ခံယူချက် ခြင်း မတူတဲ့ သူတွေကို အကောင့်ထဲက အလိုက် တသိ ထွက်သွားကြ ဖို့ ပြောလာတဲ့ နွယ်ဒါလီထွန်း

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာ ရရှိထားတဲ့ အပြင် စကားပြော ပွင့်လင်းတာတွေကြောင့် အားလုံးကချစ်ခင်နေကြသူ ကတော့ သရုပ်ဆောင် မင်းသမီးချော နွယ်ဒါလီထွန်းပဲ ဖြစ်ပါတယ်..။

နွယ်ဒါလီထွန်းကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း အားလုံး နဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို အားကြိုးမာန်တက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်..။

၅၀၅ က ဖြင့် အရေးယူခြင်း ခံထားရတဲ့ နွယ်ဒါလီထွန်း ကတော့ လှုပ်ရှားမှုတွေမှာ တတ်နိုင် သလောက် ပါဝင်နေပြီး လတ်တလောကြုံတွေ့နေတာတွေနဲ့ ပတ်သက်ပြီး ပြတ်သားစွာ ပြောလာပါတယ်..။

ခံယူချက်ခြင်းမတူတဲ့သူတွေနဲ့ သူမအပေါ် အမြင်မကြည်တဲ့သူတွေကို အကောင့် ထဲက အလိုက်တသိထွက်သွားကြဖို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပွင့်ပွင့်လင်းလင်းပြောလာတာ ဖြစ်ပါတယ်..။

“မြန်မာပြည်ကြီးငြိမ်းချမ်းပါစေဆိုပီး $ပေါက်ပိတ်နေတဲ့ သူတွေရယ် ငါတို့ကတော့ အစိမ်းပဲဆိုတဲ့ ဟာတွေရယ် ဘယ်ဘက်သာမလဲ သာတဲ့ဘက်ပြေးကပ်ဖို့ စောင့်ကြည့်ကြားနေ ခွထိုင်တွေရယ်၊ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ် ဆို​​ပြီး အတွေး ရှိတဲ့သူတွေလေ ကျွန်မအကောင့်ထဲရှိနေရင် ကိုယ့်ဟာ ကိုယ်အလိုက်တသိ unfriend သို့ block လုပ်သွားပေးကြပါလားဟင် တောင်းဆိုတာပါနော် ကျွန်မတင်တဲ့ပိုစ့်တွေလည်း ရှင်တို့ wall ပေါ် ပေါ်လာလို့ မျက်စိမနောက်ရတော့ဘူးပေါ့ ကျွန်မလည်း တစ်ယောက်ချင်းစီစိစစ်နေရတာ မျက်လုံးညောင်း၊ လက်ညောင်းလို့ 😌..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

သူမ ရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း တော်လှန်ရေး တိုက်ပွဲကြီးမှာ စည်းလုံးစွာပါဝင်နေကြတဲ့အကြောင်းတွေနဲ့အတူ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Nwe Darli Htun’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *