ချစ်ခင် သူများ ထံမှ ကောက်ခံ ရရှိ ထားသော အလှူငွေများ ကို တကယ် အခက်အခဲ ဖြစ်နေတဲ့ ပြည်သူများအား လှူဒါန်းသွားမယ့် OASIX

Posted on

အဆိုတော် Oasix ကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်း ပါဝင်နေသူ ဖြစ်ပါတယ်။ လူငယ်ပီပီ လမ်းပေါ်ထွက်ကာ အမှန်တရားဘက်ကနေ အားကြိုးမာန်တက် ဆန္ဒထုတ်ဖော်နေသကဲ့သို့ လူမှု ကွန်ယက်များ မှနေပြီး Speak Out လုပ်ပေးနေတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သတင်းအချက်အလက်များကိုလည်း အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေတာကြောင့်လည်းပရိသတ်တွေ အားလုံးက Oasix ကို ချီးကျူးနေကြတာပါ။

လက်ရှိမှာလည်း စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေတဲ့ ပြည်သူများအား လှူဒါန်းရန်အတွက် အလှူငွေ ကောက်ခံနေတာပါ။ လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေရန် သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း Oasix ရဲ့Facebook Page တွင် ချစ်ခင်သူများထံမှ ကောက်ခံ ရရှိထားသော အလှူငွေများကို တကယ်အခက်အခဲဖြစ်နေတဲ့ ပြည်သူများအားလှူဒါန်းသွားမယ့် အကြောင်း ရေးသား ပြောပြလာတာပဲ ဖြစ်ပါတယ်။

သူကလည်း ” မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် နံ့သာရပ်

မီးဘေးသင့်ပြည်သူများဆီသို့ သွားရောက်ပြီး

ကျွန်တော်တို့ အတူတူ စုပေါင်းကောက်ခံ ခဲ့သော

အလှူငွေများထဲမှ ၂၀၀၀၀၀ တိတိကို လှူဒါန်း ခဲ့ပါသည်

လက်ခံရရှိငွေ ၆၃၆၆၃၈ ကျပ်ရယ် ကျွန်တော် မတည်ငွေ

၁၀၀၀၀၀ စုစုပေါင်း ၇၃၆၆၃၈ ကျပ် အလှုငွေ ရရှိပါတယ်

ကျန်ရှိသေးသော အလှူငွေများကို တကယ် ခက်ခဲနေသူများဆီသို့ သွားရောက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

အလှူငွေဆက်လက်လှူချင်သူများက နောက်တစ်ခေါက် အလှူလုပ်တာကို စောင့်ကြည့်ပေးပါ လက်ထဲမှာ အပို

အလှူငွေ ကိုင်မထားချင်လို့ပါ ကျေးဇူး တင်ပါတယ်ဗျာ

၅၀ ၊ ၁၀၀ ကျပ် ကစကပြီး အတူတူ လှူခဲ့ ကြသော ချစ်ရသူများရဲ့

အလှူဖြစ်ပါတယ်…ကုသိုလ် အများကြီး ရပါစေဗျာ

မြန်မာပြည် တစ်ခုလုံး အမှန်တရား အနိုင်ရပါစေ 🙏🏽 ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ လည်း သာဓုခေါ်ဆိုနိုင်ရန် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Oasix’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *