ချစ်ခင် ရတဲ့ သမီးလေး ရဲ့ မွေးနေ့အတွက် တန်ဖိုး အရှိဆုံး မွေးနေ့ ဆုတောင်းစကားကို ဆိုခဲ့ တဲ့ ဒါရိုက်တာမောင်မျိုးမင်း

Posted on

တစ်နှစ်မှတစ်ခါပဲ ကျရောက် တဲ့မွေးနေ့ကို လူတိုင်းက ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းချင်ကြပါတယ်။ (၂၀၂၁) ရဲ့ နှစ်အစပိုင်းမှာ ကတည်းက နိုင်ငံရေးမငြိမ်သက်မှုတွေရှိလာခဲ့ပြီးနောက် လက်ရှိအချိန်ထိလည်း အထိကရုဏ်းတွေကြားထဲမှာ ပြည်သူတွေ ဟာအထိတ်တလန့်နဲ့ ဖြတ်သန်း နေခဲ့ရပြီး လတိုင်း ရက်တိုင်းမှာ ကျရောက်လာတဲ့ မွေးနေ့ရှင်တွေဟာလည်း အပြည့်အဝမပျော်ရွှင်နိုင်ခဲ့ကြပါဘူး။ ဒီနေ့မှာလည်း ဒါရိုက်တာ မောင်မျိုးမင်းက ချစ်ခင်ရတဲ့သမီးလေး ရဲ့မွေးနေ့မှာ အမှတ်တရဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။

ဘယ်လိုအခြေအနေတွေပဲ ဖြစ်နေပါစေ ချစ်ရတဲ့သမီးလေ းရဲ့ မွေးနေ့မှာ ပန်းစည်းလေးတစ်လက်တော့ လက်ဆောင်အဖြစ်ပေးပြီး ချစ်သမီးလေး ကို ပျော်စေခဲ့ပါတယ်။ သမီးအတွက်မွေးနေ့ဆုတောင်းကိုလည်း ” မွေးနေ့ဟာပျော်ရွှင်စရာကာလမှာ မကျရောက်ခဲ့ပေ မယ့် မကြာခင် ပျော်ရွှင်ခြင်း အစစ်တွေနဲ့ ပျော်နိုင်ပါစေ။ မျက်တောင်တစ်ချက်ခပ်လိုက်တိုင်း အနိဌာရုံတစ်ခုပျောက်ဆုံးပါစေ။ လောကကောင်းကျိုး မပြတ်သယ်ပိုး နိုင်ပါစေ။ ကျန်းမာပျော်ရွှင်သီလစင် ကြယ်သောသမီးကောင်းရတနာလေးအဖြစ် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင် သောနောက်ဆုံးဘဝကို ပိုင်ဆိုင်ရရှိပါစေလို့ပါပါးဆုတောင်းပေးလိုက်ပါတယ်။ ” ဆိုပြီး ပန်းစည်းလက်ဆောင်ပုံလေးနဲ့ ဆုတောင်း ပေးခဲ့ပါတယ်။

အဖေတစ်ယောက်လို လေးစား ချစ်ခင်ရတဲ့ဦးမျိုးရဲ့ အကောင်း ဆုံးမွေးနေ့ဆုတောင်းလေး အတွက် သမီးဖြစ်သူက ပီတိဖြစ်ရတဲ့အကြောင်း ကို ” ပါပါးပေးသောဆု မနှေးအမြန် ပြည့်ရပါလို၏ ပါပါးပေးသောဆု ပါပါးသမီးကဲ့သို့ပေးသော နူးညံ့သိမ်မွေ့သော ချစ်ခြင်းမေတ္တာတို့ကြောင့် စိတ်ချမ်း မြေ့ကြည်နူးရပါတယ် love you papar ” ဆိုပြီး မှတ်ချက်ပြန်ပေးခဲ့ပါတယ်။

Photo Credit – Maungmyomin Yintwinphyit’s FB Acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *