ချစ်စရာကောင်း တဲ့ ဟန်ပန်လေးတွေ နဲ့ အပီ အပြင် ပို့စ်ပေး ထားပြီး အမိုက်စား Body လေး နဲ့ ဆွဲဆောင် မှု ရှိရှိလှနေ တဲ့ ပိုပို

Posted on

“ချစ်ဖူးခဲ့သမျှ” ဆိုတဲ့ သီချင်းအခွေလေး နဲ့ စတင်အောင်မြင် လာခဲ့တဲ့ အဆိုတော် မလေး ပိုပိုကတော့ အခုဆိုရင် ဂီတလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ် ။ ပိုပိုက ဂီတအမျိုးအစား အစုံအလင်ကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့အပြင် အရည်ချင်းရှိသူလေးလည်း ဖြစ်တာကြောင့် အခုလိုအောင်မြင် လာခဲ့တာပဲ ဖြစ်ပါတယ် ။ ပိုပို့အနေနဲ့ တေးသီချင်းပေါင်းများစွာကို ဖန်တီးခဲ့တဲ့အပြင် ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ကျင်းပပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ ပိုပိုက တေးသီချင်းအသစ်လေးတွေဖန်တီးရင်း ဂီတလမ်းကြောင်းပေါ် မှာ ဆက်လက်လျှောက်လှမ်းနေတာဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို ရုပ်ရည်လေးကလည်း ချောမောလှပတဲ့ ပိုပိုက ယောက်ျားလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို ပိုမိုရရှိထားတာ ဖြစ်ပါတယ်။ အခုရက်ပိုင်း မှာတော့ ပိုပိုတစ်ယောက် အေးအေးဆေးဆေးအနားယူနေသလို လေ့ကျင့်ခန်း တွေပုံမှန်လုပ်နေတာလည်း ဖြစ်ပါတယ်။

ကျစ်လစ်လှပတဲ့ အမိုက်စား Body လေးကို ပိုင်ဆိုင်ထားတဲ့ ပိုပိုကတော့ အခုလည်း လေ့ကျင့်ခန်း လုပ်ရင်း ဓာတ်ဖမ်းခဲ့တာ ဖြစ်ပါတယ်။ ပိုပိုက ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ အပီအပြင်ပို့စ်ပေးထားတာဖြစ်ပြီး လွတ်လပ်ပေါ့ပါးဖက်ရှင်လေးကိုဝတ်ဆင်ကာ စတိုင်လ်ကျကျ လှနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေးပိုပိုရဲ့ အမိုက်စားအလှ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- “ပိုပို” Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *