ချစ်ခင် ရတဲ့ ညီလေး တစ်ယောက် လူထု လှုပ်ရှားမှု မှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ အတွက် စိတ်ထိခိုက် ဝမ်းနည်းနေတဲ့ G FATT

Posted on

အဆိုတော် G Fatt ကတော့ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတစ်ဦး အနေ နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေရုံတင်မကဘဲ အရေးကြီးတဲ့ အချိန်တွေမှာလည်း Defense Team မှ လူငယ်တွေ နဲ့အတူ ရှေ့ဆုံးက နေထွက်ကာ ကာကွယ်နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း G Fatt ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စိတ်မကောင်းစရာသတင်းတစ်ခုရေးသား ဝေမျှပေး ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ဒီကနေ့မှာဘဲ ချစ်ခင်ရတဲ့ ညီလေးတစ်ယောက် ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထိခိုက်ဝမ်းနည်းနေပြီး သူနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” သွားနှင့်​တော့ ညီ​လေး​ ဖီဖီ​ရေ . ၁၆ /၃ အတွက်ငါဂုဏ်ယူတယ်ညီ​လေး ။ အထက ၂ သပိတ်​ကြောင်းတူတူထွက်ဖူးတဲ့ညီ​လေး … မင်းအစ်ကို ခင်ရှင်းလေး​တော့ ​ပေါက်ကွဲ​နေ​ရော့မယ်ကွာ ..ခင်ရှင်းလေး​ရေ ကိုကြီးတို့ မင်းညီအတွက်အဆုံးထိတိုက်မှာပါကွာ မင်းဘယ်​လောက်နာကျင်​နေမလဲ ငါခံစား မိပါတယ် စ​တွေ့တည်းက တက်ကြွပြီး ရိုးသားတဲ့ညီငယ်​တွေနဲ့ အတူတူ ရုန်းခွင့်ရတာ ငါဂုဏ်ယူပါတယ် ဒီ​​နေ့​တော့ ငါ ငိုင်ကျသွား​တော့တာပါပဲကွာ .. ငါတို့မင်းအတွက် တာဝန်​ကျေ​စေရမယ်ညီ​လေး ..

ဒီအ​ရေး​​တော်ပုံမှာ မင်းရိုက်​ပေးတဲ့ဓါတ်ပုံ​တွေငါတင်ဖူး​ပေါ့ကွာ ..ထ၂ သပိတ်​​ကြောင်း မှာ မင်း​ရှေ့က ​ပြေးလိုက်ပုံရိုက်လိုက် ငါမျက်လုံးထဲကမထွက်ဖူးကွာ .. မင်းက ၁၆ရပ်ကွက်ရဲ့ တစ်နိုင်ငံလုံးရဲ့ သူရဲ​ကောင်းပါညီ​လေး ငါဦးညွှတ်ပါတယ် ။ ကျန်တဲ့ညီ​တွေလဲ ​နောက်​နေ့​တွေဂရုစိုက်ပါကွာ ငါတို့ထပ်မ​ပေးပါ​ရ​စေနဲ့​တော့ ငါလည်း ဘာ​ပြောရမှန်းကိုမသိ​တော့ပါဘူးကွ ငါရပ်ကွက်ထဲအတူမရှိ​ပေးနိုင်ခဲ့တာ ​တောင်းပန်ပါတယ်ကွာ ။ ငါတတ်နိုင်တာ အကုန်ဝင်ကူပါ့မယ် ကွာ ။ #အာဏာရှင်စနစ်ကျဆုံးပါ​စေ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကိုတစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Photo Crd-G Fatt’s Facebook Account

zawgyi

အဆိုေတာ္ G Fatt ကေတာ့ လက္ရွိ ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူတစ္ဦး အေန နဲ႔ တက္ႂကြစြာ ပူးေပါင္းပါဝင္ေနတာလည္း ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ မေမာႏိုင္ မပန္းႏိုင္ေအာင္ လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ေန႐ုံတင္မကဘဲ အေရးႀကီးတဲ့ အခ်ိန္ေတြမွာလည္း Defense Team မွ လူငယ္ေတြ နဲ႔အတူ ေရွ႕ဆုံးက ေနထြက္ကာ ကာကြယ္ေနတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္း G Fatt ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ စိတ္မေကာင္းစရာသတင္းတစ္ခုေရးသား ေဝမွ်ေပး ထားတာပဲ ျဖစ္ပါတယ္။

