ပရိသတ်တွေ ချစ်တဲ့ အဆိုတော် ချမ်းချမ်း နဲ့ ဘုဏ်းသိုက်တို့ အိမ်ထောင်ရေး ကတော့ အဆင် မပြေမှုတွေကြောင့် နှစ်ဦး သဘောတူ ကွာရှင်းပြတ်ဆဲခဲ့ကြပြီး သမီးလေး မြမိုးဂင်္ဂါကတော့ ချမ်းချမ်းနဲ့အတူ နေထိုင်လျက်ရှိပါတယ် ။ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ခဲ့ကြတယ်ဆိုတာ ပရိသတ်တွေ အားလုံးလည်း သိခဲ့ပေမယ့် အခုလို လမ်းခွဲမှုအတွက်တော့ အားလုံးစိတ်မကောင်း ဖြစ်ခဲ့ကြရတာပါ ။
လတ်တလောမှာတော့ မင်္ဂလာပွဲစီစဉ်ချိန်ကစပြီး အဆင်မပြေချိန်တွေထိ အစဆုံး ပါဝင်ပတ်သက်ဖူးတဲ့ ဂျွန်လွင်က သူတို့တယောက်ကိုတယောက်အရမ်းချစ်တယ်ဆိုတာ ကျွန်တော်အသိဆုံးပါလို့ပြောပြလာခဲ့ပါတယ် ။ ဒါ့ကြောင့် မလိုတဲ့comment တွေမရေးကြဖို့နဲ့ သူတို့ဘယ်လောက်ထိချစ်ခဲ့ကြလဲအသိဆုံးပါ ကျွန်တော်ကအဲဒီထဲမှာကြားဝင် ခဲ့တဲ့ ကောင်မကိုပဲနာကြည်းတာပါ အခုသူပျော်နေလား နင်လဲတစ်နေ့ ခံစားရမှာပါ နင့်ရဲ့လုပ်ရပ်ကြောင့်အားလုံးအခုဘာဖြစ်သွားပြီလဲနင်ရင်ထဲနောင်ဘဝဘဝထိနောင်တမရမိပါစေနဲ့ လို့ လည်း လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။
ပရိသတ်တွေကတော့ ဂျွန်လွင်နဲ့ထပ်တူ အရင်လိုပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပြန်လည် မြင်တွေ့ချင်နေကြပေမယ့်လည်း အားလုံးဟာ ပြီးဆုံးသွားခဲ့ပြီမို့ စိတ်မကောင်းဖြစ်နေခဲ့ကြရတာပါ ။ အထင်မြင်လွဲနေတဲ့ ပရိသတ်ကြီးအတွက် ဂျွန်လွင်ပြောတဲ့ဖြစ်ရပ်မှန်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။
Source : Jhon Lwin
zagyi
Source : Jhon Lwin