ခေတ္တခဏ တိမ်းရှောင် နေစဉ်ကာလ အတွင်း ရင် ဆိုင် နေရတဲ့ သူမ ရဲ့ အခက်အခဲတွေကို ရေးသား ပြောပြ လာတဲ့ ခင်ဝင့်ဝါ

Posted on

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ကျရာနေရာ ကနေ ပီပြင် ပိုင်နိုင်စွာ သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေရဲ့အားပေးမှုတွေကို သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် ခင်ဝင့်ဝါပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများတွင် ပြည်သူတွေ နဲ့အတူ ဓမ္မဘက်ကနေ အခိုင်အမာ ရပ်တည် နေတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ရုံသာမကဘဲ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်ခဲ့သော မိသားစုဝင် များအတွက်လည်း တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းပေးခဲ့ပါသေးတယ်။

လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့တဲ့ ခင်ဝင့်ဝါ တစ်ယောက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ အခုလိုတရားစွဲခံထားရပေမယ့်လည်း ပရိသတ်တွေက ခင်ဝင့်ဝါရဲ့ သတ္တိရှိမှုတွေကိုလေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ လတ်တလော အခြေအနေအရပ်ရပ်ကြောင့် ခေတ္တတိမ်း ရှောင်နေရပေမယ့်လည်း ပရိသတ်တွေ စိတ်ပူမှာစိုးတာကြောင့် သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့်တစ်ခါတစ်ရံ စာလေးတွေ ရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။

မနေ့ညကလည်း ခင်ဝင့်ဝါရဲ့ Facebook Story တွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့် ရင်ဆိုင်နေရတဲ့သူမရဲ့အခက်အခဲတွေကို ရေးသား ပြောပြလာတာ ဖြစ်ပါတယ်။ ” အခုချိန်မှာ ကိုယ်ရင်ဆိုင်နေရတဲ့ အထီးကျန်ဝမ်းနည်း အားငယ် စိတ်ဓာတ်ကျမှုတွေက အသက်ပေးသွားတဲ့ အာဇာနည်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ ယှဉ်ရင်မြူမှုန်တစ်စမျှသာ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရတဲ့အနုပညာရှင်တော်တော်များများလည်း အခုလိုစိတ်ဓာတ်ကျနေတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်နေကြတာပါ။ အရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင်ပြီးမိသားစုတွေနဲ့ ပြန်လည် ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khin Wint Wah’s Facebook Account

zawgyi

႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားမ်ားတြင္ က်ရာေနရာ ကေန ပီျပင္ ပိုင္ႏိုင္စြာ သ႐ုပ္ေဆာင္ရာမွတစ္ဆင့္ ပရိသတ္ေတြရဲ႕အားေပးမႈေတြကို သိမ္းပိုက္ ရရွိထားသူကေတာ့ သ႐ုပ္ေဆာင္ ခင္ဝင့္ဝါပဲ ျဖစ္ပါတယ္။ သူမကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနမ်ားတြင္ ျပည္သူေတြ နဲ႔အတူ ဓမၼဘက္ကေန အခိုင္အမာ ရပ္တည္ ေနတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္႐ုံသာမကဘဲ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြရဲ႕က်န္ရစ္ခဲ့ေသာ မိသားစုဝင္ မ်ားအတြက္လည္း တတ္ႏိုင္သေလာက္ ေထာက္ပံ့လႉဒါန္းေပးခဲ့ပါေသးတယ္။

လူထုလႈပ္ရွားမႈေတြမွာ တက္ႂကြစြာ ပါဝင္ လႈပ္ရွားခဲ့တဲ့ ခင္ဝင့္ဝါ တစ္ေယာက္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရတာ ျဖစ္ပါတယ္။ အခုလိုတရားစြဲခံထားရေပမယ့္လည္း ပရိသတ္ေတြက ခင္ဝင့္ဝါရဲ႕ သတၱိရွိမႈေတြကိုေလးစားဂုဏ္ယူေနၾကတာ ျဖစ္ပါတယ္။ လတ္တေလာ အေျခအေနအရပ္ရပ္ေၾကာင့္ ေခတၱတိမ္း ေရွာင္ေနရေပမယ့္လည္း ပရိသတ္ေတြ စိတ္ပူမွာစိုးတာေၾကာင့္ သူမရဲ႕ လူမႈကြန္ယက္မွတစ္ဆင့္တစ္ခါတစ္ရံ စာေလးေတြ ေရးသားေဝမွ်ေပးေနတာ ျဖစ္ပါတယ္။

မေန႔ညကလည္း ခင္ဝင့္ဝါရဲ႕ Facebook Story တြင္ လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနမ်ားေၾကာင့္ ရင္ဆိုင္ေနရတဲ့သူမရဲ႕အခက္အခဲေတြကို ေရးသား ေျပာျပလာတာ ျဖစ္ပါတယ္။ ” အခုခ်ိန္မွာ ကိုယ္ရင္ဆိုင္ေနရတဲ့ အထီးက်န္ဝမ္းနည္း အားငယ္ စိတ္ဓာတ္က်မႈေတြက အသက္ေပးသြားတဲ့ အာဇာနည္ေတြနဲ႔ ျပည္သူ႔ဝန္ထမ္းေတြနဲ႔ ယွဥ္ရင္ျမဴမႈန္တစ္စမွ်သာ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ တိမ္းေရွာင္ေနရတဲ့အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားလည္း အခုလိုစိတ္ဓာတ္က်ေနတဲ့ ခံစားခ်က္မ်ိဳး ျဖစ္ေပၚေနၾကတာပါ။ အေရးေတာ္ပုံႀကီး အျမန္ဆုံး ေအာင္ျမင္ၿပီးမိသားစုေတြနဲ႔ ျပန္လည္ ဆုံဆည္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Khin Wint Wah’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *