ခင်ပွန်း ဟောင်း ဘုဏ်းသိုက် ရဲ့ အိမ်ထောင်ရေး အရှုပ်တော်ပုံ တွေကို ဖွင့်ချပြောပြ လာတဲ့ ချမ်းချမ်း

Posted on

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက် တို့ နှစ်ဦးဟာ အိမ်ထောင်သက် (၁၁) နှစ်မှာ နှစ်ဦးသဘောတူကွာရှင်းပြီး ကိုယ့်လမ်းကိုယ် လျှောက်နေကြတာ အချိန်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်နော်။ သမီးလေးမွေးနေ့ရောက်မှသာ နှစ်ယောက်အတူတွေ့ဆုံကြတဲ့ ဆက်ဆံရေးဖြစ်ပြီး မနေ့က ဘုဏ်းသိုက်ရဲ့အင်တာဗျူးအောက်မှာ အပြစ်တင်ပြောဆိုနေကြတဲ့ လူတစ်ချို့ ကိုတော့ ချမ်းချမ်းတစ်ယောက် အဖြစ်မှန်တွေကို ပြောပြလာခဲ့ပါပြီနော်။

စာကိုဆုံးအောင်ဖတ်ပေးပါနော်..ပြီးရင်ကြိုက်သလိုပြော .. ဟုတ်တယ် ဆရာဂျွန်…လူတွေဟာ..သူတို့မြင်သလောက်ထင်သလောက်ပဲ ပြောနေကြတာ….သမီးတို့ဘဝအကြောင်းကိုမသိခဲ့ကြဘူး…ဒါပေမဲ့ သမီးအဖြစ်မှန်တွေပြောမှရတော့မယ်…ဒါကလည်း နောက်မွေးလာမယ့်သမီးလေးရယ်..ဂင်္ဂါလေးရဲ့ အနာဂတ်အတွက် အမုန်းခံပြီးပြောရတော့မှာပဲ…ကျွန်မအပေါ်မှာသမီးလေးတွေ အဖြစ်မှန်မသိပဲ တစ်သက်လုံး တဖက်ပိတ်စိတ်ဒဏ်ရာနဲ့မကြီးပျင်းစေချင်လို့အခုတော့ အမုန်းခံပြီးပြောတော့မယ်..

သမီးတို့သမီးရည်းစားဘဝကတည်းက ဘယ်သူတွေဘာပဲထင်ထင် အမြဲကာကွယ်ပေးခဲ့..ရန်ဖြစ်တိုင်းဖြေရှင်းပေး ခဲ့တယ် အိမ်ထောင်ရေးတစ်ခု ဖောက်ပြန်ခံရတော့လည်း ဆရာကိုယ်တိုင်အဲ့ဒီအမျိုးသမီးကိုဖုန်းဆက်ပြီးသတိပေးခဲ့လို့.သူတို့ကြောက်ပြီး နောက်ဆုတ်ခဲ့တယ်…ဆက်ရှေ့တိုးမလား..နင့်ရာဇဝင်တွေဖော်လိုက်လို့ ထမင်းငတ်ချင်လားလို့မေးလိုက်တော့မှ ငြိမ်ကျသွားတာမျိုးတွေ…ဆရာစောင့်ရှောက်ကူညီပေးခဲ့တာမမေ့ပါဘူး… ကိုယ့်ယောကျာ်းဘယ်သွား ဘယ်ရောက်ရောက် ဘာလုပ်နေလဲသိအောင် ရောက်လေရာအရပ်မှာ ဆရာ့အသိတွေကိုစုံစမ်းပြီးသမီးအတွက် ကြိုးစားပေးခဲ့တယ်…

သမီးအကောင်းဆုံးကြိုးစားခဲ့တယ်..ပင်ပန်းခြေကုန်လက်ပန်းကျလွန်းလို့လက်လျော့ခဲ့တာပါ…ရှုတင်တွေနောက်လိုက်ပြီး ပုဆိုးထုတ်ဆွဲမိတ်ကပ်ကအစလိုက်ပြင်ပေးပြီးကလေးတစ်ဖက်နဲ့ အလုပ်တွေဖျက်ပြီးအိမ်ထောင်ရေးတစ်ခု ကိုပြန်အဖက်ဆယ်ခဲ့ပေမဲ့..ဂရုစိုက်ခြင်းမခံခဲ့ရဘူး…ကြိတ်ပြီးဖြေရှင်းခဲ့တာ ဆရာအသိဆုံးပါ..လူရင်းတွေနှစ်ဖက်မိဘတွေသက်သေရှိတယ်.. သူ့ရဲ့ရှုတင်တွေဖြစ်တဲ့ နေရယ်လရယ်အမှန်တရားရယ်ရိုက်နေတုန်းပြင်ဦးလွင်ကိုသမီးနဲ့လိုက်လာပြီး valentine dayမှာထပ်ပေါင်းဖို့ကြိုးစားခဲ့တယ်.စားကျက် ရုပ်ရှင် ရိုက်တော့လည်း အောင်ပန်းအထိလိုက်ပြီးသမီးနဲ့ နေပေးခဲ့ပေမယ့်

ကလေးကိုသာဂရုစိုက်ပြီးကိုယ့်ကိုမရှိသလိုမာနတပြားမှမလျော့ဘဲ လျစ်လျူရှုခံခဲ့ရတာတွေဟာ….တခါတလေ ငါဟာတော်တော် ရူးခဲ့တဲ့မိန်းမပဲလို့…ကိုယ့်ကိုမလိုချင်လို အစားထိုးခံရတာတောင်ဘာအပြစ်လုပ်မိလို့လဲလို့အကြိမ်ကြိမ်တိုင်ပတ် နေတဲ့မိန်းမ….ရှုတင်က မီးထိုးမှန်ထိုးကလေးတွေရယ်..ဇာတ်ပို့ဇာတ်ရံတွေနဲ့…သမီးလေးကိုပိုက်ပြီး တစ်ညလုံး ရှုတင်မှာမီးပုံဘေးထိုင်စောင့်ခဲ့ရတဲ့ညတွေ.. သူရှိရာအရပ်တိုင်းဒီမိန်းမအမြဲရောက်နေတာတွေ..စိတ်မချစွာနဲ့ပြန်သွားရတာတွေ…ဘာအကြောင်းပြချက်မှမရှိပဲ ပစ်ထားခံရတာတွေကိုအခုကဲ့ရဲ့ပြောဆို နေကြသူတွေတွေးရောတွေးမိကြရဲ့လားမျက်ရည်ချူဆိုချူလို့ရတယ်…ချူစရာမလိုဘူး..ဒါဟာဖြစ်ရပ်မှန်တွေ…သက်သေတွေရှိတယ်.

မေးချင်ရင်မေးလို့ရတယ်…..အိမ်ထောင်တစ်ခုမှာ မိန်းမကိစ္စနဲ့ မူးယစ်ဆေးဝါး..အပေါင်းအသင်းတွေပါလာရင်..ကလေးတစ်ဖက်နဲ့ အိမ်အလုပ်ရော…ပိုက်ဆံရှာတဲ့အလုပ်ပါလုပ်ရတဲ့ အမျိုးသမီးတစ်ယောက်..ထောင့်ပေါင်းစုံတော့လိုက်မဖြည့်ဆည်းနိုင်ဘူး…မှန်တယ်..ကျွန်မလစ်ဟင်းကောင်းလစ်ဟင်းခဲ့တာတွေရှိမယ်…ကျွန်မလည်းလူပဲ..ဘက်စုံမထူးချွန်နိုင်ဘူး…လူ့စိတ်ကသာ အဓိကမဟုတ်လား..အိမ်ထောင်တစ်ခုမှာ ကိုယ်ကလိုက်ထိန်းနေရပြီဆိုကတည်းက ဘယ်လိုစိတ်ချမ်းသာမှုတွေရှိနိုင်မှာလဲ..မရှုပ်ချင်တဲ့သူကိုသူ့ရှေ့ကိုယ်တုံးလုံးချွတ်ပြလဲ လုပ်မှာမဟုတ်ဘူး..စိတ်ကအဓိကပဲမဟုတ်လား…

မပြောချင်ပေမဲ့.. လက်ရှိမှာကိုယ့်ဘဝကိုယ်တည်ငြိမ်အောင်ကြိုးစားနေတဲ့မိန်းမတယောက်ကို…နှမ်းစိလောက်တောင် မသိကြတဲ့သူတွေက ကလေးတစ်ယောက် အင်တာဗျူးကိုကြည့်ပြီးဝိုင်းဝေဖန်အပြစ်တင်ရိုင်းစိုင်းကြတာ…အော်…စိတ်မဆိုးပါဘူး… စိတ်မကောင်းဖြစ်တာ..ကျွန်မလောက်ကျွန်မဘဝကို ပိုသိနေကြတယ်လား… အကြောင်းစုံ..လက်တွေ့တစ်ခုလောက်မေးကြည့်မယ်နော်..ကျွန်မအပြစ်မတင်ဘူး…ကျွန်မနေရာမှာ..ညီမလေးတို့ကိုယ်တိုင်..ဒါမှမဟုတ်..ကိုယ့်အစ်မ..ကိုယ့်အမေ.. ကိုယ့်ညီမဆို ဒီလိုသည်းခံခဲ့မှာလား…

ကလေးစရိတ်..ကလေးကျောင်းဖိုးကလေး ကုန်ကျစရိတ်ဘယ်လောက်ကြီးတယ်ဆိုတာ မိဘဖြစ်သူတိုင်းသိမှာပါ..သမီးလေးမမွေးခင် ကိုယ်ဝန်ကြီးနဲ့..ကိုယ့်ယောကျာ်းကိုအိမ်မကပ်အောင် မင်္ဂလာစျေးအပေါ်ထပ်က ကြက်တန်းကိုလက်ဝှေ့ရုံလုပ်မယ့် ပရောဂျက်အတွက်ကိုယ့်ယောကျာ်းဆီကအကြံညဏ်လိုချင်လို့ နေ့ရောညပါ..ဟိုတယ်ခေါ်လိုက်..အမြင်နိုင်မကြားနိုင်တဲ့နေရာမှာ ဇာတ်လမ်းတေကြားလိုက်နဲ့..ဂျပန်ကသူဌေးဆိုပြီး အိမ်ပေါ်တက်လာပြီးကိုယ့်ယောကျာ်းကို ခေါ်ထုတ်သွားခဲ့တဲ့ သူငယ်ချင်းအပေါင်းသင်းကောင်းတွေ…ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်ဝမ်းလျောဝမ်းပျက်တာတောင် ငါ့ယောကျာ်း ..ဘယ်ရောက်နေလဲ…လိုက်ရှာခဲ့ရတဲ့အဖြစ်တွေ…ကျွန်မသဘောကောင်းခဲ့တယ်…ဘာလိုချင် လိုချင် အိမ်ကအစ..ကားကအစ..အကုန်တာဝန်ယူ အကြိုက်လိုက်ပေး..လက်ဆောင်ဝယ်ပေးခဲ့တာ..အခု အကြွေးတစ်သိုက်နဲ့အခုချိန်ထိရှင်းနေရတာတွေ..