ဒါကေတာ့ ဒီကေန႔မွာဘဲ ခ်စ္ခင္ရတဲ့ ညီေလးတစ္ေယာက္ က်ဆုံးသြားခဲ့တဲ့အတြက္ စိတ္ထိခိုက္ဝမ္းနည္းေနၿပီး သူနဲ႔ပတ္သက္တဲ့ အမွတ္တရေလးေတြကို ေရးသားထားတာပဲ ျဖစ္ပါတယ္။ ” သြားႏွင့္​ေတာ့ ညီ​ေလး​ ဖီဖီ​ေရ . ၁၆ /၃ အတြက္ငါဂုဏ္ယူတယ္ညီ​ေလး ။ အထက ၂ သပိတ္​ေၾကာင္းတူတူထြက္ဖူးတဲ့ညီ​ေလး … မင္းအစ္ကို ခင္ရွင္းေလး​ေတာ့ ​ေပါက္ကြဲ​ေန​ေရာ့မယ္ကြာ ..ခင္ရွင္းေလး​ေရ ကိုႀကီးတို႔ မင္းညီအတြက္အဆုံးထိတိုက္မွာပါကြာ မင္းဘယ္​ေလာက္နာက်င္​ေနမလဲ ငါခံစား မိပါတယ္ စ​ေတြ႕တည္းက တက္ႂကြၿပီး ႐ိုးသားတဲ့ညီငယ္​ေတြနဲ႔ အတူတူ ႐ုန္းခြင့္ရတာ ငါဂုဏ္ယူပါတယ္ ဒီ​​ေန႔​ေတာ့ ငါ ငိုင္က်သြား​ေတာ့တာပါပဲကြာ .. ငါတို႔မင္းအတြက္ တာဝန္​ေက်​ေစရမယ္ညီ​ေလး ..

ဒီအ​ေရး​​ေတာ္ပုံမွာ မင္း႐ိုက္​ေပးတဲ့ဓါတ္ပုံ​ေတြငါတင္ဖူး​ေပါ့ကြာ ..ထ၂ သပိတ္​​ေၾကာင္း မွာ မင္း​ေရွ႕က ​ေျပးလိုက္ပုံ႐ိုက္လိုက္ ငါမ်က္လုံးထဲကမထြက္ဖူးကြာ .. မင္းက ၁၆ရပ္ကြက္ရဲ႕ တစ္ႏိုင္ငံလုံးရဲ႕ သူရဲ​ေကာင္းပါညီ​ေလး ငါဦးၫႊတ္ပါတယ္ ။ က်န္တဲ့ညီ​ေတြလဲ ​ေနာက္​ေန႔​ေတြဂ႐ုစိုက္ပါကြာ ငါတို႔ထပ္မ​ေပးပါ​ရ​ေစနဲ႔​ေတာ့ ငါလည္း ဘာ​ေျပာရမွန္းကိုမသိ​ေတာ့ပါဘူးကြ ငါရပ္ကြက္ထဲအတူမရွိ​ေပးႏိုင္ခဲ့တာ ​ေတာင္းပန္ပါတယ္ကြာ ။ ငါတတ္ႏိုင္တာ အကုန္ဝင္ကူပါ့မယ္ ကြာ ။ #အာဏာရွင္စနစ္က်ဆုံးပါ​ေစ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကိုတစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Photo Crd-G Fatt’s Facebook Account

Leave a Reply

Your email address will not be published.