ပရိသတ်ကြီးရေ……အနုပညာလောကမှာအအောင်မြင်ဆုံးမင်းသမီးတစ်လက် အနေနဲ့ ရပ်တည်နေနိုင်တဲ့ အပြင် အကယ်ဒမီဆုများစွာကိုလည်း သိမ်းပိုက်ထားသူလေးကတော့ ပရိသတ်အချစ်တော်လေးဖွေးဖွေးပါ။ ဖွေးစိန်လေးဟာ သရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးမှာပါကောင်းမွန်တဲ့ သူလေးဖြစ်တာကြောင့် အနုပညာရှင်အချင်းချင်းကပါချစ်ခင်ကြတဲ့ သူလေးပါနော်။
ဖွေးစိန်လေးဟာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာလည်းဖြစ်ပြီး ပွဲအခမ်းအနားတွေ နဲ့ Photo shootingတွေကိုရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲမင်းသမီးလေးတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ဖွေးလေးဟာ သူ့ရဲ့ bodyအချိုးအစားနဲ့ပက်သက်ပြီးလည်း အမြဲဂရုစိုက်နေတာဖြစ်ပြီး workoutလေ့ကျင့်ခန်းတွေလည်း လုပ်နေတာဖြစ်ပါတယ်……။
အခုဆိုရင်လည်း အားလုံးရဲ့ အချစ်တော်ဖွေးစိန်လေး တစ်ယောက်ကတော့ သူမရဲ့ နေအိမ်မှာပဲ workout လေ့ကျင့်ခန်း တွေ အပြင်းအထန်လုပ်နေတဲ့ အမိုက်စားဗီဒီယိုဖိုင်လေးကို ဝေမျှလာပါတယ်နော်..။ အိမ်မှာနေရင်းနဲ့ သူမရဲ့ ဘော်ဒီခပ်မိုက်မိုက်လေးကိုထိန်းသိမ်းနေတဲ့ ဖွေးစိန်လေး ရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Phway Phway’s Facebook page
zawgyi