ချစ်သူ ချောချောလေး ရှိနေပြီ ဖြစ် ကြောင်း ပရိတ်သတ် ကို တရားဝင် အလင်းပြ လိုက် တဲ့ မင်းသား ချော စည်သူမောင်

Posted on

ပရိတ်သတ်ကြီးရေ….တစ်ခောတ် တစ်ခါက ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ ဆယ်ဆုနှစ် တိုင်အောင် ပရိတ်သတ်ချစ်ခင်အားပေးမှုကိုအပြည့်အဝသိမ်းပိုက်ရရှိထားတဲ့သူကတော့သရုပ်ဆောင်မင်းသားချောစည်သူမောင်ပဲဖြစ်ပါတယ်နော်။စည်သူမောင်ဟာဆိုရင် ကျရာဇာတ်ရုပ် တိုင်းကိုပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ်။

စည်သူမောင်ကမိဘနှစ်ပါးကို ယနေ့တိုင်သူ ကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနည်းစာနဲ့ လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာတစ်ယောက်ဆိုရင်လည်းမမှားပါဘူးပရိတ်သတ်ကြီးရေ။မင်းသားချောစည်သူမောင်ကအနုပညာလှုပ်ရှားမှုတွေအပြင် အခြားစီးပွားရေးကိုလည်းကိုယ်တိုင်ဦးစီး လုပ်ကိုင်နေတာပဲဖြစ်ပါတယ်နော်..။

ဒါ့အပြင် လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တာကြောင့် ပရိတ်သတတွေကဂုဏ်ယူမဆုံးဖြစ်နေကြတာပဲဖြစ်ပါတယ်။ခုချိန်ထိလူပျိုကြီးဖြစ်နေတဲ့ စည်သူမောင်ရဲ့အချစ်ရေးကို ပရိတ်သတ်တွေကလည်း စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်နော်။စည်သူမောင်က သူရဲ့လှုပ်ရှားမှုတိုင်း ကိုလည်း ပရိတ်သတ်တွေကို အမြဲမျှဝေပေးလေ့ရှိပါတယ်နော်။

ဒီကနေ့မှာဆိုရင်တော့ လူပျိုကြီးစည်သူမောင်က သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူ့မှာချစ်သူရှိနေပြီး ဖြစ်ကြောင်းပရိတ်သတ်ကိုအံ့သြသွားအောင် အလင်းပြလိုက်တာပဲဖြစ်ပါတယ်နော်။ဒါကတော့ “In a Relationship With Naw Zin PoPo ” ဆိုပြီး စည်သူမောင်က သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိတ်သတ်ကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ်နော်..။

ဒီတစ်ခါမှာတော့ လူပျိုကြီး တစ်ယောက်တကယ်ဆွံသွားပြီ ဖြစ်လို့ပရိတ်သတ်တွေကလည်းဝမ်းသာပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်နော်…။

Credit to original writing

Leave a Reply

Your email address will not be published. Required fields are marked *