ဟုတ်တယ်..ကျမဟာပုံပြင်တွေလဲပြောချိန်မရဘူး…မကောင်းတာတွေ့ရင်သမီးလေး မလုပ်အောင်သင်ပေးတယ်…လိုအပ်တာတွေအတွက် ပိုက်ဆံကိုမပြတ်သွားအောင် အချိန်နဲ့အမျှ တာဝန်တွေအကုန်ယူပြီးရှာကျွေးတာ ဒီနေ့အထိ…ကျွန်မကျေနပ်တယ်…ကျွန်မထိုက်နဲ့ကျွန်မကံ… ဘန်ကောက်မှာဇာတ်လမ်းတွဲရိုက်တော့လဲ သမီးမွေးနေ့ အတွက် ဘန်ကောက်ရှုတင်ကိုမရောက်ခင်အထိ ယိုးဒယားတစ်ဖွဲ့လုံးကသူတို့ကို အရမ်းချစ်စရာကောင်းတဲ့ ရည်းစားတွေ..သရုပ်ဆောင်ရင်းချစ်သွားကြလို့.ဝမ်းသာနေကြတုန်းကိုယ်ကသမီးနဲ့ရောက်ချလာတော့.အားလုံးကြောင်တောင်တောင်ဖြစ်ကုန်တာတွေ…ကိုယ်တွေမှာ အသက်ရှင်လျက်အသတ်နုတ်ခံထားရသလိုခံစားချက်တွေ..

ကိုယ်မရှိတုန်းကိုယ့်ယောကျာ်းအခန်းထဲ တစ်ချိန်လုံးဝင်ထွက်နေတာတွေ…ကိုယ်လာတော့ ကိုယ့်ယောကျာ်းက ကိုယ့်ကိုအမြင်မကြည်တော့တာတွေ စိတ်မပါတော့တာတွေကို အိမ်ထောင်ဖက် တစ်ယောက်အနေနဲ့…မိန့်မိန့်ကြီးအရူးမကြီး…စောက်ရူးမကြီးအဖြစ်ခံပြီးကာကွယ်ပေးခဲ့ကြိုးစားအဖက်ဆယ်ခဲ့တယ်… ဒီလိုအခြေနေမျိုးမှာ မိန်မတစ်ယောက်အနေ့နဲ့ဘာများထပ်ပြီးတောင်းဆိုနိုင်အုံးမလဲ..ရန်ကုန်မှာကိုယ်တွေလင်မယားသွားနေကျspa ဆိုင်မှာ အဲ့ဒီ့မိန်းမတစ်ကိုယ်လုံးပေါင်းတင်တာ အချိန်၂နာရီကြာတာကိုထိုင်စောင့်ပေးတယ်..ဆိုင်ကလူတွေက ကိုယ်ထင်ပြီးကားတံခါးဖွင့်ပေးမိမှ မယားငယ်ကိုကားပေါ်တင်ခေါ်လာတာသိသိချင်း..ကိုယ့်ကိုလှမ်းတိုင်ကြတယ်…

ကိုယ့်မှာသီချင်းသွင်းလက်စ ..စတူရီယိုထဲမှာ ….မှတ်မိတယ်..ဘယ်တော့မှမမေ့ဘူး…ကိုလေးလွင်ရဲ့ သီချင်း..ဒီသီချင်းလေးမဆုံးခင်……..ကိုသွင်းနေရင်းပရိုဂျူဆာတွေကကိုယ့်ကိုအားနာပြီးသမီးသီချင်းနောက်မှသွင်း.. အားမနာနဲ့…ဆိုပြီးရှောင်ပေးခဲ့ကြတာတွေ….ငိုကြီးချက်မနဲ့…မရူနိုင်မကယ်နိုင်တွေ…အခုကဲ့ရဲ့ပြောဆိုနေကြသူတွေကြုံဘူးလား..ဒီလိုနေရာရောက်မှသိပေးခံစားပေးနိုင်ကြတေ့ာမယ်ပေါ့. ကိုယ့်ဆီမှမပျော်တော့တဲ့သူကို ဆွဲထားရတာ..ဘယ်လောက်ပင်ပန်းတယ်ဆိုတာကိုယ်တိုင်ကြုံမှသိကြမှာပါ… အိမ်ထောင်ရေးကြားထဲ အမျိုးတွေပါလာရင်ပိုရှုပ်မစိုးလို့ကြိတ်ဖြေရှင်းလေ အရူးမီးဝိုင်းလေပဲဆိုတာ… ခဏခဏ ယောက္ခမကိုပြေးတိုင်ရတာနောက်ပိုင်း ကိုယိ့သေတွင်းကိုယ်တူးသလိုဖြစ်လာတာသိတယ်…သူတို့တောင်ကိုယ့်ကိုမုန်းလာကြတယ်…

