ချစ်တဲ့ ပရိသတ်တွေ ပိုပိုကို အားပေး လိုက်ပါအုံး ငိုနေ တဲ့ ဗီဒီယိုဖိုင် ကို ချပြလိုက်တဲ့ ပိုပို

Posted on

အဆိုတော်မလေး ပိုပိုကတော့ ဆယ်စုနှစ်တွေတိုင်အောင် ဂီတလောက မှာ နာမည်တစ်လုံးနဲ့ ရပ်တည်လျက် ရှိနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ အဆိုဘက် တွင် သာမကဘဲ သရုပ်ဆောင်ပိုင်းမှာပါ ပါရမီရှိပြီး ဗီဒီယိုဇာတ်ကားတစ်ချို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူပဲ ဖြစ်ပါတယ်။ ရင့်ကျက်တဲ့ အသက်အ ရွယ်ရောက်လာပြီဖြစ်တဲ့ အတွ က် သူမရဲ့ အချစ်ရေး ကိုလည်း နက်နက်နဲနဲ စဉ်းစားတတ်လာပြီပဲ ဖြစ်ပါတယ်။

ပိုပိုဟာ မကြာသေးခင်က ချစ်သူနဲ့ လမ်းခွဲပြတ်ဆဲခဲ့ပြီးနောက်ပိုင်းမှာတော့ အသည်းကွဲ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလော ထွက်ရှိ ထား တဲ့ သူမရဲ့ သီချင်းအသစ်တွေဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးနားဆင်မှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ပိုပိုဟာ သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသ တ်ေ တွ သိရအောင်အမြဲတင်ပေးလျက် ရှိပြီး မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ သူမဘက်ကစပြီးလမ်းခွဲပေးလိုက်တဲ့ချစ်သူလေးကိုသတိရတမ်းတကာ မျက်လုံး ထဲက မျက်ရည်တွေအလိုလိုစီးကျလာတဲ့ ပိုပိုရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူမကလည်း ” Som etimes I miss you so much “ ဆိုပြီးတော့လည်း ရေးသားထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ပိုပိုရဲ့ ဗီဒီယိုဖိုင်လေးကို တစ် ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

0

Source and Photo Crd- Po Po’s Facebook and Tik Tok Account
crd _ mmload

Leave a Reply

Your email address will not be published. Required fields are marked *