ချစ်သူ အသစ်ရှိနေပြီ ဖြစ်ကြောင်း ပရိတ်သတ် ကို တရားဝင် ချပြ လိုက် တဲ့ အဆိုတော် ကျားပေါက် (ဟန်ထူးလွင်)

Posted on

ပရိသတ်ကြီးရေ ကျားပေါက် လို့ပြောလိုက်တာနဲ့ သူ့ရဲ့အမိုက်စားသီချင်းတွေကို တဆက်တည်းပြေးမြင်ကြမှာပါ။ ဂီတဘက်မှာ တေးရေး တေးဆိုအပြင် တူရိယာ တွေကိုပါမျိုးစုံတီးခတ်နိုင်တဲ့ အမိုက်စား Rock Starတစ်ယောက် ပါပဲနော်။ မကြာခင်ကလည်း The Voice Myanmar Season 3မှာ ဒိုင်တစ်ယောက် အဖြစ်ပါဝင်ခဲ့တာပါ။

ဒါ့အပြင်ကျားပေါက် ကတော့ ချစ်စရာသမီးလေး၂ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူဖြစ်ပြီး သူ့ရဲ့အိမ်ထောင်ရေးကတော့ တရားဝင်ကွာရှင်းပြတ်စဲ ထားကြတာပါ။ဒီနေ့မှာတော့ ယောကျာ်းလေးပရိသတ်တွေရဲ့ အိုင်ဒေါလ် တစ်ယောက်ဖြစ်တဲ့ ကျားပေါက် ကတော့ ထူးခြားတဲ့သတင်းတစ်ခုကိုတရားဝင်ချပြခဲ့တာပါ။

အကြောင်းကတော့ သူ့ရဲ့ အချစ်ရေး ကို တရားဝင်ချပြလာတာပါ။ Relationship စတေးတပ်ကို တင်လာခဲ့တာဖြစ်ပြီးချသ်သူကဘယ်သူလဲဆိုတာတော့ ထုတ်ဖော်ပြောပြထားခြင်းမရှိသေးပါဘူးနော်။ပရိသတ်တွေလည်း ကျားပေါက် ရဲ့ချစ်သူက အနုပညာရှင် ထဲကဖြစ်မလား ။ အပြင်လောကကသူပဲ ဖြစ်မလားဆိုတာ ခန့်မှန့်းမှတ်ချက်ပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Han HtueLwin

zawgyi




Source: Han HtueLwin

Leave a Reply

Your email address will not be published. Required fields are marked *