ချစ်ခင် ရတဲ့ မိတ်ဆွေများ နှင့် အတူ ဒေါက်တာအရှင် အဂ္ဂဇေယျ အား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့တဲ့ သံစဉ်မောင်

Posted on

ဗီဒီယို ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို ရရှိလာသူကတော့သရုပ်ဆောင် သံစဉ်မောင်ပဲ ဖြစ်ပါတယ်။ သူမကတော့ အစ်မဖြစ်သူ ဘေဘီမောင်နဲ့အတူ အနုပညာလှုပ်ရှားမှုတွေအတူတူလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရရှိတဲ့ အနု ပညာကြေး များဖြင့် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးဖြစ်တာကြောင့် ပရိသတ်တွေကအရင်ကထက် ပိုပြီး ချစ်ခင်အားပေးနေကြတာပါ။

သံစဉ်မောင်ဟာ ဘာသာရေး လည်း ကိုင်းရှိုင်းသူ ဖြစ်ပြီး မကြာခဏဆိုသလို တရားစခန်း များလည်း ဝင်ရောက်လေ့ရှိသူ တစ်ဦး ဖြစ်ပါတယ်။ နေ့စဉ်ဘုရားဝတ်ပြုတိုင်းလည်း မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းပေးနေပြီး ခုနှစ်ရက်သားသမီ းများလည်း ဘေးအန္တရာယ်ကင်းဝေးပါစေလို့ မေတ္တာ ပို့ပေးနေတာ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုပြုလုပ်တဲ့ အခါတိုင်းလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် လူမှုကွန်ယက်များတွင်ဝေမျှပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သံစဉ်မောင် ရဲ့ Instagram Story တွင် ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်ခင်ရတဲ့ မိတ်ဆွေများ နှင့်အတူ ဒေါက်တာအရှင်အဂ္ဂဇေယျအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ သံစဉ်မောင်ရဲ့ ပုံရိပ်တွေပဲ ဖြစ် ပါတယ်။ သံစဉ်မောင်တစ်ယောက် အခုထက်ပိုပြီး ဘာသာ၊သာသနာ အကျိုးကိုသယ်ပိုး ထမ်းရွက်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Than Sin Maung’s Instagram Account

Leave a Reply

Your email address will not be published. Required fields are marked *