ဘာသာခြားမို့ အမြဲ အဖက်ဖက်ကနေ အလှူဆိုလဲ လက်မနှေးခဲ့ဘူး..ကိုယ့်ကိုခွဲခြားမမြင်အောင် ဘုရားတွေတည်ပေး…ကထိန်တွေခင်းပေးနဲ့ တစ်သားထဲဖစ်အောင်နေပေးခဲ့တယ်…အဓိကက အပြစ်မမြင်ခံရအောင် ကြိုးစားနေခဲ့ပေမဲ့သူကိုယ်တိုင်ဒီအိမ်ထောင်ရေးကိုပျင်းလာလို့ ရည်းစားထားတာလို့.. မိဘတွေအရှေ့ပြောလာတဲ့နေ့က.. ဘဝမှာ ရှက်စရာအကောင်းဆုံးနေ့… ကိုယ်ထင်ထားတဲ့ ချစ်လှချည်ရဲ့ ဆိုတဲ့ယောကျာ်းက ကိုယ့်နေရာကိုအစားထိုးလိုက်တယ်ဆိုတာပဲ… …ကျွန်မသမီးကို ကွာရှင်းပေးပြီးတဲ့နေ့ကတည်းက ကျွေးမွေးပြုစုလာခဲ့တာ…ကျွန်မတစ်ယောက်တည်းလဲရှာကျွေးနိုင်တယ်..ရှာလဲကျွေးခဲ့တယ်..အခုချိန်ထိမိဘမောင်နှမတွေကိုလဲရှာကျွေးနေနိုင်သေးတယ်….

ကျွန်မဘာမှမဖြစ်ချင်ဘူး..တစ်ခုပဲ…ကျွန်မသမီးလေးတွေကြီးလာတဲ့တနေ့ သူတို့အမေဟာ.. သူများတွေပြောနေကြသလို ယောကျာ်းတစ်ယောက်ပြီးတစ်ယောက်ယူတယ်လို့ထင်နေတာတွေကိုအမှန်တရားကဘာလဲ..အမေဘာကြောင့် အခုလို ရှင်းပြခဲ့တာလဲဆိုတာသိအောင်ပါပဲ..အမေနဲ့ မနွေးထွေးဘူးလို့ထင်သူတွေ…တစ်နေ့တစ်နေ့စားဝတ်နေရေးရုန်းကန်ရလို့ပင်ပန်းတာတစ်ဖက်…သမီးကိုမဖြစ်သင့်တာမဖြစ်အောင် ဆူရ..သင်ရနဲ့..ကူဖော်လောင်ဖက်မရှိတစ်ကိုယ်တည်း..ဘယ်လိုလုပ်နေရတယ်ဆိုတာ..တစ်ရက်လောက်အိမ်ကိုလာကြည့်စေချင်ပါတယ်… ကိုယ့် အိမ်ထောင်ဖက်ဖောက်ပြန်ခဲ့တာကိုတောင် ဘေးလူ မသိအောင်ဇဝေဇဝါနဲ့ မသိလိုက်ကြရအောင်အကြိမ်ကြိမ် အဖက်ဆယ်ခဲ့တာတွေ..ကာကွယ်ခဲ့တာတွေဟာ…သမီးမျက်နှာ ကိုမထောက်ဘူးလို့ပြောနေသူတွေသိလောက်ပြီထင်ပါတယ်…သူဖောက်ပြန်တာမသိလိုက်ဘူး..နင်နောက်လင်ယူတာသိရတယ်လို့ပြော တဲ့သူတွေလဲစိတ်မဆိုးပါဘူး..ဖောက်ပြန်တယ်ဆို ကတည်းက လူမသိစေချင်လို့လုပ်တာ…လူသိပ်မသိတာမထူးဆန်းပါဘူး…ကျွန်မကအရူးမကြီးမို့ စုံလုံးကမ်းတာ.

