ခံ ပုဂၢိဳလ္နဲ႔ သမၼတႀကီးတို႔ကို ခ်ဳပ္ရက္ ရမန္ ယူထားတာ လာမယ့္ တနလၤာေန႔ဆိုရင္ ၁၄ရက္ ေစ့ေတာ့မွာ ျဖစ္ပါတယ္။

အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို စြဲထား တဲ့ သြင္းကုန္ ပို႔ကုန္ ဥပေဒ ပုဒ္မ ၈၊ တခါ သမၼတႀကီး ဦးဝင္းျမင့္ကို စြဲထားတဲ့ သဘာ၀ ေဘးအႏၲရာယ္ ကာကြယ္ ထိန္းခ်ဳပ္ေရး ပုဒ္မ ၂၅ တို႔ဟာ ေထာင္ဒဏ္ ၃ ႏွစ္ အမ်ားဆုံး ခ်ႏိုင္တဲ့ ပုဒ္မေတြ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ရာဇဝတ္က်င့္ထုံး အရ ဆိုရင္ ေထာင္ ၇ ႏွစ္ ေအာက္ စီရင္ရမယ့္ ပုဒ္မမ်ိဳးေတြ တပ္ခံထားရသူေတြကို ရမန္ ၁၄ ရက္ ထက္ ေက်ာ္ၿပီး ယူလို႔ မရဘူးလို႔ ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဆိုပါတယ္။

ဒီေတာ့ တနလၤာေန႔ ၁၅ ရက္ေန႔က်ရင္ စြပ္စြဲထားတဲ့ ပုဒ္မေတြ အတိုင္း အမႈ မတင္ႏိုင္ရင္ ျပန္လႊတ္ရမွာ ျဖစ္ပါတယ္။

ဒီ ပုဒ္မေတြဟာ ႏိုင္ငံေရး ပုဒ္မေတြလို႔ မေျပာႏိုင္ေပမယ့္ ႏိုင္ငံေရး ရည္႐ြယ္ခ်က္၊ ႏိုင္ငံေရး အေၾကာင္းခံၿပီး အစိုးရ ေခါင္းေဆာင္ေတြကို တပ္ကဖမ္း အာဏာသိမ္းထားတာ ျဖစ္တယ္လို႔ ျပည္တြင္း ျပည္ပက အကဲခတ္ေတြက တညီတၫြတ္တည္း ေျပာၾကပါတယ္။
ႏိုင္ငံေရး ကိစၥေတြမွာ လက္ရွိ စြပ္စြဲထားတဲ့ ပုဒ္မေတြ တင္မက ႐ုံးတင္တဲ့ ေန႔မွာ ရမန္ထပ္ယူ ႏိုင္တဲ့ ေနာက္ ဥပေဒ ေနာက္ပုဒ္မေတြ ထပ္တိုးတာမ်ိဳး ႀကဳံရေလ့ ရွိတယ္ ဆိုၿပီး အရင္ စစ္အစိုးရေတြ လက္ထက္ ကိုယ္တိုင္ ဖမ္းဆီး ခံခဲ့ရဖူးတဲ့ ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။
ဒီအေၾကာင္း အပါအဝင္ ၂၀၂၁ စစ္အာဏာသိမ္းမႈ ေနာက္ဆုံးရ သတင္းေတြကို ဘီဘီစီရဲ႕ တိုက္႐ိုက္ ထုတ္လႊင့္မႈ …..

ဓာတ္ပုံ – AFP/Getty Images
BBC

Leave a Reply

Your email address will not be published.