ချစ်စရာကောင်း လွန်းလောက် တဲ့ ရွှေကစ် ရဲ့ ဗီဒီယိုလေး

Posted on

ပရိသတ်ကြီးရေ……သရုပ်ဆောင်ကောင်းမွန်တဲ့ အပြင် ကလေးတစ်ယောက်လိုချစ်စဖွယ်မျက်နှာလေးနဲ့ပရိသတ်အားပေးမှုအပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကိုသိကြမယ်ထင်ပါတယ်‌။သူမဟာ ကြော်ငြာများ ဗီဒီရိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ယခုဆိုရင်နိုင်ငံကျော်ထိပ်တန်း မင်းသမီး တစ်လက်ဖြစ်လို့နေပါပြီ။‌ ကစ်‌ဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

ရွှေကစ်ဟာ ဖြူဖွေးဝင်းဥနေတဲ့ အသားအရည်လေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး ကလေးလေးတစ်ယောက်လိုနုပျိုလှပနေတာဖြစ်တဲ့အပြင် အလုပ်လုပ်တဲ့နေရာမှာလည်း professionalကျကျလုပ်တတ်တာကြောင့် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်အောင်မြင်နေတာဖြစ်ပါတယ်။ အခုလက်ရှိမှာ ဆိုရင်လည်း ရွှေကစ်လေးဟာရိုက်ကူးရေးတွေ ရှုတင်တွေအဆက်မပြတ်လုပ်နေရတာဖြစ်ပြီး မနားမနေသွားနေရတာလည်း ဖြစ်ပါတယ်….။

ပွဲအခမ်းအနားတွေ၊ရိုက်ကူးရေးတွေကို အမြဲလိုလို စိ‌တ်ရောကိုယ်ပါနှစ်ပြီးလုပ်တတ်တဲ့ ရွှေကစ်လေးဟာ မကြာသေးမီကတော့ သူမရဲ့ Instagram accလေးမှာ ပင်ပန်းပြီး moodတွေပျောက်ကာ အိပ်ချင်နေခဲ့တဲ့အတွက် သူမရဲ့သူငယ်ချင်းတွေက သီချင်းဆိုကာအားပေးနေကြတဲ့ ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။ ကဲ….ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Wutt Hmone Shwe Yi’s Facebook page

Leave a Reply

Your email address will not be published. Required fields are marked *