.ပြောကြပါစေ…

ကျွန်မဘဝ ကျွန်မ အကြောင်းကျွန်မ ကြိုးစားပြီး တည်ငြိမ်အောင်ကြိုးစားနေတဲ့ဒီအချိန်မှာ..စိတ်ရောလူရာ ပင်ပန်းနေတဲ့ ဘဝထဲ ရဲရဲဝံ့ဝံ့ဝင်လာပေးတဲ့ ဒီအမျိုးသားကို ဘာကြောင့်လူတွေမုန်းပြီးတိုက်ခိုက်ကြလဲကျွန်မနားလည်တယ်…သမီးလေးမျက်နှာမထောက်ပဲ နောက်ယောကျာ်းကိုလက်ခံလို့ကျွန်မကိုမုန်းကြတယ်….သမီးလေးမျက်နှာထောက်ပြီးပြန်ပေါင်းဖို့မျော်လင့်တိုက်တွန်းကြတဲ့သူတွေကိုကျေးဇူးတင်ပါတယ်..ကျွန်မကာယကံရှင်ကိုယ်တိုင်၁၁နှစ်တည်ဆောက်လာတာဘယ်ပျက်စီးခံချင်ပါ့မလဲ..အမျိုးမျိုးတည်ဆောက်ခဲ့တယ်..ဘယ်လိုမှအချစ်မရှိတော့တဲ့အိမ်ထောင်ရေး..ခံစားချက်မရှိတော့ကိုယ်အိမ်မှာရှိရင်သူအိမ်ပြန်မလာ…အိပ်ယာဘေးချင်းယှဉ်အိပ်ရင်တောင်နောက်ကျောပဲမြင်ခဲ့တဲ့မိန်းမတယောက်..အချစ်ခံချင်…အယုယခံချင်ခဲ့တယ်..ကိုယ့်နေရာမှာသူစိမ်းကိုရင်ခွင်ထဲထည့်ပြီးရင်ဖွင့်အချစ်ခံနေတဲ့ယောကျား…ကိုယ်ရှိမှန်းသိသိ နဲ့..ကားထဲ ဒီမိန်းမအသုံးအဆောင်တွေထည့်ထားတာခံခဲ့ရတဲ့ ဘဝကို.ကြုံဖူးကြမှသာသိပါလိမ့်မယ်…

