မော်ဒယ်လ် စူးရှထက် ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ သူ တစ်ယောက်ပါ။ အလှူအတန်းတွေကို ရက်ရောသူဖြစ်လို့ ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ လေးစား ချစ်ခင်ရတဲ့ သူမက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ နေစဥ် ဆက်တိုက်ဆိုသလို အလှူပြုနေ တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
စူးရှထက်က ဖေဖော်ဝါရီလ အစက တည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နား ထားပြီး ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုကြီးမှာ တစ်တပ်တစ်အားအနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်လည်း ယခုလို အခြေအနေတွေကြောင့် အနေအထိုင် အစား အသောက် ခက်ခဲနေကြတဲ့ ပြည်သူအချို့ကိုလည်း သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး လှူဒါန်းလေ့ရှိတာကို တွေ့ရပါတယ်။
ဒီကနေ့ မတ်လ ၂၆ရက်နေ့မှာလည်း စူးရှထက်က သူမ ရဲ့ Facebook Account ထက်မှာ အိမ်ထောင်စု ၁၀၀ ကျော်အတွက် ဆန်နှစ်ပြည် နဲ့ ဆီတစ်ဗူးစီ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ပုံတွေကို ဝေမျှလာခဲ့ပါတယ်။ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းနေ ခဲ့တဲ့ သူမရဲ့ ပုံတွေအပြင် ” အိမ်ထောင်စု ၁၀၀ကျော်အတွက် ဆန်နှစ်ပြည် ဆီတစ်ဗူး ဒီနေ့အလှူလေး ပါဝင်လှူဒါန်းကြတဲ့ ချစ်လေးတို့ကို သာဓု သာဓု သာဓုပါ နောက်ထပ်သွားလှူချင်သေးလို့ ပစ္စည်းတွေထပ်ဝယ်နေပါတယ် ” ဆိုတဲ့ စာသားလေး ကိုလည်း ရေးသားထားပါသေးတယ်။ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေ အတွက် တတ်နိုင်သလောက် အလှူပြုပေးနေတဲ့ စူးရှထက်ရဲ့ ပုံတွေနဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။
Photo Credit – Zar Chi’s Facebook Account