ချို့တဲ့ပြီး ခက်ခဲနေ ကြတဲ့ ပြည်သူတွေ နဲ့ ဝန်ထမ်း တွေ အတွက် အစား အသောက် တွေ ပေးဝေ လှူဒါန်း ခဲ့တဲ့ “ဝေဠုကျော်”

Posted on

ပရိသတ်ကြီးရေ.. အကယ်ဒမီမင်းသားကြီး ဝေဠုကျော် ကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့ ဝေဠုကျော် ဖောင်ဒေးရှင်း ကတော့ အမျိုးမျိုး သော အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် အမြဲဖေးမကူညီတတ်နေတာ ဖြစ်ပါတယ်..။ ၇ရက်သားသမီးအလှူရှင်တွေ လှူဒါန်းထားတဲ့ ငွေကြေးတွေ နဲ့ လိုအပ်နေကြတဲ့ ပြည်သူတွေအတွက် ပြန်လည် လှူဒါန်းမှုတွေ ကိုလုပ် ဆောင် နေ ပြီး လက်ရှိအခြေအနေတွေမှာလည်း အင်တိုက်အားတိုက် ပါဝင်အားဖြည့်လှူဒါန်းနေတာ တွေ့ရပါတယ်..။ ပရဟိတ အလုပ်တွေကို တစိုက်မတ်မတ်ပြီး လှူဒါန်းမှုတွေနေ့တိုင်းပြုလုပ်နေတဲ့ ဝေဠုကျော်ကတော့ ဒီကနေ့ မှာလည်း စားဝတ်နေရေးခက်ခဲ နေတဲ့ ပြည်သူတွေ နဲ့ စက်မှုဝန်ထမ်းတွေအတွက် အစားအသောက်တွေ ပေးဝေလှူဒါန်းခဲ့ပြန်ပါတယ်..။

သင်္ဃန်းကျွန်းက ပြည်သူတွေနဲ့ စက်မှုဝန်ထမ်းတွေ အတွက် ဝေဠုကျာ်က စားသောက် ကုန်တွေကိုကိုယ်တိုင်ကိုယ်ကျ အိမ်တိုင်ရာရောက်လိုက် လံပေးဝေပြီး လှူဒါန်းခဲ့တာဖြစ်ပြီး စေတနာရှင်တွေအနေနဲ့ နောက်ထပ်အလှူတွေမှာပါဝင်နိုင် ဖို့ကိုလည်း အလှူ ခံတိုက်တွန်း ထားတာ လည်း တွေ့ရပါတယ်..။ “29-3-2021 ဝေဠုကျော်ဖောင်ဒေးရှင်းမှ အလှူရှင်များကိုယ်စား ယနေ့ စားသောက်ရေးခက်ခဲနေသော သဃ်န်းကျွန်း ဇ / မြောက် ကျူးအိမ် များ နှင့် စက်မှု (၁)ဝန်ထမ်း အိမ်ထောင်စု ၅၅စု သို့ တစ်အိမ်ထောင်လျှင် ဆန် ၃ပြည် ကြက်သွန် ငါးပိ တို့ကို သွားရောက်ကူညီထောက်ပံ့ပေး ခဲ့ပါသည်။ နောက်ထပ် လိုအပ်နေသူများ အတွက်လည်း အလှူခံပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010(K Pay)(U Soe Thein) 09455500014 09776089484(Wave Acc). .” ဆိုပြီးအလှူကိုအသိပေး ဝေ မျှရင်း ဆက်သွယ်လှူဒါန်းနိုင်တဲ့အကြောင်းကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်..။အလှူရှင်တွေရဲ့ကိုယ်စား ကိုယ်တိုင် သွားရောက် လှူ ဒါန်း ထား တဲ့ ဖောင်ဒေးရှင်းရဲ့အလှူပုံရိပ်တွေကိုလည်း အားလုံးက သာဓုခေါ် ဆုတောင်း ပေးထား ကြတာ လည်း တွေ့ရတာမို့ ပရိသတ် တွေ အတွက်တင်ဆက်မျှဝေပေးလိုက်ပါတယ်..။

သတင်းအရင်းမြစ်: Wai Lu Kyaw Foundation’s Fb Acc

Leave a Reply

Your email address will not be published.