ကြိုက်တဲ့လူမုန်းန်ုင်…ဝေဖန်..ဆဲဆိုနိူင်ပါတယ်… ရင်ထဲမခံစားနိူင်တော့လို့ အကုန်ဖွင့်ပြောလိုက်ပြီ… ဘဝဆက်တိုင်းမုန်းနိုင်ပါတယ်….ဒီအကြောင်းတွေကျွန်မယောက္ခ…ယောင်းမ..ခယ်မတွေတောင်သိလိုက်ပုံမရပါဘူး.. ဒါပေမဲ့ ကျွန်မသမီးလေးတွေအနာဂတ်အတွက်အမှန်တရားတစ်ခုကိုဘယ်အချိန်ဖြစ်ဖြစ်ပြန်လှည့်ကြည့်ရင်လိပ်ပြာလုံစေရမယ်…မိန်းမမြတ်မဖြစ်ခဲ့ပေမဲ့ အမေဟာ မိန်းမယုတ်တော့မဟုတ်ခဲ့ဘူးဆိုတာသိစေချင်ပါတယ်… လူတိုင်းရဲ့ချစ်ခြင်းကိုလဲမမျော်လင့်သလို ကိုယ်တန်ဖိုးထားရတဲ့ မိသားစုဝင်တွေရဲ့အထင်လွဲမှုကိုတော့ တစ်သက်လုံးမယူဆောင်သွားနိုင်ဘူး… ကျွန်မအခုပြောခဲ့တာတွေဟာ..နေရာတိုင်းမှာသက်သေတွေရှိခဲ့တာပါ..အခုထိကြိုက်တဲ့ အချိန်ပြော..သူတို့တွေသက်သေခံပေးမယ့်သူတွေချည်းပဲ..မလိမ်မညာပဲကျွန်မဘဝကိုအရှိကိုအရှိတိုင်းချပြခဲ့တယ် .လူတွေမုန်းမှာလဲသိပါတယ်..သူတို့မှအဖြစ်မှန်မသိကြတာ…

ကိုယ့်ဘဝကိုယ့်အကြောင်းနဲ့ကိုယ်မို့ ကိုယ်ချင်းစာနိုင်ကြပါစေ… ကိုယ့်အကြောင်းသိသူတွေက စိတ်တိုကြပေမဲ့ ကိုယ့်ကိုလူမုန်းမှာစိုးလို့ ကြိတ်ပြီးနေပေးခဲ့ကြတယ်..အခုတော့ သူ့အမှားကကိုယ့်အမှားဖြစ်လာတဲ့ပုံစံမျိုးဝိုင်းစွပ်စွဲနေလို့ မပြောချင်ပေမဲ့ပြောလိုက်ရပြီ…အမှန်ဆိုတာဖုံးကွယ်လို့ဘယ်လောက်ကြာကြာရနိုင်မှာလဲ…ကိုယ့်လမ်းကိုယ်လျှောက်ပါတော့..လာလာပြီး ထိသလိုရိသလိုတွေနဲ့အခုထိမပြီးနိုင်မစီးနိုင်ဖြစ်နေတာဟာဘယ်သူ့အတွက်မှအကျိုးမရှိဘူး… အဆုံးသတ်ကြရအောင်. သမီးအတွက် အဖေကောင်းတစ်ယောက်အနေနဲ့ရှိပေးရင်ရပြီ..ကျန်တာကျွန်မတာဝန်ထားပါ…မွေးနေ့တိုင်းအတူရှိပေးပါ…သမီးလိုအပ်တိုင်းရှိပေးရင်ကျေနပ်ပါပြီ

ကျွန်မစိတ်မနာဘူး..ကျွန်မစိတ်ကုန်သွားခဲ့တာ..ကြိုက်သလိုပြောနိုင်ပါတယ်…..ဘယ်လိုပဲပြောပြောကျမက ဒီဇာတ်လမ်းမှာလူယုတ်မာမကြီးပဲထားပါတော့..ကျေနပ်ကြတော့နော်… အားလုံးတားကြတယ်..ကိုယ့်အမှားဖြစ်မယ်နော်..မပြောနဲ့တော့တဲ့..ဒါဆိုမသိပဲဝင်ဆဲနေတာတွေ မိုက်ရိုင်းတာတွေလက်ခံမယ်ပေါ့..ဘုရားမဟုတ်ဘူး..လူ..လူမှလူစစ်စစ်… မသိရင်မပြောနဲ့..အကုသိုလ်မယူကြနဲ့…စေတနာနဲ့ပြောတာ..” ဆိုပြီး ရေးထားတာလေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ် ချစ်ပရိသတ်ကြီးရေ……

Leave a Reply

Your email address will not be published. Required fields are marked *